ပြည်ပမှ သံနှင့်သံမဏိပစ္စည်းဒေါ်လာသန်း၁၀၀၀နီးပါး တင်သွင်းနေရ၍ ပြည်တွင်းသံမဏိ ထုတ်လုပ်မှုမြှင့်တင်ရန်လိုနေ

0
140

(Unicode)

ပြည်ပမှ သံနှင့်သံမဏိပစ္စည်းဒေါ်လာသန်း၁၀၀၀နီးပါး တင်သွင်းနေရ၍ ပြည်တွင်းသံမဏိ ထုတ်လုပ်မှုမြှင့်တင်ရန်လိုနေ

သံမဏိထုတ်လုပ်မှု လုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်ဖြစ်နေ၍ သံမဏိစက်ရုံ အမှတ်(၁)အား အမြန်ပြန် လည်ပတ်ရန် လိုကြောင်း နစက ဥက္ကဋ္ဌက ပြောဆိုသည်။

အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိစဉ် နစက ဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌက နိုင်ငံတွင် ပြည်တွင်းသံမဏိ လိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများအား သတ်မှတ်ချိန် အတွင်း ပြီးမြောက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်းမှာကြားခဲ့သည်။

သံမဏိစက်ရုံ(မြင်းခြံ)စီမံကိန်းသည် တည်ဆောက်နေဆဲကာလ အတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၉၅ ဒသမ ၀၂ ရာခိုင်နှုန်း ရောက်ရှိပြီး ဖြစ်သော်လည်းဆက်လက်တည်ဆောက်မှုမပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့၍ နိုင်ငံ အတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကာ လက်ရှိအချိန်အထိ ချေးငွေများအတွက် အရင်း၊ အတိုးပေးဆပ်နေရသည့်အပြင် ရောက်ရှိပြီး ဖြစ်သည့် စက်ရုံပစ္စည်း၊ စက်ပစ္စည်း များမှာ ပြင်ပတွင်ထားသိုရသဖြင့် ပျက်စီးဆုံးရှုံးမှု များဖြစ်ခဲ့ရကြောင်းလည်း ပြောသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် သံနှင့်သံမဏိပစ္စည်းဒေါ်လာ ၉၉၅ သန်း ခန့်တင်သွင်းခဲ့ရသဖြင့် ပြည်တွင်းသံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းကို မြှင့်တင်၍ ပြည်ပမှတင်သွင်း မှုများကို လျှော့ချသွားရန်လိုကြောင်းလည်းနစက ဥက္ကဋ္ဌက ပြောဆိုသည်။

(Zawgyi)

ျပည္ပမွ သံႏွင့္သံမဏိပစၥည္းေဒၚလာသန္း၁၀၀၀နီးပါး တင္သြင္းေနရ၍ ျပည္တြင္းသံမဏိ ထုတ္လုပ္မႈျမႇင့္တင္ရန္လိုေန

သံမဏိထုတ္လုပ္မႈ လုပ္ငန္းသည္ ႏိုင္ငံအတြက္ အေရးႀကီး လိုအပ္ခ်က္ျဖစ္ေန၍ သံမဏိစက္႐ုံ အမွတ္(၁)အား အျမန္ျပန္ လည္ပတ္ရန္ လိုေၾကာင္း နစက ဥကၠ႒က ေျပာဆိုသည္။

အမွတ္(၁) သံမဏိစက္႐ုံ(ျမင္းၿခံ)သို႔ ေရာက္ရွိစဥ္ နစက ဥကၠ႒က ေျပာဆိုခဲ့ျခင္းျဖစ္သည္။

နစက ဥကၠ႒က ႏိုင္ငံတြင္ ျပည္တြင္းသံမဏိ လိုအပ္ခ်က္မ်ားစြာရွိသျဖင့္ သံမဏိထုတ္လုပ္ေရး စီမံကိန္းမ်ားအား သတ္မွတ္ခ်ိန္ အတြင္း ၿပီးေျမာက္ေစေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လည္းမွာၾကားခဲ့သည္။

သံမဏိစက္႐ုံ(ျမင္းၿခံ)စီမံကိန္းသည္ တည္ေဆာက္ေနဆဲကာလ အတြင္း စက္ပစၥည္းမ်ား ၉၉ ဒသမ ၃၄ ရာခိုင္ႏႈန္းႏွင့္ ၉၅ ဒသမ ၀၂ ရာခိုင္ႏႈန္း ေရာက္ရွိၿပီး ျဖစ္ေသာ္လည္းဆက္လက္တည္ေဆာက္မႈမျပဳလုပ္ႏိုင္ရန္အတြက္ ၂၀၁၇ ခုႏွစ္၌ လႊတ္ေတာ္တြင္ မဲခြဲဆုံးျဖတ္ခဲ့၍ ႏိုင္ငံ အတြက္ ဘ႑ာေငြမ်ားစြာ ထိခိုက္ဆုံးရႈံးခဲ့ရကာ လက္ရွိအခ်ိန္အထိ ေခ်းေငြမ်ားအတြက္ အရင္း၊ အတိုးေပးဆပ္ေနရသည့္အျပင္ ေရာက္ရွိၿပီး ျဖစ္သည့္ စက္႐ုံပစၥည္း၊ စက္ပစၥည္း မ်ားမွာ ျပင္ပတြင္ထားသိုရသျဖင့္ ပ်က္စီးဆုံးရႈံးမႈ မ်ားျဖစ္ခဲ့ရေၾကာင္းလည္း ေျပာသည္။

၂၀၂၀-၂၀၂၁ ခုႏွစ္တြင္ သံႏွင့္သံမဏိပစၥည္းေဒၚလာ ၉၉၅ သန္း ခန႔္တင္သြင္းခဲ့ရသျဖင့္ ျပည္တြင္းသံမဏိ ထုတ္လုပ္ျခင္းလုပ္ငန္းကို ျမႇင့္တင္၍ ျပည္ပမွတင္သြင္း မႈမ်ားကို ေလွ်ာ့ခ်သြားရန္လိုေၾကာင္းလည္းနစက ဥကၠ႒က ေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here