စစ်ကိုင်းမြို့နေ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးနေအိမ် ချိတ်ပိတ်ခံရ

0
214

စစ်ကိုင်းမြို့နေ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးနေအိမ် ချိတ်ပိတ်ခံရ

စစ်ကိုင်းမြို့၊စိန်ကုန်းရပ်ကွက်၊လေးကျွန်းမြေရပ်ရှိ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးမျိုးဝင်း၏ နေအိမ်အား ဇန်နဝါရီ ၂၈ ရက်နံနက် ၁၀ နာရီခန့်တွင် လုံ ခြုံရေးအဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးမျိုးဝင်းသည် CDM ပြုလုပ်ထားသူတစ်ဦးဖြစ်ကာ နေအိမ်အားချိတ်ပိတ်ရာ၌ ခြံဝင်းကိုပါချိတ်ပိတ်ခဲ့ပြီး နိုင်ငံပိုင်သိမ်းဆည်းမည်ဖြစ်ကြောင်း ဗီနိုင်းဆိုင်းဘုတ်ကပ်ခဲ့ကြသည်။

“တပ်ကြပ်ကြီးက မတ်လထဲက CDM လုပ်သွားတာ အခုမှချိတ်ပိတ်တာ အရပ်ဝတ်နဲ့စစ်သားတွေရဲတွေကော အပိုင်အုပ်ချုပ်ရေးမှူးကောပါလာတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ယာဥ်ထိန်းရဲတပ်ကြပ်ကြီးမျိုးဝင်း၏ နေအိမ်နှင့်ခြံအား ချိတ်ပိတ်ရာတွင် မြေနေရာနှင့်အဆောက်အဦးအား အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက် စပ်ပတ်သက်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည် မကျူးကျော်ရ မရောင်းရဟူသောစာများရေးသားထားသည့် ဗီနိုင်းဆိုင်းဘုတ်များကိုချိတ် ဆွဲထားခဲ့သည်။

Zaw Gyi

စစ္ကိုင္းၿမိဳ႕ေန ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီးေနအိမ္ ခ်ိတ္ပိတ္ခံရ

စစ္ကိုင္းၿမိဳ႕၊စိန္ကုန္းရပ္ကြက္၊ေလးကြၽန္းေျမရပ္ရွိ ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီးမ်ိဳးဝင္း၏ ေနအိမ္အား ဇန္နဝါရီ ၂၈ ရက္နံနက္ ၁၀ နာရီခန္႔တြင္ လုံ ၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္ခ်ိတ္ပိတ္ခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

အဆိုပါ ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီးမ်ိဳးဝင္းသည္ CDM ျပဳလုပ္ထားသူတစ္ဦးျဖစ္ကာ ေနအိမ္အားခ်ိတ္ပိတ္ရာ၌ ၿခံဝင္းကိုပါခ်ိတ္ပိတ္ခဲ့ၿပီး ႏိုင္ငံပိုင္သိမ္းဆည္းမည္ျဖစ္ေၾကာင္း ဗီႏိုင္းဆိုင္းဘုတ္ကပ္ခဲ့ၾကသည္။

“တပ္ၾကပ္ႀကီးက မတ္လထဲက CDM လုပ္သြားတာ အခုမွခ်ိတ္ပိတ္တာ အရပ္ဝတ္နဲ႔စစ္သားေတြရဲေတြေကာ အပိုင္အုပ္ခ်ဳပ္ေရးမႉးေကာပါလာတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီးမ်ိဳးဝင္း၏ ေနအိမ္ႏွင့္ၿခံအား ခ်ိတ္ပိတ္ရာတြင္ ေျမေနရာႏွင့္အေဆာက္အဦးအား အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္ စပ္ပတ္သက္ေနသျဖင့္ ႏိုင္ငံေတာ္ပိုင္သိမ္းဆည္းမည္ မက်ဴးေက်ာ္ရ မေရာင္းရဟူေသာစာမ်ားေရးသားထားသည့္ ဗီႏိုင္းဆိုင္းဘုတ္မ်ားကိုခ်ိတ္ ဆြဲထားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here