မန္တလေးရှိ USDP ပါတီရုံး လက်လုပ်ဗုံဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ

0
115

မန္တလေးရှိ USDP ပါတီရုံး လက်လုပ်ဗုံဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊အကွက်(၃၃၃)၊၃၅လမ်း၊လမ်း ၉၀နှင့် ၉၁လမ်းကြားမှာရှိတဲ့ မဟာအောင်မြေမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ရုံးကို လက်လုပ်အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ နယ်ပါတီတာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီလ၂၁ ရက် ည ၇နာရီ ၁၅မိနစ် အချိန်လောက်က အမည်မသိအမျိုးသား နှစ်ယောက်ဟာ CZI 125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်နဲ့ ၃၅လမ်းအတိုင်း အနောက်ဘက်က အရှေ့ဘက်ကိုသို့မောင်းနှင်လာပြီး မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့အရောက်မှာ အသံမြည်လက်လုပ်မိုင်းကို ပစ်ပေါက်ခဲ့ကြတယ်လို့ သိရပါတယ်။

အမည်မသိသူတွေက ပစ်ပေါက်တိုက်ခိုက်တဲ့ လက်လုပ်အသံမိုင်းဟာ ရုံးရှေ့လမ်းပေါ်မှာ ပေါက်ကွဲသွားတာ ဖြစ်လို့ ရုံးအဆောက်အအုံကို ထိခိုက်တာမရှိတဲ့အပြင် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ မဟာအောင်မြေ မြို့နယ်ပါတီကော်မတီဝင်တစ်ယောက်က ပြောပြပါတယ်။

ဆိုင်ကယ်စီးလာသူနှစ်ယောက်ဟာ လက်လုပ်အသံမိုင်းပစ်ပြီးတဲ့နောက် ၃၅လမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့သွားတယ်လို့ သိရပါတယ်။

Zaw Gyi

မႏၲေလးရွိ USDP ပါတီ႐ုံး လက္လုပ္ဗုံျဖင့္ပစ္ခတ္တိုက္ခိုက္ခံရ

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊ေဒးဝန္းအေရွ႕ရပ္ကြက္၊အကြက္(၃၃၃)၊၃၅လမ္း၊လမ္း ၉၀ႏွင့္ ၉၁လမ္းၾကားမွာရွိတဲ့ မဟာေအာင္ေျမၿမိဳ႕နယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)႐ုံးကို လက္လုပ္အသံမိုင္းနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ၿမိဳ႕ နယ္ပါတီတာဝန္ရွိသူက ေျပာပါတယ္။

ဇန္နဝါရီလ၂၁ ရက္ ည ၇နာရီ ၁၅မိနစ္ အခ်ိန္ေလာက္က အမည္မသိအမ်ိဳးသား ႏွစ္ေယာက္ဟာ CZI 125 အမ်ိဳးအစား အနက္ေရာင္ ဆိုင္ကယ္နဲ႔ ၃၅လမ္းအတိုင္း အေနာက္ဘက္က အေရွ႕ဘက္ကိုသို႔ေမာင္းႏွင္လာၿပီး ၿမိဳ႕နယ္ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ႐ုံးေရွ႕အေရာက္မွာ အသံျမည္လက္လုပ္မိုင္းကို ပစ္ေပါက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

အမည္မသိသူေတြက ပစ္ေပါက္တိုက္ခိုက္တဲ့ လက္လုပ္အသံမိုင္းဟာ ႐ုံးေရွ႕လမ္းေပၚမွာ ေပါက္ကြဲသြားတာ ျဖစ္လို႔ ႐ုံးအေဆာက္အအုံကို ထိခိုက္တာမရွိတဲ့အျပင္ တစ္ဦးတစ္ေယာက္မွ် ထိခိုက္ဒဏ္ရာမရခဲ့ဘူးလို႔ မဟာေအာင္ေျမ ၿမိဳ႕နယ္ပါတီေကာ္မတီဝင္တစ္ေယာက္က ေျပာျပပါတယ္။

ဆိုင္ကယ္စီးလာသူႏွစ္ေယာက္ဟာ လက္လုပ္အသံမိုင္းပစ္ၿပီးတဲ့ေနာက္ ၃၅လမ္းအတိုင္း အေရွ႕ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးခဲ့သြားတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here