ချင်းပြည်နယ်အတွင်းက ပြည်သူ၆၀၀၀ကျော်ကို WFPကူညီမှုများပြုလုပ်

0
62

(Unicode)

ချင်းပြည်နယ်အတွင်းက ပြည်သူ၆၀၀၀ကျော်ကို WFPကူညီမှုများပြုလုပ်

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည်ချင်းပြည်နယ် ပလက်ဝမြို့ရှိ လူဦးရေ (၅,၄၀၀) နှင့် မီးဇာရွာရှိ လူဦးရေ (၉၀၀) တို့အားလည်း လစဉ်ငွေကြေးအထောက်အပံ့များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် ပေးအပ်နိုင်ခဲ့သည်ဟု ယနေ့ ဇန်နဝါရီ ၂၄ရက်တွင်ကြေညာသည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသော မိသားစုများနှင့် အကူအညီလိုအပ်သောသူများကို သွားရောက်ကူညီခွင့် စဉ်ဆက်မပြတ်ရရှိရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိနေသည့် WFPကို နစကကလည်း ခွင့်ပြုပေးခဲ့သည်ဟုသိရသည်။

WFP သည် ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပလက်ဝမြို့နယ်၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့၊ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့တို့ရှိ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ခဲ့ရသောသူများနှင့် အခြားထိခိုက်လွယ်သော မိသားစုများအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များအား တိုက်ရိုက်ပေးအပ်ခဲ့ပြီးဖြစ်သည်။

WFP သည် ဒီဇင်ဘာလနှောင်းပိုင်းတွင် မင်းတပ်မြို့ရှိ နေရပ်စွန့်ခွာခဲ့ရသူဦးရေ (၅၀၀) ကျော်အား နှစ်လစာ စားနပ်ရိက္ခာအထောက်အပံ့များ၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့တွင် ခေတ္တပြောင်းရွှေ့နေထိုင်နေသော မင်းတပ်မှနေရပ်စွန့်ခွာလာခဲ့ရသူဦးရေ (၉၀၀) ကျော်အား နှစ်လစာ ဆန်ရိက္ခာအထောက်အပံ့များ၊ ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် WFP သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသူ (၃,၀၀၀) ကျော်ကို စားနပ်ရိက္ခာအထောက်အပံ့များ၊ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း (၆,၈၀၀) ကျော်ကိုလည်း ဆန်ရိက္ခာ အထောက်အပံ့များ အသီးသီး ပေးအပ်ခဲ့ပြီးဖြစ်သည်ဟုသိရသည်။

(Zawgyi)

ခ်င္းျပည္နယ္အတြင္းက ျပည္သူ၆၀၀၀ေက်ာ္ကို WFPကူညီမႈမ်ားျပဳလုပ္

ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) သည္ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ရွိ လူဦးေရ (၅,၄၀၀) ႏွင့္ မီးဇာ႐ြာရွိ လူဦးေရ (၉၀၀) တို႔အားလည္း လစဥ္ေငြေၾကးအေထာက္အပံ့မ်ားကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလအေစာပိုင္းတြင္ ေပးအပ္ႏိုင္ခဲ့သည္ဟု ယေန႔ ဇန္နဝါရီ ၂၄ရက္တြင္ေၾကညာသည္။

ျမန္မာႏိုင္ငံရွိ ပဋိပကၡႏွင့္ အၾကမ္းဖက္မႈမ်ားေၾကာင့္ ထိခိုက္ခံစားခဲ့ရေသာ မိသားစုမ်ားႏွင့္ အကူအညီလိုအပ္ေသာသူမ်ားကို သြားေရာက္ကူညီခြင့္ စဥ္ဆက္မျပတ္ရရွိရန္ အစြမ္းကုန္ ႀကိဳးပမ္းလ်က္ရွိေနသည့္ WFPကို နစကကလည္း ခြင့္ျပဳေပးခဲ့သည္ဟုသိရသည္။

WFP သည္ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ ႏွင့္ ပလက္ဝၿမိဳ႕နယ္၊ မေကြးတိုင္းေဒသႀကီး ေက်ာက္ထုၿမိဳ႕၊ ကရင္ျပည္နယ္ ၿမိဳင္ႀကီးငူအထူးေဒသႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနရာအခ်ိဳ႕တို႔ရွိ ပဋိပကၡျဖစ္ပြားမႈမ်ားေၾကာင့္ ထိခိုက္ခဲ့ရေသာသူမ်ားႏွင့္ အျခားထိခိုက္လြယ္ေသာ မိသားစုမ်ားအား လြန္ခဲ့ေသာ ရက္သတၱပတ္အနည္းငယ္အတြင္း လူသားခ်င္းစာနာမႈဆိုင္ရာ စားနပ္ရိကၡာအေထာက္အပံ့မ်ားအား တိုက္႐ိုက္ေပးအပ္ခဲ့ၿပီးျဖစ္သည္။

WFP သည္ ဒီဇင္ဘာလေႏွာင္းပိုင္းတြင္ မင္းတပ္ၿမိဳ႕ရွိ ေနရပ္စြန႔္ခြာခဲ့ရသူဦးေရ (၅၀၀) ေက်ာ္အား ႏွစ္လစာ စားနပ္ရိကၡာအေထာက္အပံ့မ်ား၊ မေကြးတိုင္းေဒသႀကီး ေက်ာက္ထုၿမိဳ႕တြင္ ေခတၱေျပာင္းေ႐ႊ႕ေနထိုင္ေနေသာ မင္းတပ္မွေနရပ္စြန႔္ခြာလာခဲ့ရသူဦးေရ (၉၀၀) ေက်ာ္အား ႏွစ္လစာ ဆန္ရိကၡာအေထာက္အပံ့မ်ား၊
၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္းတြင္ WFP သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ေနရပ္စြန႔္ခြာခဲ့ရသူ (၃,၀၀၀) ေက်ာ္ကို စားနပ္ရိကၡာအေထာက္အပံ့မ်ား၊ ကရင္ျပည္နယ္ ၿမိဳင္ႀကီးငူအထူးေဒသရွိ ထိခိုက္လြယ္သူ လူဦးေရေပါင္း (၆,၈၀၀) ေက်ာ္ကိုလည္း ဆန္ရိကၡာ အေထာက္အပံ့မ်ား အသီးသီး ေပးအပ္ခဲ့ၿပီးျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here