ရန်ကုန်မြို့ သီရိမင်္ဂလာစျေးသစ်တွင် ပစ်ခတ်မှုနှင့်ပေါက်ကွဲမှုဖြစ်ပွားကာ သုံးဦးဒဏ်ရာရ
0
395
(Unicode)
ရန်ကုန်မြို့ သီရိမင်္ဂလာစျေးသစ်တွင် ပစ်ခတ်မှုနှင့်ပေါက်ကွဲမှုဖြစ်ပွားကာ သုံးဦးဒဏ်ရာရ
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊(၄)ရပ်ကွက်ရှိ သီရိမင်္ဂလာစျေးသစ်တွင် ဇန်နဝါရီ ၂၃ ရက်ည ၇ နာရီခန့်က အသက်(၅၀)ကျော်အရွယ်ခန့်ရှိ ဦးကျော်ဝင်းသည် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး စျေးစည်ပင်ရုံးရှေ့တွင်လည်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
သီရီမင်္ဂလာစျေးသစ်အတွင်း၌ ဦးကျော်ဝင်းအား အမည်မသိအမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ် ခတ်၍ ထွက်ပြေးသွားခဲ့သည်။ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိသွားခဲ့သည်။
“သေနတ်နဲ့ပစ်ခံရတဲ့အချိန်နဲ့ဗုံးပေါက်တဲ့အချိန်က မရှေးမနှောင်းဖြစ်သွားတာ ပစ်ခံရတဲ့နေရာမှာဝိုင်းအုံနေတုန်း စျေးစည်ပင်ရုံးရှေ့မှာပေါက်သွားတာ” ဟု သီရိမင်္ဂလာစျေးသစ်မှ စျေးသည်တစ်ဦးကပြော သည်။
စျေးစည်ပင်ရုံးရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်းနှစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
“ဒဏ်ရာရသုံးယောက်ပေါ့ အဲဒီသုံးယောက်လုံးကို အရေးပေါ်ကားနဲ့ဆေးရုံကိုပို့လိုက်ကြတယ် ဘယ်လိုအခြေအနေရှိတယ်ဆိုတာကတော့ မသိဘူး”ဟုစျေးသည်တစ်ဦးကပြောသည်။
အခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက သီ ရိမင်္ဂလာစျေးသစ်အား ယာယီပိတ်၍ ရှာဖွေစစ် ဆေးမှုများပြုလုပ်ခဲ့ကြသည်။
(Zawgyi)
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်တွင် ပစ်ခတ်မှုနှင့်ပေါက်ကွဲမှုဖြစ်ပွားကာ သုံးဦးဒဏ်ရာရ
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊(၄)ရပ်ကွက်ရှိ သီရိမင်္ဂလာဈေးသစ်တွင် ဇန်နဝါရီ ၂၃ ရက်ည ၇ နာရီခန့်က အသက်(၅၀)ကျော်အရွယ်ခန့်ရှိ ဦးကျော်ဝင်းသည် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ဈေးစည်ပင်ရုံးရှေ့တွင်လည်း ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
“သေနတ်နဲ့ပစ်ခံရတဲ့အချိန်နဲ့ဗုံးပေါက်တဲ့အချိန်က မရှေးမနှောင်းဖြစ်သွားတာ ပစ်ခံရတဲ့နေရာမှာဝိုင်းအုံနေတုန်း ဈေးစည်ပင်ရုံးရှေ့မှာပေါက်သွားတာ” ဟု သီရိမင်္ဂလာဈေးသစ်မှ ဈေးသည်တစ်ဦးကပြော သည်။
ဈေးစည်ပင်ရုံးရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်းနှစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
“ဒဏ်ရာရသုံးယောက်ပေါ့ အဲဒီသုံးယောက်လုံးကို အရေးပေါ်ကားနဲ့ဆေးရုံကိုပို့လိုက်ကြတယ် ဘယ်လိုအခြေအနေရှိတယ်ဆိုတာကတော့ မသိဘူး”ဟုဈေးသည်တစ်ဦးကပြောသည်။
အခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက သီ ရိမင်္ဂလာဈေးသစ်အား ယာယီပိတ်၍ ရှာဖွေစစ် ဆေးမှုများပြုလုပ်ခဲ့ကြသည်။
LEAVE A REPLY
Please enter your comment!
Please enter your name here