မိုးကုတ်မြို့နယ် လယ်ကြီးပူးပေါင်းရေးစခန်းတွင် စိတ်ကြွဆေးပြား ၃ ဒသမ ၉ သိန်းဖမ်းမိ

0
185

(Unicode)

မိုးကုတ်မြို့နယ် လယ်ကြီးပူးပေါင်းရေးစခန်းတွင် စိတ်ကြွဆေးပြား ၃ ဒသမ ၉ သိန်းဖမ်းမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၂ ရက်ညနေ ၄ နာရီခွဲမှာ ကိုယ်ပိုင်ကားပေါ်ကနေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

မိုးကုတ်မြို့နယ်၊မိုးကုတ်-မိုင်းလုံသွားကားလမ်းရဲ့ လယ်ကြီးပူးပေါင်းစစ်ဆေးရေးစခန်းမှာ မိုင်းလုံဘက်ကနေ မိုးကုတ်ဘက်ကို စိုင်းကျော်ဌေး မောင်းပြီး မနန်းခမ်းဆွေနဲ့သိန်းဝင်းအောင်တို့လိုက်လာတဲ့ TOYOTA AVANZA ကားပေါ်ကနေဖမ်းမိခဲ့တာပါ။

သတင်းအရရှာဖွေရာမှာ ကားပေါ်ကနေ စိတ်ကြွ ဆေးပြား ၃ ဒသမ ၉ သိန်း(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၈၀၀ ကျော်)တန်ဖိုးရှိတယ်လို့ ရဲ တပ်ဖွဲ့ကသိရပါတယ်။

ဖမ်းမိတဲ့သူ‌တွေရဲ့စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီစိတ်ကြွဆေးပြားတွေကို ရှမ်းပြည်(မြောက်ပိုင်း)ကနေ မန္တလေးတိုင်းကိုသယ်လာတာလို့ သိရပါတယ်။

ဖမ်းမိသူသုံးယောက်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် စစ်ဆေးနေပါတယ်။

(Zawgyi)

မိုးကုတ္ၿမိဳ႕နယ္ လယ္ႀကီးပူးေပါင္းေရးစခန္းတြင္ စိတ္ႂကြေဆးျပား ၃ ဒသမ ၉ သိန္းဖမ္းမိ

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္ေတြပါတဲ့ ပူးေပါင္းအဖြဲ႕က ဇန္နဝါရီလ ၂၂ ရက္ညေန ၄ နာရီခြဲမွာ ကိုယ္ပိုင္ကားေပၚကေန ဖမ္းဆီးရမိခဲ့ျခင္းျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကသိရပါတယ္။

မိုးကုတ္ၿမိဳ႕နယ္၊မိုးကုတ္-မိုင္းလုံသြားကားလမ္းရဲ႕ လယ္ႀကီးပူးေပါင္းစစ္ေဆးေရးစခန္းမွာ မိုင္းလုံဘက္ကေန မိုးကုတ္ဘက္ကို စိုင္းေက်ာ္ေဌး ေမာင္းၿပီး မနန္းခမ္းေဆြနဲ႔သိန္းဝင္းေအာင္တို႔လိုက္လာတဲ့ TOYOTA AVANZA ကားေပၚကေနဖမ္းမိခဲ့တာပါ။

သတင္းအရရွာေဖြရာမွာ ကားေပၚကေန စိတ္ႂကြ ေဆးျပား ၃ ဒသမ ၉ သိန္း(ေဒသကာလတန္ဖိုးေငြက်ပ္သိန္း ၅,၈၀၀ ေက်ာ္)တန္ဖိုးရွိတယ္လို႔ ရဲ တပ္ဖြဲ႕ကသိရပါတယ္။

ဖမ္းမိတဲ့သူ‌ေတြရဲ႕စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဲဒီစိတ္ႂကြေဆးျပားေတြကို ရွမ္းျပည္(ေျမာက္ပိုင္း)ကေန မႏၲေလးတိုင္းကိုသယ္လာတာလို႔ သိရပါတယ္။

ဖမ္းမိသူသုံးေယာက္ကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ထားၿပီး ဆက္စပ္ျပစ္မႈက်ဴးလြန္သူေတြကိုဖမ္းမိဖို႔အတြက္ စစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here