မြန်မာလုပ်သား(၈၀)ကျော် အလုပ်လုပ်ဖို့ တောင်ကိုရီးယားသို့ ယခုရက်ထဲ ရောက်ရှိ

0
195

(Unicode)

မြန်မာလုပ်သား(၈၀)ကျော် အလုပ်လုပ်ဖို့ တောင်ကိုရီးယားသို့ ယခုရက်ထဲ ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံအစိုးရသည် ၎င်း၏နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ပြည်ဝင်ခွင့်အား ယာယီပိတ်ပင် ထားခဲ့ပြီးဖြစ်သော်လည်း ယခု၂၀၂၂ဇန်နဝါရီလ အတွင်း လိုအပ်ချက်အရ မြန်မာလုပ်သားအချို့ကို ခေါ် ယူလျှက်ရှိနေသည်ဟု သိရသည်။

ဇန်နဝါရီ၁၇ရက်နေ့တွင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သား(၃၉)ဦး ယနေ့ဇန်နဝါရီ ၂၄ရက်နေ့တွင်Re Entry လုပ်သား(၂၈)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သား (၅၆)ဦး စုစုပေါင်း (၈၄)ဦးတို့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည်ဟု တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးကပြောဆိုသည်။

၄င်းတို့သည် စင်ကာပူနိုင်ငံမှတစ်ဆင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ရောက်ရှိလာသည့် မြန်မာလုပ်သားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့မှုများရှိခဲ့သည်ဟုသိရသည်။

(Zawgyi)

ျမန္မာလုပ္သား(၈၀)ေက်ာ္ အလုပ္လုပ္ဖို႔ ေတာင္ကိုရီးယားသို႔ ယခုရက္ထဲ ေရာက္ရွိ

ေတာင္ကိုရီးယားႏိုင္ငံအစိုးရသည္ ၎၏ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ကူးစက္ေရာဂါျပန႔္ပြားျခင္းအား ကာကြယ္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ၂၀၂၀ ခုႏွစ္၊ ဇြန္လ(၁)ရက္ေန႔မွစ၍ ျပည္ဝင္ခြင့္အား ယာယီပိတ္ပင္ ထားခဲ့ၿပီးျဖစ္ေသာ္လည္း ယခု၂၀၂၂ဇန္နဝါရီလ အတြင္း လိုအပ္ခ်က္အရ ျမန္မာလုပ္သားအခ်ိဳ႕ကို ေခၚ ယူလွ်က္ရွိေနသည္ဟု သိရသည္။

ဇန္နဝါရီ၁၇ရက္ေန႔တြင္ ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္သားအျဖစ္ အသစ္ဝင္ေရာက္ လုပ္ကိုင္မည့္ လုပ္သား(၃၉)ဦး ယေန႔ဇန္နဝါရီ ၂၄ရက္ေန႔တြင္Re Entry လုပ္သား(၂၈)ဦးႏွင့္ ကုန္ထုတ္လုပ္သားအျဖစ္ အသစ္ ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သား (၅၆)ဦး စုစုေပါင္း (၈၄)ဦးတို႔ ေတာင္ကိုရီးယားႏိုင္ငံသို႔ ေရာက္ရွိလာသည္ဟု ေတာင္ကိုရီးယားႏိုင္ငံရွိ ျမန္မာသံ႐ုံးကေျပာဆိုသည္။

၄င္းတို႔သည္ စင္ကာပူႏိုင္ငံမွတစ္ဆင့္ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္ဟုသိရသည္။

ေရာက္ရွိလာသည့္ ျမန္မာလုပ္သားမ်ားအား ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕မွ အလုပ္သမားသံအရာရွိက ႀကိဳဆို၍ အလုပ္သမားမ်ား သိရွိလိုက္နာသင့္သည့္အခ်က္မ်ားကို မွာၾကားခဲ့ၿပီး လိုအပ္သည္မ်ား ကူညီပံ့ပိုးေပးခဲ့မႈမ်ားရွိခဲ့သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here