အင်းစိန်မြို့နယ်တွင် တပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
121

အင်းစိန်မြို့နယ်တွင် တပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ် ကွက်၊သီရိမင်္ဂလာလမ်းတွင် ဇန်နဝါရီ ၂၂ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်တွင် တပ်ကြပ်ကြီးတစ်ဦးသည် ၎င်း၏မိတ်ဆွေနှင့်အတူ ရှိ​နေစဥ် ဖုန်းလာသဖြင့် ဆိုင်ရှေ့သို့ထွက်၍စကားပြောရာမှ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“သေနတ်ဒဏ်ရာတွေရသွားတာကြောင့် ဆေးရုံကိုလူနာတင်ကားနဲ့ချက်ခြင်းခေါ်သွားရတယ် လိုအပ်တဲ့ကုသခွဲစိတ်မှုတွေလုပ်နေပါတယ်”ဟုရဲအရာရှိတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာမှ 9 mm LUGER ကျည်ခွံ ငါးခုအားလုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ပြီး ပစ်ခတ်ထွက်ပြေးသွားသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိသည်။

Zaw Gyi






 


LEAVE A REPLY

Please enter your comment!
Please enter your name here