ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ထောင်ကျော်အား နမ့်ခုံးရှမ်းများပရဟိတအသင်းက အခမဲ့ကျန်းမာ ရေးစစ်ဆေးကုသပေးနေ

0
189

(Unicode)

ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ထောင်ကျော်အား နမ့်ခုံးရှမ်းများပရဟိတအသင်းက အခမဲ့ကျန်းမာ ရေးစစ်ဆေးကုသပေးနေ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေကြောင့် ကျောက်မဲမြို့သို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသည့် စစ်ဘေးရှောင်ထောင်ကျော်အား အခမဲ့ကျန်း မာရေးစစ်ဆေးကာ လိုအပ်သည့်ကုသမှုများပြု လုပ်ပေးလျက်ရှိသည်။

ရှမ်းပြည်(မြောက်ပိုင်း)တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြစ်သည့် RCSS နှင့် SSPP, TNLA တို့ကြားတွင် တိုက်ပွဲဖြစ်နိုင်သည့်အခြေ အနေကြောင့် တိုက်ပွဲဖြစ်ပွားနိုင်သည့် ကျေးရွာများရှိဒေသခံများက ကျောက်မဲမြို့ပေါ်သို့ ကြို တင်တိမ်းရှောင်လာခြင်းဖြစ်သည်။

ကြိုတင်တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ထောင်ကျော်အား ကျောက်မဲမြို့ပေါ်ရှိ စစ်ဘေးရှောက်ကူညီသူများက စခန်းလေးခုဖွင့်လှစ်ကာကူညီမှုများပြုလုပ်ပေးလျက်ရှိသည်။

“စစ်ဘေးရှောင်လာရတာဆိုတော့ အခက်အခဲတွေကတော့အများကြီးပေါ့ ကျန်းမာရေးအတွက်က တော့ပိုအရေးကြီးတာကြောင့် နမ့်ခုံးရှမ်းများပရ ဟိတအသင်းက သူတို့ကိုကျန်းမာရေးစစ်ဆေးပေးပြီး ကုသပေးတာပါ”ဟုကျောက်မဲမြို့မှ စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ထိုသို့ ကူညီရာတွင် နမ့်ခုံးရှမ်းများပရဟိတအ သင်းမှကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးမထိုးရသေးသူ များအား ကာကွယ်ဆေးထိုးပေးခြင်းနှင့်အခြားလို အပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ပြုလုပ်ပေးလျက်ရှိသည်။

“ဆေးပေးခန်းလေးတွေဖွင့်ထားပေးတယ် စစ်ဘေးရှောင်စခန်းလေးခုလုံးမှာ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေပါတော့ ကျန်းမာရေးစောင့်ရှောက်မှုကပိုပြီးလိုအပ်တယ်လေ”ဟုနမ့်ခုံးရှမ်းများပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြော သည်။

Photo-နမ့်ခုံးရှမ်းများပရဟိတအသင်း

(Zawgyi)

ေက်ာက္မဲၿမိဳ႕ရွိ စစ္ေဘးေရွာင္ေထာင္ေက်ာ္အား နမ့္ခုံးရွမ္းမ်ားပရဟိတအသင္းက အခမဲ့က်န္းမာ ေရးစစ္ေဆးကုသေပးေန

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကားတြင္ တိုက္ပြဲျဖစ္ႏိုင္သည့္ အေျခအေနေၾကာင့္ ေက်ာက္မဲၿမိဳ႕သို႔ စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္ေထာင္ေက်ာ္အား အခမဲ့က်န္း မာေရးစစ္ေဆးကာ လိုအပ္သည့္ကုသမႈမ်ားျပဳ လုပ္ေပးလ်က္ရွိသည္။

ရွမ္းျပည္(ေျမာက္ပိုင္း)တြင္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ RCSS ႏွင့္ SSPP, TNLA တို႔ၾကားတြင္ တိုက္ပြဲျဖစ္ႏိုင္သည့္အေျခ အေနေၾကာင့္ တိုက္ပြဲျဖစ္ပြားႏိုင္သည့္ ေက်း႐ြာမ်ားရွိေဒသခံမ်ားက ေက်ာက္မဲၿမိဳ႕ေပၚသို႔ ႀကိဳ တင္တိမ္းေရွာင္လာျခင္းျဖစ္သည္။

ႀကိဳတင္တိမ္းေရွာင္လာသည့္ စစ္ေဘးေရွာင္ေထာင္ေက်ာ္အား ေက်ာက္မဲၿမိဳ႕ေပၚရွိ စစ္ေဘးေရွာက္ကူညီသူမ်ားက စခန္းေလးခုဖြင့္လွစ္ကာကူညီမႈမ်ားျပဳလုပ္ေပးလ်က္ရွိသည္။

“စစ္ေဘးေရွာင္လာရတာဆိုေတာ့ အခက္အခဲေတြကေတာ့အမ်ားႀကီးေပါ့ က်န္းမာေရးအတြက္က ေတာ့ပိုအေရးႀကီးတာေၾကာင့္ နမ့္ခုံးရွမ္းမ်ားပရ ဟိတအသင္းက သူတို႔ကိုက်န္းမာေရးစစ္ေဆးေပးၿပီး ကုသေပးတာပါ”ဟုေက်ာက္မဲၿမိဳ႕မွ စစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

ထိုသို႔ ကူညီရာတြင္ နမ့္ခုံးရွမ္းမ်ားပရဟိတအ သင္းမွက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ပူးေပါင္း၍ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးမထိုးရေသးသူ မ်ားအား ကာကြယ္ေဆးထိုးေပးျခင္းႏွင့္အျခားလို အပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားအား အခမဲ့ျပဳလုပ္ေပးလ်က္ရွိသည္။

“ေဆးေပးခန္းေလးေတြဖြင့္ထားေပးတယ္ စစ္ေဘးေရွာင္စခန္းေလးခုလုံးမွာ ကေလးေတြနဲ႔သက္ႀကီး႐ြယ္အိုေတြပါေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈကပိုၿပီးလိုအပ္တယ္ေလ”ဟုနမ့္ခုံးရွမ္းမ်ားပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးကေျပာ သည္။

Photo-နမ့္ခုံးရွမ္းမ်ားပရဟိတအသင္း


LEAVE A REPLY

Please enter your comment!
Please enter your name here