မြဝတီဖောင်ဒေးရှင်းမှ မယ့်ထော်သလေးနှင့်အင် ကြင်းမြိုင်တို့မှ စစ်ဘေးရှောင် ၈၀၀ ဦးဝန်းကျင်အားလိုအပ်သည်များလှူဒါန်းမည်

0
144

မြဝတီဖောင်ဒေးရှင်းမှ မယ့်ထော်သလေးနှင့်အင် ကြင်းမြိုင်တို့မှ စစ်ဘေးရှောင် ၈၀၀ ဦးဝန်းကျင်အားလိုအပ်သည်များလှူဒါန်းမည်

ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစိဘေးရှောင်များအ ဖြစ်နေအိမ်များအား စွန့်ခွာတိမ်းရှောင်နေရသည့် မယ့်ထော်သလေးနှင့်အင်ကြင်းမြိုင်ဘက်မှ စစ်ဘေးရှောင် ၈၀၀ ဦးဝန်းကျင်အား မြဝတီဖောင်ဒေးရှင်းမှ လိုအပ်သည်များကိုလှူဒါန်းပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့တတ်နိုင်တဲ့လက်လှမ်းမီတဲ့ မယ့်ထော်သလေးနဲ့အင်ကြင်းမြိုင်ဖက်က အဲဒီနေရာမှာတကယ်လိုအပ်နေတဲ့ ပဋိပက္ခတွေကြောင့် တ ကယ်အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို သူတို့လည်းအရမ်းအခက်အခဲဖြစ်နေတာကြောင့် လှူဒါန်းတာပါ”ဟုမြဝတီဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မယ့်ထော်သလေးရှိ သမာဓိဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား ဇန်နဝါရီ ၂၁ ရက်တွင် မြဝတီဖောင်ဒေးရှင်းမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှု့ကာလိုအက်သည်များကိုကူညီလှူဒါန်းပေးရန် တွေ့ဆုံခဲ့ကြသည်။

“စစ်ဘေးရှောင်တွေကိုမေးကြည့်တဲ့အခါမှာ လက် ရှိသူတို့စားနေရတာက အသီးအရွက်ပဲစားနေရတာဖြစ်တဲ့အတွက် အသား၊ငါးစားချင်တယ်ဆိုပြီးတောင်းဆိုတာကြောင့် ကျွန်တော်တို့ကစီစဥ်ပေးခဲ့တယ် ဆန်၊ဆီ၊ဆားနဲ့လိုအပ်တာတွေကိုလည်း ပံ့ပိုးပေးသွားမှာပါ ဆေးဝါးတွေလည်းလှူ ဒါန်းပေးသွားမှာပါ”ဟုတာဝန်ရှိသူကပြောသည်။

လက်ရှိအချိန်တွင် မယ့်ထော်သလေးဘက်၌ လျှပ် စစ်မီးများဖြတ်တောက်ခံထားရသဖြင့် သမာဓိဘုန်းတော်ကြီးကျောင်းရှိ မီးစက်အား မြဝတီဖောင်ဒေးရှင်းမှပြန်လည်ပြုပြင်ပေးခဲ့သည်။

“ရာသီဥတုအေးတဲ့အတွက် အနွေးထည်တွေလို အပ်ချက်ရှိမရှိကို မေးထားပါတယ် စစ်ဘေးရှောင်ဦးရေက စာရင်းအရဆိုရင် သောင်ရင်းမြစ်ဘေးမှာယာယီတဲလေးတွေထိုးနေတဲ့ ၃၀၀ ဝန်းကျင်နဲ့အခု သမာဓိဘုန်းတော်ကြီးကျောင်းကိုရောက်နေတဲ့ ၅၀၀ ဝန်းကျင် အားလုံးပေါင်း ၈၀၀ ဝန်းကျင်လောက်ကိုကျွန်တော်တို့က ကူညီပေးသွားမှာပါ” ဟုမြဝတီဖောင်ဒေးရှင်းမှတာဝန်ရှိသူကပြော သည်။

မယ့်ထော်သလေးနှင့်အင်ကြင်းမြိုင်တို့မှ စစ်ဘေးရှောငများအတွက် မြဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၉၀ မတည်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လှူဒါန်းရာတွင်လည်း စစ်ဘေးရှောင်များထံ လှူဒါန်းသည့်ပစ္စည်းများရောက်ရှိစေရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီးများနှင့်တိုင်ပင်ကာ စနစ်တကျ လှူဒါန်းသွားမည်ဖြစ်သည်။

Photo-မြဝတီဖောင်ဒေးရှင်း

Zaw Gyi

ျမဝတီေဖာင္ေဒးရွင္းမွ မယ့္ေထာ္သေလးႏွင့္အင္ ၾကင္းၿမိဳင္တို႔မွ စစ္ေဘးေရွာင္ ၈၀၀ ဦးဝန္းက်င္အားလိုအပ္သည္မ်ားလႉဒါန္းမည္

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္အတြင္းျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ စစိေဘးေရွာင္မ်ားအ ျဖစ္ေနအိမ္မ်ားအား စြန္႔ခြာတိမ္းေရွာင္ေနရသည့္ မယ့္ေထာ္သေလးႏွင့္အင္ၾကင္းၿမိဳင္ဘက္မွ စစ္ေဘးေရွာင္ ၈၀၀ ဦးဝန္းက်င္အား ျမဝတီေဖာင္ေဒးရွင္းမွ လိုအပ္သည္မ်ားကိုလႉဒါန္းေပးသြားမည္ျဖစ္သည္။

“ကြၽန္ေတာ္တို႔တတ္ႏိုင္တဲ့လက္လွမ္းမီတဲ့ မယ့္ေထာ္သေလးနဲ႔အင္ၾကင္းၿမိဳင္ဖက္က အဲဒီေနရာမွာတကယ္လိုအပ္ေနတဲ့ ပဋိပကၡေတြေၾကာင့္ တ ကယ္အခက္အခဲျဖစ္ေနတဲ့ျပည္သူေတြကို သူတို႔လည္းအရမ္းအခက္အခဲျဖစ္ေနတာေၾကာင့္ လႉဒါန္းတာပါ”ဟုျမဝတီေဖာင္ေဒးရွင္းမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

မယ့္ေထာ္သေလးရွိ သမာဓိဘုန္းေတာ္ႀကီးေက်ာင္း၌ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအား ဇန္နဝါရီ ၂၁ ရက္တြင္ ျမဝတီေဖာင္ေဒးရွင္းမွတာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈ႕ကာလိုအက္သည္မ်ားကိုကူညီလႉဒါန္းေပးရန္ ေတြ႕ဆုံခဲ့ၾကသည္။

“စစ္ေဘးေရွာင္ေတြကိုေမးၾကည့္တဲ့အခါမွာ လက္ ရွိသူတို႔စားေနရတာက အသီးအ႐ြက္ပဲစားေနရတာျဖစ္တဲ့အတြက္ အသား၊ငါးစားခ်င္တယ္ဆိုၿပီးေတာင္းဆိုတာေၾကာင့္ ကြၽန္ေတာ္တို႔ကစီစဥ္ေပးခဲ့တယ္ ဆန္၊ဆီ၊ဆားနဲ႔လိုအပ္တာေတြကိုလည္း ပံ့ပိုးေပးသြားမွာပါ ေဆးဝါးေတြလည္းလႉ ဒါန္းေပးသြားမွာပါ”ဟုတာဝန္ရွိသူကေျပာသည္။

လက္ရွိအခ်ိန္တြင္ မယ့္ေထာ္သေလးဘက္၌ လွ်ပ္ စစ္မီးမ်ားျဖတ္ေတာက္ခံထားရသျဖင့္ သမာဓိဘုန္းေတာ္ႀကီးေက်ာင္းရွိ မီးစက္အား ျမဝတီေဖာင္ေဒးရွင္းမွျပန္လည္ျပဳျပင္ေပးခဲ့သည္။

“ရာသီဥတုေအးတဲ့အတြက္ အေႏြးထည္ေတြလို အပ္ခ်က္ရွိမရွိကို ေမးထားပါတယ္ စစ္ေဘးေရွာင္ဦးေရက စာရင္းအရဆိုရင္ ေသာင္ရင္းျမစ္ေဘးမွာယာယီတဲေလးေတြထိုးေနတဲ့ ၃၀၀ ဝန္းက်င္နဲ႔အခု သမာဓိဘုန္းေတာ္ႀကီးေက်ာင္းကိုေရာက္ေနတဲ့ ၅၀၀ ဝန္းက်င္ အားလုံးေပါင္း ၈၀၀ ဝန္းက်င္ေလာက္ကိုကြၽန္ေတာ္တို႔က ကူညီေပးသြားမွာပါ” ဟုျမဝတီေဖာင္ေဒးရွင္းမွတာဝန္ရွိသူကေျပာ သည္။

မယ့္ေထာ္သေလးႏွင့္အင္ၾကင္းၿမိဳင္တို႔မွ စစ္ေဘးေရွာငမ်ားအတြက္ ျမဝတီေဖာင္ေဒးရွင္းမွ ေငြက်ပ္သိန္း ၉၀ မတည္လႉဒါန္းခဲ့ျခင္းျဖစ္သည္။

လႉဒါန္းရာတြင္လည္း စစ္ေဘးေရွာင္မ်ားထံ လႉဒါန္းသည့္ပစၥည္းမ်ားေရာက္ရွိေစရန္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား၊ဘုန္းေတာ္ႀကီးေက်ာင္းမွ ဘုန္းေတာ္ႀကီးမ်ားႏွင့္တိုင္ပင္ကာ စနစ္တက် လႉဒါန္းသြားမည္ျဖစ္သည္။

Photo-ျမဝတီေဖာင္ေဒးရွင္း


LEAVE A REPLY

Please enter your comment!
Please enter your name here