မန်းရွှေစက်တော်ဘုရားပွဲတော်နှင့် မန်းချောင်းအပန်းဖြေဆင်စခန်းကို ဖေဖော်ဝါရီ(၅)ရက်တွင်ဖွင့်လှစ်မည်

0
310

မန်းရွှေစက်တော်ဘုရားပွဲတော်နှင့် မန်းချောင်းအပန်းဖြေဆင်စခန်းကို ဖေဖော်ဝါရီ(၅)ရက်တွင်ဖွင့်လှစ်မည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံ၏ ပြောကြားချက်ကိုကိုးကားပြီး မကွေးတိုင်းအစိုးရအဖွဲ့က ပြောဆိုသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ယခုနှစ်တွင် အစဉ်အလာမပျက် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် (တပို့တွဲလဆန်း ၅ ရက်)နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည့်အပြင် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကိုလည်း အဆိုပါနေ့တွင် တစ်ပြိုင်နက်ထဲ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုရားပွဲတော်ကာလမှာ တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့က ဆိုသည်။

ဘုရားပွဲတော်နှင့် ဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများအဖွဲ့က ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးဖြစ်သည်ဟုလည်းသိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို အစဉ်အလာမပျက် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးဖွင့်လှစ်နိုင်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

Zaw Gyi

မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႏွင့္ မန္းေခ်ာင္းအပန္းေျဖဆင္စခန္းကို ေဖေဖာ္ဝါရီ(၅)ရက္တြင္ဖြင့္လွစ္မည္

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ မင္းဘူး(စကု) ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္ႏွင့္ ေ႐ႊစက္ေတာ္မန္းေခ်ာင္း အပန္းေျဖဆင္စခန္းကို ယခုႏွစ္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ တစ္ၿပိဳင္နက္ထဲ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီထံ၏ ေျပာၾကားခ်က္ကိုကိုးကားၿပီး မေကြးတိုင္းအစိုးရအဖြဲ႕က ေျပာဆိုသည္။

မန္းေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္ကို ယခုႏွစ္တြင္ အစဥ္အလာမပ်က္ ကိုဗစ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ၂၀၂၂ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္ (တပို႔တြဲလဆန္း ၅ ရက္)ေန႔တြင္ ဖြင့္လွစ္သြားမည္ျဖစ္သည့္အျပင္ ေ႐ႊစက္ေတာ္မန္းေခ်ာင္း အပန္းေျဖဆင္စခန္းကိုလည္း အဆိုပါေန႔တြင္ တစ္ၿပိဳင္နက္ထဲ ဖြင့္လွစ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဘုရားပြဲေတာ္ကာလမွာ တပို႔တြဲလဆန္း ၅ ရက္ေန႔မွ ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔အထိျဖစ္သည္ဟု တိုင္းအစိုးရအဖြဲ႕က ဆိုသည္။

ဘုရားပြဲေတာ္ႏွင့္ ဆင္စခန္း ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ေနမႈမ်ားကို တာဝန္ရွိသူမ်ားအဖြဲ႕က ဇန္နဝါရီ ၂၈ ရက္ေန႔ နံနက္ပိုင္းက သြားေရာက္ကြင္းဆင္းၾကည့္ရႈစစ္ေဆးခဲ့ၿပီးျဖစ္သည္ဟုလည္းသိရသည္။

မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို အစဥ္အလာမပ်က္ ကိုဗစ္-၁၉ စည္းကမ္းခ်က္မ်ားႏွင့္အညီ အက်ဥ္းခ်ဳံးဖြင့္လွစ္ႏိုင္ရန္လည္း စီစဥ္ထားသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here