ရန်ကုန် လမ်းမတော်နှင့်တာမွေမြို့နယ်တို့တွင် ICE နှင့်စိတ်ကြွဆေးပြားများ ဖမ်းမိ

0
91

ရန်ကုန် လမ်းမတော်နှင့်တာမွေမြို့နယ်တို့တွင် ICE နှင့်စိတ်ကြွဆေးပြားများ ဖမ်းမိ

မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းတွင် လမ်းမတော်မြို့နယ်၊(၁)ရပ်ကွက်၌ ကိုယ်ပိုင်ကားပေါ်မှဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ တာမွေမြို့နယ်မှလည်း ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

လမ်းမတော်မြို့နယ်၊(၁)ရပ်ကွက်၊အနော်ရထာလမ်းတွင် နေ့လည် ၁ နာရီခန့်၌ ရဲထွန်း၀င်း(ခ) သားသား(၄၆)နှစ် မောင်းကာ တင်အောင်အေး (ခ)မယ်တင်(၃၆)နှစ်လိုက်ပါလာသည့် TOYOTA COROLLA SPACIO ကားအားရှာဖွေစစ်ဆေးရာမှ ICE (၃၃ ဂရမ်)၊စိတ်ကြွဆေး ၁၂၀၀ ပြား၊ဘိန်း ဖြူ(၄၀ ဂရမ်)အား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှစ်ဦးအား စစ်ဆေးချက်အရ မွန်းလွဲ ၂ နာ ရီခွဲခန့်တွင် တာမွေမြို့နယ်၊တာမွေကြီး(ခ) ရပ် ကွက်၊တောင်မြင်းပြိုင်ကွင်းလမ်းရှိ ရဲထွန်း၀င်း(ခ) သားသား၏ နေအိမ်အတွင်းမှ စိတ်ကြွဆေး ၁၁၃၀ ပြားနှင့် ICE (၁၄၀ ဂရမ်)အား ထပ်မံဖမ်း ဆီးရမိခဲ့သည်။

လမ်းမတော်မြို့မရဲစခန်းနှင့်တာမွေမြို့မရဲစခန်းတို့က ၎င်းတို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူကာစစ်ဆေးလျက်ရှိသည်။

Zaw Gyi

ရန္ကုန္ လမ္းမေတာ္ႏွင့္တာေမြၿမိဳ႕နယ္တို႔တြင္ ICE ႏွင့္စိတ္ႂကြေဆးျပားမ်ား ဖမ္းမိ

မူးယစ္ေဆးဝါးတားဆီႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ဇန္နဝါရီ ၂၂ ရက္ေန႔လည္ပိုင္းတြင္ လမ္းမေတာ္ၿမိဳ႕နယ္၊(၁)ရပ္ကြက္၌ ကိုယ္ပိုင္ကားေပၚမွဖမ္းဆီးရမိခဲ့ၿပီး ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ တာေမြၿမိဳ႕နယ္မွလည္း ထပ္မံဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕မွ သိရသည္။

လမ္းမေတာ္ၿမိဳ႕နယ္၊(၁)ရပ္ကြက္၊အေနာ္ရထာလမ္းတြင္ ေန႔လည္ ၁ နာရီခန္႔၌ ရဲထြန္း၀င္း(ခ) သားသား(၄၆)ႏွစ္ ေမာင္းကာ တင္ေအာင္ေအး (ခ)မယ္တင္(၃၆)ႏွစ္လိုက္ပါလာသည့္ TOYOTA COROLLA SPACIO ကားအားရွာေဖြစစ္ေဆးရာမွ ICE (၃၃ ဂရမ္)၊စိတ္ႂကြေဆး ၁၂၀၀ ျပား၊ဘိန္း ျဖဴ(၄၀ ဂရမ္)အား ဖမ္းဆီးရမိခဲ့သည္။

၎တို႔ႏွစ္ဦးအား စစ္ေဆးခ်က္အရ မြန္းလြဲ ၂ နာ ရီခြဲခန္႔တြင္ တာေမြၿမိဳ႕နယ္၊တာေမြႀကီး(ခ) ရပ္ ကြက္၊ေတာင္ျမင္းၿပိဳင္ကြင္းလမ္းရွိ ရဲထြန္း၀င္း(ခ) သားသား၏ ေနအိမ္အတြင္းမွ စိတ္ႂကြေဆး ၁၁၃၀ ျပားႏွင့္ ICE (၁၄၀ ဂရမ္)အား ထပ္မံဖမ္း ဆီးရမိခဲ့သည္။

လမ္းမေတာ္ၿမိဳ႕မရဲစခန္းႏွင့္တာေမြၿမိဳ႕မရဲစခန္းတို႔က ၎တို႔ႏွစ္ဦးအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူကာစစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here