ပုဂံ​ဒေသ ပြည်တွင်းဘုရားဖူး ပုံမှန် အ​နေအထားသို့ မ​ရောက်​သေးဟုဆို

0
284

ပုဂံ​ဒေသ ပြည်တွင်းဘုရားဖူး ပုံမှန် အ​နေအထားသို့ မ​ရောက်​သေးဟုဆို

ပုဂံ​ဒေသသို့ ပြည်တွင်းခရီးသွားများ ပုံမှန်ဝင်​ရောက်လည်ပတ်လျက်ရှိ​နေ​သော်လည်း ရာခိုင်နှုန်းအားဖြင့်ဆိုပါက နည်းပါး​နေ​သေးပြီး ကာလတူနှစ်များနှင့် နှိုင်းယှဥ်ပါက ယခင်ပုံမှန် အ​နေအထားသို့ မ​ရောက်​သေးဘူးလို့ပုဂံ – ​ညောင်ဦးဒေသရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလကစလို့ ဒီဇင်ဘာ ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလ​တွေမှာ ပုဂံ​ဒေသသို့ ပြည်တွင်းခရီးသွားဝင်​ရောက်မှု​တွေ ပြန်လည်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ ကာလမှာ​​တော့ ပုဂံ​ဒေသသို့ခရီးသွားဝင်​ရောက်မှုက ၁၀၀ မှာ ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရှိ​နေတာဖြစ်တယ်လို့ ​ဒေသခံ​တွေက
ဆိုပါတယ်။

“ခရီးသွား​တွေကဝင်​နေဆဲပါ။ ​တော်​တော်​လေးပြန်ဝင်လာတယ် ​ပြောလို့ရတယ် ၁၀၀ ရာခိုင်နှုန်းမှာ ၄၀၊၅၀ ​လောက် ပြန်ဝင်လာကြတယ်။ ကြားရက်​​​တော့ သိပ်မဝင်ဘူး​ပေါ့​နော်။ ​သောကြာ၊ စ​နေ၊ တနဂ်​နွေမှာပြန်ဝင်လာတယ်။ ရုံးပိတ်ရက်​တွေမှာ​တော့ ခရီးသွား​တွေ လာကြပါတယ်။”လို့ ပုဂံ​ဒေသ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ​ပြောပါတယ်။

လက်ရှိကာလမှာ ပုဂံ-​ညောင်ဦး ​ဒေသရှိ ဘုရား​စေတီ ပုထိုးများကိုလည်း ပုံမှန်အတိုင်းဖွင့်လှစ်​ပေးထားပြီး ကိုဗစ် စစ်​ဆေးမှု​ထောက်ခံချက်ပါရှိ​​သော ခရီးသွားများကို ပုဂံ​​-​ညောင်ဦးဒေသသို့ ဝင်​ရောက်လည်ပတ်ခွင့် ပြု​နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဂံ​ဒေသသို့ ယခုလို ခရီးသွား​ဝင်​ရောက်မှု​​​တွေရှိလာသည့် အတွက် ခရီးသွား​တွေကို မှီခိုအားထား​​နေရတဲ့ ပုဂံ-​ညောင်ဦး ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း​​အချို့လည်း ပြန်လည် ရရှိလာခဲ့တယ်လို့ ၄င်းက ဆက်ပြီး ​ပြောပြခဲ့ပါတယ်။

“အခြားဘက်​တွေမှာ​တော့ အချို့​သော ခရီးသွားနဲ့ ပတ်သက်တာ​လေး​တွေ ပြန်လုပ်နိုင်ပြီလို့ ပြောရမယ်။ ခရီးသွား​တွေက ဝင်​နေ​တော့​လေ၊ ပြန်လုပ်လို့ရပြီ။ ပုဂံမှာရှိတဲ့ ဟိုတယ်​တွေ စား​သောက်ဆိုင်​တွေ​ပေါ့၊ ပြန်လုပ်နိုင်ပြီ​ပေါ့။ ဒါ​ပေမဲ့ ​ဒေသခံ လက်လုပ်လက်စား​တွေကျ​တော့ ဘုရားတစ်ဆူနဲ့ လုပ်ကိုင်စားရတာဆို​တော့ သိပ်​တော့ အဆင်မ​ပြေလှ​သေးဘူး​ပေါ့။ ခရီးသွားကမဝင်ဘူး မဟုတ်ဘူး၊ဝင်တယ်၊ ဒါ​ပေမယ့် အရင်လို​တော့ မဟုတ်သေးဘူး​ပေါ့၊လာ​တော့လာကြ​ပေမယ့် နည်း​နေ​သေးတာ​ပေါ့။ ဒါ​ပေမဲ့ ရပ်ထား​နေရတာထက်စာရင် အခုလို​လေး နည်းနည်းပြန်လုပ်လို့ရ​နေ​တော့ ​တော်​သေးတာ​ပေါ့။ ​ပြောရရင် ခရီးသွား​တွေကရပ်နေတာ ၂ နှစ်​လောက်ရှိပြီ​လေ။ ကိုဗစ်ဖြစ်ထဲက အခုမှ ပြန်ဝင်လာတာ​ပေါ့​နော်။”လို့ ၄င်းက ​ပြောပြခဲ့တာပါ။

ထို့​ကြောင့် လာမည့်ကာလများတွင် ပုဂံ​ဒေသသို့ ခရီးသွား​ဝင်​ရောက်မှု​က ပုံမှန်အတိုင်းသာ ဆက်ရှိနိုင်မယ်လို့လည်း ပုဂံ-​ညောင်ဦး ဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းထားကြပါတယ်။

Zaw Gyi

ပုဂံ​ေဒသ ျပည္တြင္းဘုရားဖူး ပုံမွန္ အ​ေနအထားသို႔ မ​ေရာက္​ေသးဟုဆို

ပုဂံ​ေဒသသို႔ ျပည္တြင္းခရီးသြားမ်ား ပုံမွန္ဝင္​ေရာက္လည္ပတ္လ်က္ရွိ​ေန​ေသာ္လည္း ရာခိုင္ႏႈန္းအားျဖင့္ဆိုပါက နည္းပါး​ေန​ေသးၿပီး ကာလတူႏွစ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ယခင္ပုံမွန္ အ​ေနအထားသို႔ မ​ေရာက္​ေသးဘူးလို႔ပုဂံ – ​ေညာင္ဦးေဒသရွိ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရပါတယ္။

ၿပီးခဲ့သည့္ႏွစ္ သီတင္းကြၽတ္ကာလကစလို႔ ဒီဇင္ဘာ ခရစၥမတ္ကာလႏွင့္ ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလ​ေတြမွာ ပုဂံ​ေဒသသို႔ ျပည္တြင္းခရီးသြားဝင္​ေရာက္မႈ​ေတြ ျပန္လည္ရွိလာခဲ့တာျဖစ္ၿပီး လက္ရွိ ကာလမွာ​​ေတာ့ ပုဂံ​ေဒသသို႔ခရီးသြားဝင္​ေရာက္မႈက ၁၀၀ မွာ ၄၀ မွ ၅၀ ရာခိုင္ႏႈန္းအထိ ရွိ​ေနတာျဖစ္တယ္လို႔ ​ေဒသခံ​ေတြက
ဆိုပါတယ္။

“ခရီးသြား​ေတြကဝင္​ေနဆဲပါ။ ​ေတာ္​ေတာ္​ေလးျပန္ဝင္လာတယ္ ​ေျပာလို႔ရတယ္ ၁၀၀ ရာခိုင္ႏႈန္းမွာ ၄၀၊၅၀ ​ေလာက္ ျပန္ဝင္လာၾကတယ္။ ၾကားရက္​​​ေတာ့ သိပ္မဝင္ဘူး​ေပါ့​ေနာ္။ ​ေသာၾကာ၊ စ​ေန၊ တနဂ္​ေႏြမွာျပန္ဝင္လာတယ္။ ႐ုံးပိတ္ရက္​ေတြမွာ​ေတာ့ ခရီးသြား​ေတြ လာၾကပါတယ္။”လို႔ ပုဂံ​ေဒသ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူတစ္ဦးက ​ေျပာပါတယ္။

လက္ရွိကာလမွာ ပုဂံ-​ေညာင္ဦး ​ေဒသရွိ ဘုရား​ေစတီ ပုထိုးမ်ားကိုလည္း ပုံမွန္အတိုင္းဖြင့္လွစ္​ေပးထားၿပီး ကိုဗစ္ စစ္​ေဆးမႈ​ေထာက္ခံခ်က္ပါရွိ​​ေသာ ခရီးသြားမ်ားကို ပုဂံ​​-​ေညာင္ဦးေဒသသို႔ ဝင္​ေရာက္လည္ပတ္ခြင့္ ျပဳ​ေနတာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ပုဂံ​ေဒသသို႔ ယခုလို ခရီးသြား​ဝင္​ေရာက္မႈ​​​ေတြရွိလာသည့္ အတြက္ ခရီးသြား​ေတြကို မွီခိုအားထား​​ေနရတဲ့ ပုဂံ-​ေညာင္ဦး ေဒသခံမ်ားအတြက္လည္း အလုပ္အကိုင္ အခြင့္အလမ္း​​အခ်ိဳ႕လည္း ျပန္လည္ ရရွိလာခဲ့တယ္လို႔ ၄င္းက ဆက္ၿပီး ​ေျပာျပခဲ့ပါတယ္။

“အျခားဘက္​ေတြမွာ​ေတာ့ အခ်ိဳ႕​ေသာ ခရီးသြားနဲ႔ ပတ္သက္တာ​ေလး​ေတြ ျပန္လုပ္ႏိုင္ၿပီလို႔ ေျပာရမယ္။ ခရီးသြား​ေတြက ဝင္​ေန​ေတာ့​ေလ၊ ျပန္လုပ္လို႔ရၿပီ။ ပုဂံမွာရွိတဲ့ ဟိုတယ္​ေတြ စား​ေသာက္ဆိုင္​ေတြ​ေပါ့၊ ျပန္လုပ္ႏိုင္ၿပီ​ေပါ့။ ဒါ​ေပမဲ့ ​ေဒသခံ လက္လုပ္လက္စား​ေတြက်​ေတာ့ ဘုရားတစ္ဆူနဲ႔ လုပ္ကိုင္စားရတာဆို​ေတာ့ သိပ္​ေတာ့ အဆင္မ​ေျပလွ​ေသးဘူး​ေပါ့။ ခရီးသြားကမဝင္ဘူး မဟုတ္ဘူး၊ဝင္တယ္၊ ဒါ​ေပမယ့္ အရင္လို​ေတာ့ မဟုတ္ေသးဘူး​ေပါ့၊လာ​ေတာ့လာၾက​ေပမယ့္ နည္း​ေန​ေသးတာ​ေပါ့။ ဒါ​ေပမဲ့ ရပ္ထား​ေနရတာထက္စာရင္ အခုလို​ေလး နည္းနည္းျပန္လုပ္လို႔ရ​ေန​ေတာ့ ​ေတာ္​ေသးတာ​ေပါ့။ ​ေျပာရရင္ ခရီးသြား​ေတြကရပ္ေနတာ ၂ ႏွစ္​ေလာက္ရွိၿပီ​ေလ။ ကိုဗစ္ျဖစ္ထဲက အခုမွ ျပန္ဝင္လာတာ​ေပါ့​ေနာ္။”လို႔ ၄င္းက ​ေျပာျပခဲ့တာပါ။

ထို႔​ေၾကာင့္ လာမည့္ကာလမ်ားတြင္ ပုဂံ​ေဒသသို႔ ခရီးသြား​ဝင္​ေရာက္မႈ​က ပုံမွန္အတိုင္းသာ ဆက္ရွိႏိုင္မယ္လို႔လည္း ပုဂံ-​ေညာင္ဦး ေဒသရွိ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူမ်ားက ခန္႔မွန္းထားၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here