ရွှေဈေးကစား၊ ငွေကြေးကစားသူတွေနဲ့ ရာခိုင်နှုန်းနဲ့ငွေထုတ်ပေးသူတွေကို စိစစ်ဖော်ထုတ်မယ့် ကော်မတီကိုဖွဲ့စည်း

0
282

(Unicode)

ရွှေဈေးကစား၊ ငွေကြေးကစားသူတွေနဲ့ ရာခိုင်နှုန်းနဲ့ငွေထုတ်ပေးသူတွေကို စိစစ်ဖော်ထုတ်မယ့် ကော်မတီကိုဖွဲ့စည်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ ရွှေနဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်မယ့် ကော်မတီကိုဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ ဇန်နဝါရီ၂၅ရက်နေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံပြန်တမ်းအရသိရပါတယ်။

ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက ဖွဲ့စည်းပေးလိုက်တာဖြစ်ပြီးတော့ ရွှေနဲ့ ငွေကြေးဈေးကွက်တည်ငြိမ်မှုက များစွာအရေးပါတာကြောင့်ရယ်၊ ပြည်တွင်းရွှေနဲ့ ငွေကြေးဈေးနှုန်းတွေ တည်ငြိမ်မှုရှိစေဖို့ စတာတွေအတွက် ဖွဲ့စည်းလိုက်တာလို့ ပြန်တမ်းဖော်ပြချက်အရသိရပါတယ်။

ကော်မတီဟာ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေကိုပြင်ဆင်တဲ့ဥပဒေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၂၁)၊ (၄၃/၂၀၂၁) နဲ့ (၄၆/၂၀၂၁) ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်တွေ အပေါ် လိုက်နာမှု ရှိ မရှိတွေကို စောင့်ကြည့်၊ ထိန်းသိမ်း၊ကြပ်မတ်ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

ကော်မတီထဲမှာ အဖွဲ့ဝင် ၁၉ ဦးအထိပါပြီး ထွေအုပ်၊စစစ၊အကောက်ခွန်၊အခွန်ဦးစီးဌာန၊ကုန်သွယ်ရေးစတဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။

ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ ရောင်းဝယ်တာတွေကို စိစစ်ဖော်ထုတ်နိုင်ဖို့အတွက် အရောင်းအဝယ်စာရင်းတွေကို လိုအပ်သလိုစစ်ဆေးတာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားတဲ့ ငွေပေးချေမှုစည်းမျဉ်းတွေကို လိုက်နာမှု ရှိ မရှိ စစ်ဆေးတာ​တွေအပြင် ပြည်တွင်း ရွှေဈေးကွက်တည်ငြိမ်မှုကို ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်မှုပြုသူတွေကို စိစစ်ဖော်ထုတ်စေပြီး အရေးယူဆောင်ရွက်တာတွေ၊ နိုင်ငံခြားသုံးငွေကိုင်ဆောင် ရောင်း/ဝယ်ခွင့်ရရှိတဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်နဲ့ ငွေလဲကောင်တာ(Money Changer) တွေရဲ့ နိုင်ငံခြားသုံးငွေ အဝင်အထွက်စာရင်းတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်တွေနဲ့အညီ စောင့်ကြည့်စစ်ဆေးတာ၊ ကုန်ပစ္စည်းတင်ပို့/တင်သွင်းခြင်းဆိုင်ရာ စာရွက်စာတမ်း အထောက် အထားတွေ၊ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို လိုအပ်သလို စစ်ဆေးတာနဲ့ လိုက်နာမှုမရှိသူတွေကိုအရေးယူခြင်းတွေ နိုင်ငံခြားငွေကြေးတွေကို တရားမဝင်ကိုင်ဆောင်တာ၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်တာ၊ဈေးကစားခြင်းပြုလုပ်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးဖော်ထုတ်စေပြီး အရေးယူစေတာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၁) ပါ ကျပ်သိန်း ၂၀၀ ထက်ပိုမိုတဲ့ငွေပေးချေမှုတွေကို ဘဏ်စနစ်အသုံးပြုပြီး ဆောင်ရွက်မှု ရှိ မရှိ သက်ဆိုင်ရာဌာနတွေကို စိစစ်စေပြီး လိုက်နာမှုမရှိသူတွေကို အရေးယူဆောင်ရွက်စေတာတွေကို ပေးအပ်ထားတာတွေ့ရပါတယ်။

ဒါ့အပြင် အိမ်၊ ခြံမြေနဲ့ မော်တော်ယာဉ်ကဲ့သို့သောအခြေပစ္စည်းတွေကို ရောင်းဝယ်ပြီးပိုင်ဆိုင်မှုလွှဲပြောင်းတာမှာလည်း သက်ဆိုင်ရာဌာနတွေက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ​ငွေပေးချေမှုကန့်သတ်ချက်များအတိုင်း လိုက်နာမှုရှိ မရှိ စိစစ်စေ၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်စေတာ၊ဘဏ်တွေမှ အပ်နှံထားတဲ့ ငွေတွေကို ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးခြင်း၊ဘဏ်ပြင်ပမှာ ငွေသားလက်ဝယ်ထိန်းသိမ်းထားသူတွေက ဘဏ်အကောင့်နဲ့ အပ်နှံထားတဲ့ ငွေတွေကို ငွေသားနဲ့ လဲလှယ်ထုတ်ယူလိုသူတွေကို ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးနေတာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်စေပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူ ဆောင်ရွက်စေတာ စတဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပေးအပ်ထားတာတွေ့ရပါတယ်။

(Zawgyi)

ေ႐ႊေဈးကစား၊ ေငြေၾကးကစားသူေတြနဲ႔ ရာခိုင္ႏႈန္းနဲ႔ေငြထုတ္ေပးသူေတြကို စိစစ္ေဖာ္ထုတ္မယ့္ ေကာ္မတီကိုဖြဲ႕စည္း

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးေဆာင္တဲ့ ေ႐ႊနဲ႔ ေငြေၾကးေဈးကြက္ကို ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္မယ့္ ေကာ္မတီကိုဖြဲ႕စည္းလိုက္တဲ့အေၾကာင္း ဒီကေန႔ ဇန္နဝါရီ၂၅ရက္ေန႔ ထုတ္ျပန္လိုက္တဲ့ ျမန္မာႏိုင္ငံျပန္တမ္းအရသိရပါတယ္။

ကုန္သြယ္မႈနဲ႔ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရးဗဟိုေကာ္မတီက ဖြဲ႕စည္းေပးလိုက္တာျဖစ္ၿပီးေတာ့ ေ႐ႊနဲ႔ ေငြေၾကးေဈးကြက္တည္ၿငိမ္မႈက မ်ားစြာအေရးပါတာေၾကာင့္ရယ္၊ ျပည္တြင္းေ႐ႊနဲ႔ ေငြေၾကးေဈးႏႈန္းေတြ တည္ၿငိမ္မႈရွိေစဖို႔ စတာေတြအတြက္ ဖြဲ႕စည္းလိုက္တာလို႔ ျပန္တမ္းေဖာ္ျပခ်က္အရသိရပါတယ္။

ေကာ္မတီဟာ ႏိုင္ငံျခားေငြစီမံခန႔္ခြဲမႈဥပေဒကိုျပင္ဆင္တဲ့ဥပေဒနဲ႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ အမိန႔္ေၾကာ္ျငာစာအမွတ္ (၃၅/၂၀၂၁)၊ (၄၃/၂၀၂၁) နဲ႔ (၄၆/၂၀၂၁) ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြနဲ႔ တည္ဆဲဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ အမိန႔္ၫႊန္ၾကားခ်က္ေတြ အေပၚ လိုက္နာမႈ ရွိ မရွိေတြကို ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ၾကပ္မတ္ေဆာင္႐ြက္သြားဖို႔ရွိေနပါတယ္။

ေကာ္မတီထဲမွာ အဖြဲ႕ဝင္ ၁၉ ဦးအထိပါၿပီး ေထြအုပ္၊စစစ၊အေကာက္ခြန္၊အခြန္ဦးစီးဌာန၊ကုန္သြယ္ေရးစတဲ့ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ေတြလည္း ပါဝင္တာကိုေတြ႕ရပါတယ္။

ေကာ္မတီရဲ႕ လုပ္ပိုင္ခြင့္ေတြထဲမွာ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေဈးကစားဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေရာင္းဝယ္တာေတြကို စိစစ္ေဖာ္ထုတ္ႏိုင္ဖို႔အတြက္ အေရာင္းအဝယ္စာရင္းေတြကို လိုအပ္သလိုစစ္ေဆးတာ၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ထုတ္ျပန္ထားတဲ့ ေငြေပးေခ်မႈစည္းမ်ဥ္းေတြကို လိုက္နာမႈ ရွိ မရွိ စစ္ေဆးတာ​ေတြအျပင္ ျပည္တြင္း ေ႐ႊေဈးကြက္တည္ၿငိမ္မႈကို ပ်က္ျပားေစတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေဆာင္႐ြက္မႈျပဳသူေတြကို စိစစ္ေဖာ္ထုတ္ေစၿပီး အေရးယူေဆာင္႐ြက္တာေတြ၊ ႏိုင္ငံျခားသုံးေငြကိုင္ေဆာင္ ေရာင္း/ဝယ္ခြင့္ရရွိတဲ့ ႏိုင္ငံပိုင္ဘဏ္၊ ပုဂၢလိကဘဏ္နဲ႔ ေငြလဲေကာင္တာ(Money Changer) ေတြရဲ႕ ႏိုင္ငံျခားသုံးေငြ အဝင္အထြက္စာရင္းေတြကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း၊ အမိန႔္ေၾကာ္ျငာစာမ်ား၊ ၫႊန္ၾကားခ်က္ေတြနဲ႔အညီ ေစာင့္ၾကည့္စစ္ေဆးတာ၊ ကုန္ပစၥည္းတင္ပို႔/တင္သြင္းျခင္းဆိုင္ရာ စာ႐ြက္စာတမ္း အေထာက္ အထားေတြ၊ လူပုဂၢိဳလ္နဲ႔ ကုမၸဏီေတြကို လိုအပ္သလို စစ္ေဆးတာနဲ႔ လိုက္နာမႈမရွိသူေတြကိုအေရးယူျခင္းေတြ ႏိုင္ငံျခားေငြေၾကးေတြကို တရားမဝင္ကိုင္ေဆာင္တာ၊ ဥပေဒမဲ့အေရာင္းအဝယ္ျပဳလုပ္တာ၊ေဈးကစားျခင္းျပဳလုပ္သူေတြကို သက္ဆိုင္ရာတာဝန္ရွိသူေတြက စစ္ေဆးေဖာ္ထုတ္ေစၿပီး အေရးယူေစတာ၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ အမိန႔္ေၾကာ္ျငာစာအမွတ္ (၄၃/၂၀၂၁) ပါ က်ပ္သိန္း ၂၀၀ ထက္ပိုမိုတဲ့ေငြေပးေခ်မႈေတြကို ဘဏ္စနစ္အသုံးျပဳၿပီး ေဆာင္႐ြက္မႈ ရွိ မရွိ သက္ဆိုင္ရာဌာနေတြကို စိစစ္ေစၿပီး လိုက္နာမႈမရွိသူေတြကို အေရးယူေဆာင္႐ြက္ေစတာေတြကို ေပးအပ္ထားတာေတြ႕ရပါတယ္။

ဒါ့အျပင္ အိမ္၊ ၿခံေျမနဲ႔ ေမာ္ေတာ္ယာဥ္ကဲ့သို႔ေသာအေျခပစၥည္းေတြကို ေရာင္းဝယ္ၿပီးပိုင္ဆိုင္မႈလႊဲေျပာင္းတာမွာလည္း သက္ဆိုင္ရာဌာနေတြက ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ ​ေငြေပးေခ်မႈကန႔္သတ္ခ်က္မ်ားအတိုင္း လိုက္နာမႈရွိ မရွိ စိစစ္ေစ၍ လိုက္နာမႈမရွိပါက အေရးယူေဆာင္႐ြက္ေစတာ၊ဘဏ္ေတြမွ အပ္ႏွံထားတဲ့ ေငြေတြကို ေငြသားထုတ္ယူရာမွာ ရာခိုင္ႏႈန္းယူၿပီး ေငြသားထုတ္ေပးျခင္း၊ဘဏ္ျပင္ပမွာ ေငြသားလက္ဝယ္ထိန္းသိမ္းထားသူေတြက ဘဏ္အေကာင့္နဲ႔ အပ္ႏွံထားတဲ့ ေငြေတြကို ေငြသားနဲ႔ လဲလွယ္ထုတ္ယူလိုသူေတြကို ရာခိုင္ႏႈန္းယူၿပီး ေငြသားထုတ္ေပးေနတာေတြကို သက္ဆိုင္ရာတာဝန္ရွိသူေတြကို စုံစမ္းစစ္ေဆးေဖာ္ထုတ္ေစၿပီး ပါဝင္ပတ္သက္သူေတြကို အေရးယူ ေဆာင္႐ြက္ေစတာ စတဲ့ လုပ္ပိုင္ခြင့္ေတြကိုလည္း ေပးအပ္ထားတာေတြ႕ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here