မန္တလေးတွင် ယနေ့မနက်က ပစ်ခတ်တိုက်ခိုက်မှု၊ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်

0
162

(Unicode)

မန္တလေးတွင် ယနေ့မနက်က ပစ်ခတ်တိုက်ခိုက်မှု၊ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်

မန္တလေး အမရပူရ မြစ်ငယ်ရထားဝင်း၊ ယက္ကန်းတော်ရပ်နှင့် ပြည်ကြီးတံခွန်(စ)ဈေး အနီးတို့မှာ ဒီကနေ့ မနက် ဇန်နဝါရီ ၂၄ရက် မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုအချို့နဲ့ ပေါက်ကွဲမှုအချို့တွေရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းက အမရပူရမြို့နယ်၊ ယက္ကန်းတော်ရပ်က ကျေးရွာရာအိမ်မှူး ဦးမင်းကိုနိုင်ဆိုသူရဲ့ နေအိမ် ဗုံးပစ်ခံရလို့ နေအိမ်ကို ကာရံထားတဲ့ အုတ်တံတိုင်းကွဲအက်သွားတာတွေ၊နေအိမ် အမိုးနဲ့ နေအိမ်တံခါးတွေ ထိခိုက်သွားတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရာအိမ်မှူးအိမ်နဲ့ ကပ်ရပ်က ကျေးလက်ကျန်းမာရေးဆရာမအိမ်၊ ဗုံးကအိမ်နှစ်လုံးရဲ့ ကြားကို ကျပြီးပေါက်တော့ ဆရာမအိမ်လည်း နည်းနည်းထိခိုက်သွားတယ် လို့ ကြားတယ်။လူတွေကတော့ ဘာမှ မဖြစ်ဘူးလို့ သိရတယ်”လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပြပါတယ်။

ဗုံးပစ်ခံရမှုတွေ မကြာခဏရှိနေတဲ့ မန္တလေး ပြည်ကြီးတံခွန်မှာလည်း ဒီကနေ့ မနက်က ရတနာပုံ (စ)ဈေးအနီးမှာ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့လို့ ဒလန်လို့ စွပ်စွဲခံရသူတစ်ဦး သေဆုံးသွားခဲ့တာရှိပါတယ်။

သေဆုံးသွားသူဟာ ဆိုင်ကယ်နဲ့ ၁၂၆လမ်းအတိုင်း မောင်းနှင်လာစဉ်မှာ မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးပေါ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဒီမနက်မှာပဲ မန္တလေး မြစ်ငယ်မီးရထားဝင်းအတွင်းက မြန်မာ့မီးရထားဆေးရုံရှေ့ အဝင်ပေါက် ဆိုင်းဘုတ်အနီးနဲ့ ကင်းတဲအနီးမှာပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့သေးတယ်လို့လည်းသိရပါတယ်။

(Zawgyi)

မႏၲေလးတြင္ ယေန႔မနက္က ပစ္ခတ္တိုက္ခိုက္မႈ၊ေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ေပၚ

မႏၲေလး အမရပူရ ျမစ္ငယ္ရထားဝင္း၊ ယကၠန္းေတာ္ရပ္ႏွင့္ ျပည္ႀကီးတံခြန္(စ)ေဈး အနီးတို႔မွာ ဒီကေန႔ မနက္ ဇန္နဝါရီ ၂၄ရက္ မနက္ပိုင္းက ပစ္ခတ္တိုက္ခိုက္မႈအခ်ိဳ႕နဲ႔ ေပါက္ကြဲမႈအခ်ိဳ႕ေတြရွိခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီကေန သိရပါတယ္။

ဒီကေန႔ မနက္အေစာပိုင္းက အမရပူရၿမိဳ႕နယ္၊ ယကၠန္းေတာ္ရပ္က ေက်း႐ြာရာအိမ္မႉး ဦးမင္းကိုႏိုင္ဆိုသူရဲ႕ ေနအိမ္ ဗုံးပစ္ခံရလို႔ ေနအိမ္ကို ကာရံထားတဲ့ အုတ္တံတိုင္းကြဲအက္သြားတာေတြ၊ေနအိမ္ အမိုးနဲ႔ ေနအိမ္တံခါးေတြ ထိခိုက္သြားတာေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ရာအိမ္မႉးအိမ္နဲ႔ ကပ္ရပ္က ေက်းလက္က်န္းမာေရးဆရာမအိမ္၊ ဗုံးကအိမ္ႏွစ္လုံးရဲ႕ ၾကားကို က်ၿပီးေပါက္ေတာ့ ဆရာမအိမ္လည္း နည္းနည္းထိခိုက္သြားတယ္ လို႔ ၾကားတယ္။လူေတြကေတာ့ ဘာမွ မျဖစ္ဘူးလို႔ သိရတယ္”လို႔ လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူကေျပာျပပါတယ္။

ဗုံးပစ္ခံရမႈေတြ မၾကာခဏရွိေနတဲ့ မႏၲေလး ျပည္ႀကီးတံခြန္မွာလည္း ဒီကေန႔ မနက္က ရတနာပုံ (စ)ေဈးအနီးမွာ ပစ္ခတ္မႈတစ္ခုျဖစ္ခဲ့လို႔ ဒလန္လို႔ စြပ္စြဲခံရသူတစ္ဦး ေသဆုံးသြားခဲ့တာရွိပါတယ္။

ေသဆုံးသြားသူဟာ ဆိုင္ကယ္နဲ႔ ၁၂၆လမ္းအတိုင္း ေမာင္းႏွင္လာစဥ္မွာ မ်က္ႏွာခ်င္းဆိုင္ေမာင္းႏွင္လာတဲ့ ဆိုင္ကယ္တစ္စီးေပၚက ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာလို႔ သိရပါတယ္။

ဒီမနက္မွာပဲ မႏၲေလး ျမစ္ငယ္မီးရထားဝင္းအတြင္းက ျမန္မာ့မီးရထားေဆး႐ုံေရွ႕ အဝင္ေပါက္ ဆိုင္းဘုတ္အနီးနဲ႔ ကင္းတဲအနီးမွာေပါက္ကြဲမႈေတြ ျဖစ္ေပၚခဲ့ေသးတယ္လို႔လည္းသိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here