မြန်မာ့ပညာရေးကဏ္ဍ အလွန်ပြင်းထန်သည့်စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရဟု ဂျာမနီမှတ်ချက်ပြု

0
205

မြန်မာ့ပညာရေးကဏ္ဍ အလွန်ပြင်းထန်သည့်စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရဟု ဂျာမနီမှတ်ချက်ပြု

ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည့်စုံကြွယ်ဝမှုနှင့် ကျန်းမာရေးအတွက် အခြေခံဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လက်တလောတွင် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးက ယနေ့ ဇန်နဝါရီ၂၄ရက်တွင် ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂၄ ရက်ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ အဖြစ် သတ်မှတ်ထားရာယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပညာရေးနေ့အတွက် ဂျာမနီသံရုံးက သတင်းစကားတစ်ရပ်ပါးခဲ့ခြင်းလည်းဖြစ်သည်။

ဂျာမနီနိုင်ငံသည် မြန်မာပြည်သူများကို ထောက်ပံ့ပေးရန်အတွက် အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာရေးကဏ္ဍများအပေါ် အစဉ်အဆက် အလေးပေးခဲ့ပြီး ဆက်လက်ထောက်ပံ့သွားရန်လည်း ကြိုးပမ်းသွားမည့်အပြင် German Academic Exchange Service (DAAD) အနေဖြင့်လည်း မြန်မာကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် သိပ္ပံပညာရှင်များကို ပံ့ပိုးပေးရန် ရေရှည်ခိုင်မာသည့် ကတိကဝတ်ထားရှိကြောင်းလည်း ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပညာရေးနေ့တွင်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၆ရက်နေ့ကစပြီး နိုင်ငံအတွင်း ပြန်လည်ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များသို့ ကျောင်းလာအပ်သူအရေအတွက် ၄၄၀၉ ဦးရှိခဲ့ပြီးလက်ရှိကျောင်းတက်နေသူမှာ ၂၂၈၁ဦးသာရှိနေ၍ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ အရေအတွက်ဖြစ်သည့် ၁၉၇၄၀ဦး နှင့် နှိုင်းယှဉ်ပါက ၇၅ရာခိုင်နှုန်းကျော် ကျောင်းမတက်ဟု သိရသည်။

အလားတူ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သည့် အခြေခံပညာကျောင်းများသို့ ကျောင်းအပ်သူ ၅ ဒသမ ၂ သန်းကျော်၊ကျောင်းတက်သူ ၄ ဒသမ ၂သန်းရှိပြီး ဇန်နဝါရီ ပထမအပါတ်အတွင်း ပညာသင်နှစ်ဝက်စာမေးပွဲသို့ ဖြေဆိုသူ ၄ ဒသမ ၁သန်းကျော်ရှိနေသည်ဟု သိရသည်။

Zaw Gyi

ျမန္မာ့ပညာေရးက႑ အလြန္ျပင္းထန္သည့္စိန္ေခၚမႈႏွင့္ရင္ဆိုင္ေနရဟု ဂ်ာမနီမွတ္ခ်က္ျပဳ

ပညာေရးသည္ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ျပည့္စုံႂကြယ္ဝမႈႏွင့္ က်န္းမာေရးအတြက္ အေျခခံျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံ၏ ပညာေရးက႑သည္ လက္တေလာတြင္ အလြန္ျပင္းထန္သည့္ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္ဟု ျမန္မာႏိုင္ငံဆိုင္ရာဂ်ာမနီသံ႐ုံးက ယေန႔ ဇန္နဝါရီ၂၄ရက္တြင္ ေျပာဆိုလိုက္သည္။

ဇန္နဝါရီလ ၂၄ ရက္ကို ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံက အျပည္ျပည္ဆိုင္ရာ ပညာေရးေန႔ အျဖစ္ သတ္မွတ္ထားရာယေန႔ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာပညာေရးေန႔အတြက္ ဂ်ာမနီသံ႐ုံးက သတင္းစကားတစ္ရပ္ပါးခဲ့ျခင္းလည္းျဖစ္သည္။

ဂ်ာမနီႏိုင္ငံသည္ ျမန္မာျပည္သူမ်ားကို ေထာက္ပံ့ေပးရန္အတြက္ အဆင့္ျမင့္ပညာေရးႏွင့္ အသက္ေမြးဝမ္းေၾကာင္း ပညာေရးက႑မ်ားအေပၚ အစဥ္အဆက္ အေလးေပးခဲ့ၿပီး ဆက္လက္ေထာက္ပံ့သြားရန္လည္း ႀကိဳးပမ္းသြားမည့္အျပင္ German Academic Exchange Service (DAAD) အေနျဖင့္လည္း ျမန္မာေက်ာင္းသားေက်ာင္းသူမ်ား၊ ဆရာဆရာမမ်ားႏွင့္ သိပၸံပညာရွင္မ်ားကို ပံ့ပိုးေပးရန္ ေရရွည္ခိုင္မာသည့္ ကတိကဝတ္ထားရွိေၾကာင္းလည္း ယေန႔ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာပညာေရးေန႔တြင္ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၂ခုႏွစ္ ဇန္နဝါရီ ၆ရက္ေန႔ကစၿပီး ႏိုင္ငံအတြင္း ျပန္လည္ဖြင့္လွစ္လိုက္သည့္ တကၠသိုလ္၊ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္မ်ားသို႔ ေက်ာင္းလာအပ္သူအေရအတြက္ ၄၄၀၉ ဦးရွိခဲ့ၿပီးလက္ရွိေက်ာင္းတက္ေနသူမွာ ၂၂၈၁ဦးသာရွိေန၍ စာရင္းရွိ ေက်ာင္းသား၊ေက်ာင္းသူ အေရအတြက္ျဖစ္သည့္ ၁၉၇၄၀ဦး ႏွင့္ ႏႈိင္းယွဥ္ပါက ၇၅ရာခိုင္ႏႈန္းေက်ာ္ ေက်ာင္းမတက္ဟု သိရသည္။

အလားတူ ၂၀၂၁ခုႏွစ္ ႏိုဝင္ဘာလ ၁ရက္ေန႔က ျပန္လည္ဖြင့္လွစ္လိုက္သည့္ အေျခခံပညာေက်ာင္းမ်ားသို႔ ေက်ာင္းအပ္သူ ၅ ဒသမ ၂ သန္းေက်ာ္၊ေက်ာင္းတက္သူ ၄ ဒသမ ၂သန္းရွိၿပီး ဇန္နဝါရီ ပထမအပါတ္အတြင္း ပညာသင္ႏွစ္ဝက္စာေမးပြဲသို႔ ေျဖဆိုသူ ၄ ဒသမ ၁သန္းေက်ာ္ရွိေနသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here