နိုင်ငံခြားသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၇ ဦး၌ အိုမီခရွန်ပိုးတွေ့ ပိုးတွေ့ရှိသူ ၂၀၀ နီးပါးရှိပြီဖြစ်

0
112

(Unicode)

နိုင်ငံခြားသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၇ ဦး၌ အိုမီခရွန်ပိုးတွေ့ ပိုးတွေ့ရှိသူ ၂၀၀ နီးပါးရှိပြီဖြစ်

ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံသို့ ကယ် ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည်ဝင်ရောက်လာခဲ့သည့် နိုင်ငံခြားသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၇ ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့ရသည်ဟု ဇန်နဝါရီ ၂၄ ရက်ကထုတ်ပြန်ခဲ့သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) တွင် ကိုဗစ်(၁၉)ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါ ပိုးတွေ့ရှိနိုင်သည့် သံသယဓာတ်ခွဲနမူနာများအား ဇန်နဝါရီ ၂၄ ရက်က စစ်ဆေးရာမှတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့်ဝင်ရောက်လာသည့် ယူအေအီးနိုင်ငံမှ ၁၅ ဦး၊ မလေးရှားနိုင်ငံမှ ၇ ဦး၊ အိန္ဒိယနိုင်ငံမှ ၆ ဦး၊ကိုရီးယားနိုင်ငံမှ ၄ ဦး၊ စင်ကာပူနိုင်ငံမှ ၃ ဦး၊ ထိုင်းနိုင်ငံမှ တစ်ဦးနှင့်ရုရှားနိုင်ငံမှ တစ်ဦးတို့ ဖြစ်သည်။

ထိုသို့ ထပ်မံတွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံ၌ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၈၃ ဦးရှိပြီဖြစ်သည်။

ထို့ကြောင့် အိုမီခရွန်ပိုးတွေ့ရှိသူများအား သတ် မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကုသပေးလျက်ရှိသည်။၎င်းတို့နှင့်အတူ လေကြောင်းခရီး စဉ်၌ လိုက်ပါလာသူများအား အသွားအလာကန့် သတ်ခြင်း(Strict Quarantine)နှင့်ဓာတ်ခွဲစမ်းသပ်စစ် ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာနကပြု လုပ်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အိုမီခရွန်ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့်ကိုဗစ် (၁၉)ရောဂါကာကွယ်၊ထိန်းချုပ်ကုသခြင်းလုပ် ငန်းများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

Photo- MOHS

(Zawgyi)

ႏိုင္ငံျခားသားတစ္ဦးအပါအဝင္ ျမန္မာႏိုင္ငံသား ၃၇ ဦး၌ အိုမီခ႐ြန္ပိုးေတြ႕ ပိုးေတြ႕ရွိသူ ၂၀၀ နီးပါးရွိၿပီျဖစ္

က်န္းမာေရးဝန္ႀကီးဌာနမွ ျမန္မာႏိုင္ငံသို႔ ကယ္ ဆယ္ေရးေလယာဥ္ျဖင့္ျပန္လည္ဝင္ေရာက္လာခဲ့သည့္ ႏိုင္ငံျခားသားတစ္ဦးအပါအဝင္ ျမန္မာႏိုင္ငံသား ၃၇ ဦးတြင္ အိုမီခ႐ြန္ပိုးေတြ႕ရွိခဲ့ရသည္ဟု ဇန္နဝါရီ ၂၄ ရက္ကထုတ္ျပန္ခဲ့သည္။

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနႏွင့္ အမွတ္(၁)တပ္မေတာ္ေဆး႐ုံႀကီး ခုတင္(၁၀၀၀) တြင္ ကိုဗစ္(၁၉)ေရာဂါ မ်ိဳး႐ိုးဗီဇေျပာင္းေရာဂါ ပိုးေတြ႕ရွိႏိုင္သည့္ သံသယဓာတ္ခြဲနမူနာမ်ားအား ဇန္နဝါရီ ၂၄ ရက္က စစ္ေဆးရာမွေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသို႔ ကယ္ဆယ္ေရးေလယာဥ္ျဖင့္ဝင္ေရာက္လာသည့္ ယူေအအီးႏိုင္ငံမွ ၁၅ ဦး၊ မေလးရွားႏိုင္ငံမွ ၇ ဦး၊ အိႏၵိယႏိုင္ငံမွ ၆ ဦး၊ကိုရီးယားႏိုင္ငံမွ ၄ ဦး၊ စင္ကာပူႏိုင္ငံမွ ၃ ဦး၊ ထိုင္းႏိုင္ငံမွ တစ္ဦးႏွင့္႐ုရွားႏိုင္ငံမွ တစ္ဦးတို႔ ျဖစ္သည္။

ထိုသို႔ ထပ္မံေတြ႕ရွိခဲ့သျဖင့္ ျမန္မာႏိုင္ငံ၌ အိုမီခ႐ြန္ေရာဂါပိုးေတြ႕ရွိသူ ၁၈၃ ဦးရွိၿပီျဖစ္သည္။

ထို႔ေၾကာင့္ အိုမီခ႐ြန္ပိုးေတြ႕ရွိသူမ်ားအား သတ္ မွတ္ေဆး႐ုံႀကီးမ်ားတြင္ သီးသန႔္ထားရွိကုသေပးလ်က္ရွိသည္။၎တို႔ႏွင့္အတူ ေလေၾကာင္းခရီး စဥ္၌ လိုက္ပါလာသူမ်ားအား အသြားအလာကန႔္ သတ္ျခင္း(Strict Quarantine)ႏွင့္ဓာတ္ခြဲစမ္းသပ္စစ္ ေဆးမႈမ်ားကို က်န္းမာေရးဝန္ႀကီးဌာနကျပဳ လုပ္လ်က္ရွိသည္။

က်န္းမာေရးဝန္ႀကီးဌာနမွ အိုမီခ႐ြန္ေရာဂါပိုး ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားႏွင့္ကိုဗစ္ (၁၉)ေရာဂါကာကြယ္၊ထိန္းခ်ဳပ္ကုသျခင္းလုပ္ ငန္းမ်ားအား အရွိန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိသည္။

Photo- MOHS


LEAVE A REPLY

Please enter your comment!
Please enter your name here