လာနီညာအခြေအနေရောက်နေ၍ အအေးပိုကာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မည်ဟု မိုးဇလထုတ်ပြန်

0
167

(Unicode)

လာနီညာအခြေအနေရောက်နေ၍ အအေးပိုကာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မည်ဟု မိုးဇလထုတ်ပြန်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှဖေဖော်ဝါရီလအတွင်း လာနီညာအခြေအနေရောက်နေ၍ အအေးပိုကာ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မည်ဟု မိုးဇလမှသိရသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက် နှာပြင်အပူချိန်နှင့်လေထုဖြစ်စဉ်များတွင် အားအနည်းငယ်ရှိသည့် လာနီညာအခြေအနေသို့ ရောက်ရှိနေသည်ဟု သိရသည်။

ထို့ကြောင့် နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ ဖေဖော်ဝါရီလအထိ အားအနည်းငယ်ရှိသည့် လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အရှေ့မြောက် မုတ်သုံလေအားကောင်းကာ မြန်မာနိုင်ငံတွင် ညအပူချိန်များလျော့နည်းခြင်း၊အအေးပိုခြင်း၊အ ရှေ့ဘက်မှလေပွေလှိင်းများတိုက်ခတ်ခြင်း၊ချိန် ခါမဟုတ် မိုးရွာသွန်းမှုများ ပိုမိုဖြစ်ပေါ်လာခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုးဇလမှသိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here