မြစ်ကြီးနားမြို့ပေါ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အမည်မသိလူငယ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ် ရဲတစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ဒဏ်ရာရ

0
242

(Unicode)

မြစ်ကြီးနားမြို့ပေါ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အမည်မသိလူငယ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ် ရဲတစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ဒဏ်ရာရ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊တပ်ကုန်းရပ်ကွက်ရှိ အပေါင်ဆိုင်တစ်ခုရှေ့၌ ဇန်နဝါရီ ၂၄ ရက်မွန်းလွဲ ၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

ဖြစ်စဥ်တွင် လီမြင့်(အမိန့်ရ)အပေါင်ဆိုင်၌လာရောက်ပေါင်နှံထားသည့် ရွှေဆွဲကြိုးအား အပေါင် ဆိုင်ပိုင်ရှင်မှ အတုဟုပြောဆိုပြီးပြန်မပေးနိုင်ကြောင်း လာပြန်ရွေးသူအား ပြောဆိုခဲ့သည်။

ထိုသို့ ပြောဆိုသဖြင့်ရွှေဆွဲကြိုးလာပြန်ရွေးသူက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ပြောဆိုတိုင်ကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်ပါဖြေရှင်းစဥ် အပေါင်ဆိုင်ပိုင်ရှင် ကိုစိုးဝေမှ “ခနစောင့်”ဟုပြော ဆိုကာ အမည်မသိလူငယ်ခြောက်ဦးအားခေါ်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကအိမ်ဆိုင်သဘောမျိုးပေါ့တွဲဖွင့်ထားတာ ရဲတွေကိုသူကခနစောင့်ခိုင်းပြီး အပြင်ထွက်သွားတယ် သိပ်မကြာဘူး ဆိုင်ကယ်သုံးစီးနဲ့လူခြောက်ယောက်ရောက်လာပြီးစပစ်တာ ရဲတစ်ယောက်တော့ထိသွားတယ် စပစ်တဲ့အဖွဲ့ကတော့ခနလေး ပစ်ပြီးထွက်ပြေးသွားကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်စဥ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်အ ပေါင်ဆိုင်ပိုင်ရှင် ကိုစိုးဝေတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။

အခင်းဖြစ်နေရာနှင့်အိမ်ဆိုင်အား လုံခြုံရေးရဲတပ် ဖွဲ့ဝင်များကစစ်ဆေးရာ အိမ်ခြံရှေ့တံခါးအနီးမှ TU-KKW32L.R ပစ္စတို တစ်လက်၊ကျည်အိမ် ၁ ခု (ကျည် တစ်တောင့်ကျန်)နှင့်ကျည်ခွံ သုံးခုတို့အား ရှာဖွေသိမ်းဆီးရမိခဲ့သည်။
Photo – CJ

(Zawgyi)

ျမစ္ႀကီးနားၿမိဳ႕ေပၚတြင္ လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အမည္မသိလူငယ္မ်ား အျပန္အလွန္ပစ္ခတ္မႈျဖစ္ ရဲတစ္ဦးႏွင့္အမ်ိဳးသားတစ္ဦးတို႔ဒဏ္ရာရ

ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕၊တပ္ကုန္းရပ္ကြက္ရွိ အေပါင္ဆိုင္တစ္ခုေရွ႕၌ ဇန္နဝါရီ ၂၄ ရက္မြန္းလြဲ ၂ နာရီခြဲခန္႔ကျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွသိရသည္။

ျဖစ္စဥ္တြင္ လီျမင့္(အမိန္႔ရ)အေပါင္ဆိုင္၌လာေရာက္ေပါင္ႏွံထားသည့္ ေ႐ႊဆြဲႀကိဳးအား အေပါင္ ဆိုင္ပိုင္ရွင္မွ အတုဟုေျပာဆိုၿပီးျပန္မေပးႏိုင္ေၾကာင္း လာျပန္ေ႐ြးသူအား ေျပာဆိုခဲ့သည္။

ထိုသို႔ ေျပာဆိုသျဖင့္ေ႐ႊဆြဲႀကိဳးလာျပန္ေ႐ြးသူက လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ားအား ေျပာဆိုတိုင္ၾကားခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက လိုက္ပါေျဖရွင္းစဥ္ အေပါင္ဆိုင္ပိုင္ရွင္ ကိုစိုးေဝမွ “ခနေစာင့္”ဟုေျပာ ဆိုကာ အမည္မသိလူငယ္ေျခာက္ဦးအားေခၚေဆာင္ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားအား စတင္ပစ္ခတ္ရာမွ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဆိုင္ကအိမ္ဆိုင္သေဘာမ်ိဳးေပါ့တြဲဖြင့္ထားတာ ရဲေတြကိုသူကခနေစာင့္ခိုင္းၿပီး အျပင္ထြက္သြားတယ္ သိပ္မၾကာဘူး ဆိုင္ကယ္သုံးစီးနဲ႔လူေျခာက္ေယာက္ေရာက္လာၿပီးစပစ္တာ ရဲတစ္ေယာက္ေတာ့ထိသြားတယ္ စပစ္တဲ့အဖြဲ႕ကေတာ့ခနေလး ပစ္ၿပီးထြက္ေျပးသြားၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ပစ္ခတ္မႈျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးႏွင့္အ ေပါင္ဆိုင္ပိုင္ရွင္ ကိုစိုးေဝတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သည္။

အခင္းျဖစ္ေနရာႏွင့္အိမ္ဆိုင္အား လုံၿခဳံေရးရဲတပ္ ဖြဲ႕ဝင္မ်ားကစစ္ေဆးရာ အိမ္ၿခံေရွ႕တံခါးအနီးမွ TU-KKW32L.R ပစၥတို တစ္လက္၊က်ည္အိမ္ ၁ ခု (က်ည္ တစ္ေတာင့္က်န္)ႏွင့္က်ည္ခြံ သုံးခုတို႔အား ရွာေဖြသိမ္းဆီးရမိခဲ့သည္။
Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here