ရန်ကုန်တိုင်းအတွင်း ပန်းခင်းစီမံချက်လျာထား မြို့နယ် ၄၅ ခုအနက် ၉ မြို့နယ်တွင်ရာနှုန်းပြည့်ပြီးစီး

0
191

ရန်ကုန်တိုင်းအတွင်း ပန်းခင်းစီမံချက်လျာထား မြို့နယ် ၄၅ ခုအနက် ၉ မြို့နယ်တွင်ရာနှုန်းပြည့်ပြီးစီး

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ထားသည့်ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းအတွင်း လျာ ထားမြို့နယ် ၄၅ ခုအနက် ၉ မြို့နယ်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည်။

အဆိုပါ ၉ မြို့နယ်သည် လုပ်ငန်းကာလ ကိုးလ တာအတွင်း၌ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးအောင်မြင်ခြင်းအခမ်းအနားအား ဇန်န ဝါရီ ၂၂ ရက်နံနက် ၁၀ နာရီက ရန်ကုန်တိုင်းအစိုး ရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

ပုဇွန်တောင်၊ကျောက်တံတား၊ပန်းဘဲတန်း၊လသာ၊လမ်းမတော်၊အလုံ၊ဒဂုံ၊ဆိပ်ကြီးခနောင်တိုနှင့်ကိုကိုးကျွန်းမြို့နယ်တို့သည် ပန်းခင်းစီမံချက်ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည့် မြို့နယ် ၉ ခုဖြစ်သည်။

“နိုင်ငံသားစိစစ်ရေးကတ်ပြားဟာ နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိတဲ့ နိုင်ငံရေးအခွင့်အရေးတွေ အပြည့်အဝရရှိနိုင်တဲ့ အထောက်အထားတစ်ခုဖြစ်တာကို အားလုံးသိရှိနားလည်ကြဖို့လိုအပ်ပါတယ် လူ မှုဘဝဆောင်ရွက်မှုတိုင်းမှာ အရေးကြီး၊အရေးပါတဲ့ နိုင်ငံသားဖြစ်မှုအထောက်အထားတစ်ခုကို နိုင် ငံသားတိုင်းရရှိကိုင်ဆောင်နိုင်ဖို့အတွက် အစိုးရက ပြည်သူတွေရဲ့အကျိုး၊နိုင်ငံတော်ရဲ့အနာဂတ်အကျိုးအတွက်ပန်းခင်းစီမံချက်နဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်”ဟု လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက်အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊လုပ်ငန်းလိုအပ် ချက်များဖြည့်ဆည်းဆောင်ရွက်ပေးမှုနှင့်သတ် မှတ်ကာလအတွင်း လျာထားချက်ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးက ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့သည်။

အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေက ရန်ကုန်တိုင်းအတွင်းပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် လိုအပ်သည်များပူပေါင်းကူညီဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားခဲ့ကြသည်။

Photo-Aung Myint

Zaw Gyi

ရန္ကုန္တိုင္းအတြင္း ပန္းခင္းစီမံခ်က္လ်ာထား ၿမိဳ႕နယ္ ၄၅ ခုအနက္ ၉ ၿမိဳ႕နယ္တြင္ရာႏႈန္းျပည့္ၿပီးစီး

ေနာင္က်င္းပမည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ မဲေပးခြင့္ရွိသူအားလုံး ႏိုင္ငံသားျဖစ္မႈဆိုင္ရာ ကိုင္ေဆာင္ထားသည့္ကတ္ျပားတစ္မ်ိဳးမ်ိဳးကိုင္ေဆာင္မဲေပးႏိုင္ေရးအတြက္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ပန္းခင္းစီမံခ်က္ေရးဆြဲ ေဆာင္႐ြက္လ်က္ရွိရာ ရန္ကုန္တိုင္းအတြင္း လ်ာ ထားၿမိဳ႕နယ္ ၄၅ ခုအနက္ ၉ ၿမိဳ႕နယ္တြင္ ရာႏႈန္းျပည့္ေဆာင္႐ြက္ၿပီးစီးခဲ့သည္။

အဆိုပါ ၉ ၿမိဳ႕နယ္သည္ လုပ္ငန္းကာလ ကိုးလ တာအတြင္း၌ ရာႏႈန္းျပည့္ေဆာင္႐ြက္ၿပီးစီးေအာင္ျမင္ျခင္းအခမ္းအနားအား ဇန္န ဝါရီ ၂၂ ရက္နံနက္ ၁၀ နာရီက ရန္ကုန္တိုင္းအစိုး ရအဖြဲ႕႐ုံး၌ က်င္းပခဲ့သည္။

ပုဇြန္ေတာင္၊ေက်ာက္တံတား၊ပန္းဘဲတန္း၊လသာ၊လမ္းမေတာ္၊အလုံ၊ဒဂုံ၊ဆိပ္ႀကီးခေနာင္တိုႏွင့္ကိုကိုးကြၽန္းၿမိဳ႕နယ္တို႔သည္ ပန္းခင္းစီမံခ်က္ရာႏႈန္းျပည့္ေဆာင္႐ြက္ၿပီးစီးခဲ့သည့္ ၿမိဳ႕နယ္ ၉ ခုျဖစ္သည္။

“ႏိုင္ငံသားစိစစ္ေရးကတ္ျပားဟာ ႏိုင္ငံသားတစ္ဦးရပိုင္ခြင့္ရွိတဲ့ ႏိုင္ငံေရးအခြင့္အေရးေတြ အျပည့္အဝရရွိႏိုင္တဲ့ အေထာက္အထားတစ္ခုျဖစ္တာကို အားလုံးသိရွိနားလည္ၾကဖို႔လိုအပ္ပါတယ္ လူ မႈဘဝေဆာင္႐ြက္မႈတိုင္းမွာ အေရးႀကီး၊အေရးပါတဲ့ ႏိုင္ငံသားျဖစ္မႈအေထာက္အထားတစ္ခုကို ႏိုင္ ငံသားတိုင္းရရွိကိုင္ေဆာင္ႏိုင္ဖို႔အတြက္ အစိုးရက ျပည္သူေတြရဲ႕အက်ိဳး၊ႏိုင္ငံေတာ္ရဲ႕အနာဂတ္အက်ိဳးအတြက္ပန္းခင္းစီမံခ်က္နဲ႔ကြင္းဆင္းေဆာင္႐ြက္ေပးျခင္းျဖစ္ပါတယ္”ဟု လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ျပည္ ေထာင္စုဝန္ႀကီးဦးခင္ရီကေျပာသည္။

ပန္းခင္းစီမံခ်က္ေအာင္ျမင္ေရးအတြက္အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေနမႈ၊လုပ္ငန္းလိုအပ္ ခ်က္မ်ားျဖည့္ဆည္းေဆာင္႐ြက္ေပးမႈႏွင့္သတ္ မွတ္ကာလအတြင္း လ်ာထားခ်က္ရာႏႈန္းျပည့္ၿပီးစီးႏိုင္ေရး ဆက္လက္ေဆာင္႐ြက္မည့္အစီအစဥ္မ်ားအား ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးလွစိုးက ျပည္ေထာင္စုဝန္ႀကီးအား ရွင္းလင္းတင္ျပခဲ့သည္။

အလားတူ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး
ဗိုလ္ခ်ဳပ္ၫြန္႔ဝင္းေဆြက ရန္ကုန္တိုင္းအတြင္းပန္းခင္းစီမံခ်က္ေအာင္ျမင္ေရးအတြက္ လိုအပ္သည္မ်ားပူေပါင္းကူညီေဆာင္႐ြက္ေနမႈကို ရွင္းလင္းေျပာၾကားခဲ့ၾကသည္။

Photo-Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here