ခြေတုလက်တုများတပ်ပေးခြင်းနဲ့ အခြားပရဟိတလုပ်ငန်းများလုပ်ဆောင်ဖို့ အဆင်​ပြေ​စေရန် အဆောက်အဦးဆောက်လုပ်​​နေတဲ့ ခိုင်နှင်းဝေ

0
202

ခြေတုလက်တုများတပ်ပေးခြင်းနဲ့ အခြားပရဟိတလုပ်ငန်းများလုပ်ဆောင်ဖို့ အဆင်​ပြေ​စေရန် အဆောက်အဦးဆောက်လုပ်​​နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေ ကခြေတုလက်တုများတင်ဆင်ပေးခြင်း ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်ပေးခြင်းနဲ့ အခြားပရဟိတအလုပ်များကို လုပ်ဆောင်နိုင်ရန်အတွက် တောင်ဒဂုံ ၁၀၅ ရပ်ကွက်မှာ တန်ဖိုးငွေသိန်း ၃၅၀ရှိတဲ့အဆောက် အဦးလေးဆောက်လုပ်နေတာပဲဖြစ်ပါတယ်။

အခုလိုဆောက်လုပ်ဖြစ်တာနဲ့ပတ်သက်ပြီးခိုင်နှင်းဝေက ” တောင်ဒဂုံ (၁၀၅) ရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးလေး မကြာခင်ပြီးပါတော့မယ်ရှင်..အဆောက်အဦးတန်ဘိုး (မြေမပါ သိန်း(၃၅၀) ဝန်းကျင်ခန့်) ပါ..ဒီနေရာလေးမှာတော့ ခြေတုများတပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ခြင်းနှင့် အခြားပရဟိတ လုပ်ငန်းများ အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေ က အလှူရှင်များရဲ့အလှူငွေများအပြင် သူမရဲ့အနုပညာလုပ်အားခမှရလာတဲ့ ငွေနဲ့စုပေါင်းကာလိုအပ်သူများအတွက်အထောက်အပံ့များကိုတတ်နိုင်သလောက်လေးကူညီဆောင်ရွက်ကူညီပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

Zaw Gyi

ေျခတုလက္တုမ်ားတပ္ေပးျခင္းနဲ႔ အျခားပရဟိတလုပ္ငန္းမ်ားလုပ္ေဆာင္ဖို႔ အဆင္​ေျပ​ေစရန္ အေဆာက္အဦးေဆာက္လုပ္​​ေနတဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝ ကေျခတုလက္တုမ်ားတင္ဆင္ေပးျခင္း ကိုယ္ဝန္ေဆာင္မိခင္မ်ားကို ေစာင့္ေရွာက္ေပးျခင္းနဲ႔ အျခားပရဟိတအလုပ္မ်ားကို လုပ္ေဆာင္ႏိုင္ရန္အတြက္ ေတာင္ဒဂုံ ၁၀၅ ရပ္ကြက္မွာ တန္ဖိုးေငြသိန္း ၃၅၀ရွိတဲ့အေဆာက္ အဦးေလးေဆာက္လုပ္ေနတာပဲျဖစ္ပါတယ္။

အခုလိုေဆာက္လုပ္ျဖစ္တာနဲ႔ပတ္သက္ၿပီးခိုင္ႏွင္းေဝက ” ေတာင္ဒဂုံ (၁၀၅) ရပ္ကြက္မွာ ေဆာက္လုပ္ေနတဲ့ အေဆာက္အဦးေလး မၾကာခင္ၿပီးပါေတာ့မယ္ရွင္..အေဆာက္အဦးတန္ဘိုး (ေျမမပါ သိန္း(၃၅၀) ဝန္းက်င္ခန္႔) ပါ..ဒီေနရာေလးမွာေတာ့ ေျခတုမ်ားတပ္ေပးျခင္း၊ ကိုယ္ဝန္ေဆာင္မ်ား ေစာင့္ေရွာက္ျခင္းႏွင့္ အျခားပရဟိတ လုပ္ငန္းမ်ား အတြက္ အသုံးျပဳသြားမွာျဖစ္ပါတယ္” လို႔ေျပာပါတယ္။

သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝ က အလႉရွင္မ်ားရဲ႕အလႉေငြမ်ားအျပင္ သူမရဲ႕အႏုပညာလုပ္အားခမွရလာတဲ့ ေငြနဲ႔စုေပါင္းကာလိုအပ္သူမ်ားအတြက္အေထာက္အပံ့မ်ားကိုတတ္ႏိုင္သေလာက္ေလးကူညီေဆာင္႐ြက္ကူညီေပးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here