ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေး

0
155

ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကိစ္စရပ်တွေအပါအဝင် မြန်မာ့အရေးကိစ္စတွေကို အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဒီကနေ့မှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံကိုသွားရတာက အခြေအနေအမှန်ကို နားလည်ဖို့နဲ့အဓိကပြဿနာကဘာတွေရှိသလဲဆိုတာကို သိဖို့လို့ပြောဆိုခဲ့တာရှိတဲ့အပြင် မြန်မာ့အရေး ဘယ်လိုဖြေရှင်းမလဲဆိုတာ မြန်မာအစိုးရနဲ့ ဆက်ပြီး အလုပ်လုပ်သွားမယ်လို့ လည်း ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင်မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရှုပ်ထွေးပြီး ခက်ခဲနေတဲ့အတွက် ရေတိုအတွင်း ဖြေရှင်းလို့ မရနိုင်ပေမယ့် အရေးကြီးတဲ့ အဖြေတစ်ခုကို ညှိနှိုင်းပြီး မြန်မာပြည်သူများထံ လူသားချင်းစာနာမှု လက်ဆောင်တွေပေးအပ်ခဲ့တဲ့အကြောင်းတွေပါပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။

Zaw Gyi

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ႏွင့္မေလးရွားဝန္ႀကီးခ်ဳပ္တို႔ ျမန္မာ့အေရးေဆြးေႏြး

ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ျမန္မာႏိုင္ငံက ႏိုင္ငံေရးအက်ဥ္းသားအားလုံးကို လႊတ္ေပးဖို႔ ကိစၥရပ္ေတြအပါအဝင္ ျမန္မာ့အေရးကိစၥေတြကို အာဆီယံအလွည့္က်ဥကၠဌ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ မေလးရွားဝန္ႀကီးခ်ဳပ္တို႔ ဒီကေန႔မွာ ထည့္သြင္းေဆြးေႏြးခဲ့ၾကတယ္လို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ျမန္မာႏိုင္ငံကိုသြားရတာက အေျခအေနအမွန္ကို နားလည္ဖို႔နဲ႔အဓိကျပႆနာကဘာေတြရွိသလဲဆိုတာကို သိဖို႔လို႔ေျပာဆိုခဲ့တာရွိတဲ့အျပင္ ျမန္မာ့အေရး ဘယ္လိုေျဖရွင္းမလဲဆိုတာ ျမန္မာအစိုးရနဲ႔ ဆက္ၿပီး အလုပ္လုပ္သြားမယ္လို႔ လည္း ေျပာဆိုခဲ့ပါေသးတယ္။

ဒါ့အျပင္ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ရႈပ္ေထြးၿပီး ခက္ခဲေနတဲ့အတြက္ ေရတိုအတြင္း ေျဖရွင္းလို႔ မရႏိုင္ေပမယ့္ အေရးႀကီးတဲ့ အေျဖတစ္ခုကို ညႇိႏႈိင္းၿပီး ျမန္မာျပည္သူမ်ားထံ လူသားခ်င္းစာနာမႈ လက္ေဆာင္ေတြေပးအပ္ခဲ့တဲ့အေၾကာင္းေတြပါေျပာဆိုေဆြးေႏြးခဲ့တာေတြ႕ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here