ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ် ပစ်ခတ်မီးရှို့ခံရဟု နစက ထုတ်ပြန်

0
112

ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ် ပစ်ခတ်မီးရှို့ခံရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊အောင်ဇေယျမြို့သစ်ရှိ ကျောင်းထိုင်ဆရာတော်အပါအဝင် ၃၂ ပါးသီတင်းသုံးနေထိုင်သည့် သီတဂူချင်းတွင်းသာမဏေကျော် ဗုဒ္ဓတက္ကသိုလ်သည် ဇန်နဝါရီ ၂၇ ရက်ည ၁၀ နာရီ ၄၅ မိနစ်က လက်လုပ်စိတ်ပြောင်းများ၊မီးတုတ်များဖြင့် ပစ်ခတ်မီးရှို့ခြင်းခံခဲ့ရသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျောင်းဝင်းအတွင်းသို့ ဗုံးသီးများကျရောက် ပေါက်ကွဲခဲ့ပြီး မီးတုတ်များဖြင့်ထပ်မံပစ်ခတ်မှုကြောင့် မီးလောင်မှုများဖြစ်ပွားခဲ့သည်။

မီးလောင်မှုအား လုံခြုံရေးအဖွဲ့ဝင်များနှင့်မီးသတ်အဖွဲ့ဝင်များက မိနစ် ၃၀ ခန့်ကြာ ငြိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် စာသင်သားသံဃာတော်များ သီတင်းသုံးနေထိုင်ရာ ထန်းရွက်မိုး၊ထရံကာအ ဆောက်အဦး ၂ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးလျက်ရှိသည်။

Zaw Gyi

ယင္းမာပင္ၿမိဳ႕နယ္ရွိ သီတဂူခ်င္းတြင္းသာမေဏေက်ာ္ဗုဒၶတကၠသိုလ္ ပစ္ခတ္မီးရႈိ႕ခံရဟု နစက ထုတ္ျပန္

စစ္ကိုင္းတိုင္း၊ယင္းမာပင္ၿမိဳ႕နယ္၊ေအာင္ေဇယ်ၿမိဳ႕သစ္ရွိ ေက်ာင္းထိုင္ဆရာေတာ္အပါအဝင္ ၃၂ ပါးသီတင္းသုံးေနထိုင္သည့္ သီတဂူခ်င္းတြင္းသာမေဏေက်ာ္ ဗုဒၶတကၠသိုလ္သည္ ဇန္နဝါရီ ၂၇ ရက္ည ၁၀ နာရီ ၄၅ မိနစ္က လက္လုပ္စိတ္ေျပာင္းမ်ား၊မီးတုတ္မ်ားျဖင့္ ပစ္ခတ္မီးရႈိ႕ျခင္းခံခဲ့ရသည္ဟု နစက ကထုတ္ျပန္ခဲ့သည္။

လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ေက်ာင္းဝင္းအတြင္းသို႔ ဗုံးသီးမ်ားက်ေရာက္ ေပါက္ကြဲခဲ့ၿပီး မီးတုတ္မ်ားျဖင့္ထပ္မံပစ္ခတ္မႈေၾကာင့္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့သည္။

မီးေလာင္မႈအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္မီးသတ္အဖြဲ႕ဝင္မ်ားက မိနစ္ ၃၀ ခန္႔ၾကာ ၿငိမ္းသတ္ခဲ့ရသည္။

မီးေလာင္မႈေၾကာင့္ စာသင္သားသံဃာေတာ္မ်ား သီတင္းသုံးေနထိုင္ရာ ထန္း႐ြက္မိုး၊ထရံကာအ ေဆာက္အဦး ၂ လုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့သည္ဟု နစက ကထုတ္ျပန္ခဲ့သည္။

ျဖစ္စဥ္မွျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ ေဆးလ်က္ရွိသည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here