အိုမီခရွန်ရောဂါပိုး ပြည်တွင်းကူးစက်မှုတစ်ရက်တည်း ၇၂ ဦးတွေ့ရှိ

0
178

အိုမီခရွန်ရောဂါပိုး ပြည်တွင်းကူးစက်မှုတစ်ရက်တည်း ၇၂ ဦးတွေ့ရှိ

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးတွေ့ရှိလျက်ရှိကာ ပိုးတွေ့ရှိသူများမှာ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဥ်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနှင့်နိုင်ငံခြားသားအနည်းငယ်တို့ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌အိုမီခရွန်ရောဂါပိုးကူးစက်ခံရမှုမှာ ပြည်ပမှပြန်လာသူတစ်ဦး၏ မိသားစုဝင်နှစ်ဦးတွင်သာ စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ပြည်တွင်းကူးစက်ခံရမှုမှာထပ်မံစစ်ဆေးတွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ထိုသို့ ပြည်တွင်းကူးစက်မှုထပ်မံမတွေ့ရှိရသော်လည်း ဇန်နဝါရီ ၂၈ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကိုဗစ်(၁၉)ရောဂါသံသယလူနာများ၏ ဓါတ်ခွဲနမူနာများ ၈၆ ခုအားစစ်ဆေးရာ အိုမီခရွန်ရောဂါပိုး ၇၂ ခုအားစစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိမှု ၇၂ ခုမှာပြည်တွင်းကူးစက်မှုဖြစ်ပြီး စစ်ကိုင်းတိုင်း၊တမူးမြို့မှ ၄၈ ဦး၊ကလေးမြို့မှ ၂၀ ဦး၊အဆိုပါ ဒေသများမှရောက်ရှိလာသူများမှ တစ်ဆင့်ထပ်မံကူးစက်ခံရသူ ၃ ဦးနှင့်ကိုဗစ်(၁၉)ရောဂါသံသယလူနာများမှအတည်ပြုလူနာ ၁ ဦး တို့ဖြစ်သည်။

ထိုသို့ ထပ်မံတွေ့ရှိခဲ့ရသဖြင့် မြန်မာနိုင်ငံ၌ အိုမီခရွန်ပိုးတွေ့ရှိသူပေါင်း ၂၈၃ ဦးရှိပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ လူနာများအားသီးသန့်ထားရှိကာ ကုသစောင့်ရှောက်လျက်ရှိပြီး ပိုးတွေ့ရှိသူများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။အလားတူ ၎င်းတို့နှင့်အနီးကပ်ထိတွေ့ခဲ့သူများအား အသွားအလာကန့်သတ်ခြင်း (Strict Quarantine)နှင့်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိသည်။

Zaw Gyi

အိုမီခ႐ြန္ေရာဂါပိုး ျပည္တြင္းကူးစက္မႈတစ္ရက္တည္း ၇၂ ဦးေတြ႕ရွိ

ျမန္မာႏိုင္ငံတြင္ အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံရသူမ်ားအား က်န္းမာေရးဝန္ႀကီးဌာနမွ စစ္ေဆးေတြ႕ရွိလ်က္ရွိကာ ပိုးေတြ႕ရွိသူမ်ားမွာ ျပည္ပႏိုင္ငံမ်ားမွ ကယ္ဆယ္ေရးေလယာဥ္ျဖင့္ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ႏိုင္ငံျခားသားအနည္းငယ္တို႔ျဖစ္ေၾကာင္း အဆိုပါ ဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

ျပည္တြင္း၌အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံရမႈမွာ ျပည္ပမွျပန္လာသူတစ္ဦး၏ မိသားစုဝင္ႏွစ္ဦးတြင္သာ စစ္ေဆးေတြ႕ရွိခဲ့ရၿပီးေနာက္ ျပည္တြင္းကူးစက္ခံရမႈမွာထပ္မံစစ္ေဆးေတြ႕ရွိခဲ့ျခင္းမရွိေၾကာင္း သိရသည္။

ထိုသို႔ ျပည္တြင္းကူးစက္မႈထပ္မံမေတြ႕ရွိရေသာ္လည္း ဇန္နဝါရီ ၂၈ ရက္တြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနတြင္ ကိုဗစ္(၁၉)ေရာဂါသံသယလူနာမ်ား၏ ဓါတ္ခြဲနမူနာမ်ား ၈၆ ခုအားစစ္ေဆးရာ အိုမီခ႐ြန္ေရာဂါပိုး ၇၂ ခုအားစစ္ေဆးေတြ႕ရွိခဲ့ရသည္။

အဆိုပါ အိုမီခ႐ြန္ေရာဂါပိုးေတြ႕ရွိမႈ ၇၂ ခုမွာျပည္တြင္းကူးစက္မႈျဖစ္ၿပီး စစ္ကိုင္းတိုင္း၊တမူးၿမိဳ႕မွ ၄၈ ဦး၊ကေလးၿမိဳ႕မွ ၂၀ ဦး၊အဆိုပါ ေဒသမ်ားမွေရာက္ရွိလာသူမ်ားမွ တစ္ဆင့္ထပ္မံကူးစက္ခံရသူ ၃ ဦးႏွင့္ကိုဗစ္(၁၉)ေရာဂါသံသယလူနာမ်ားမွအတည္ျပဳလူနာ ၁ ဦး တို႔ျဖစ္သည္။

ထိုသို႔ ထပ္မံေတြ႕ရွိခဲ့ရသျဖင့္ ျမန္မာႏိုင္ငံ၌ အိုမီခ႐ြန္ပိုးေတြ႕ရွိသူေပါင္း ၂၈၃ ဦးရွိၿပီးျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

အဆိုပါ လူနာမ်ားအားသီးသန႔္ထားရွိကာ ကုသေစာင့္ေရွာက္လ်က္ရွိၿပီး ပိုးေတြ႕ရွိသူမ်ား၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္ေၾကာင္း သိရသည္။အလားတူ ၎တို႔ႏွင့္အနီးကပ္ထိေတြ႕ခဲ့သူမ်ားအား အသြားအလာကန႔္သတ္ျခင္း (Strict Quarantine)ႏွင့္ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈမ်ားအား ေဆာင္႐ြက္လ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here