စမ်းချောင်းမြို့နယ်နေ မိတ်ကပ် Gucci Aung ၏ Face book အကောင့် အပါအဝင် ၂၄ ခုအား အသံတိတ်သပိတ်ပြုလုပ်ရန်ပို့စ်တင်၍ဖမ်းဆီးအမှုဖွင့်

0
189

စမ်းချောင်းမြို့နယ်နေ မိတ်ကပ် Gucci Aung ၏ Face book အကောင့်အပါအဝင် ၂၄ ခုအား အသံတိတ်သပိတ်ပြုလုပ်ရန်ပို့စ်တင်၍ဖမ်းဆီးအမှုဖွင့်

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊မုန့်လုပ်ဆောင်း (တောင်)ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Gucci Aung “မိတ်ကပ်အလှပြင်ဆိုင်”ပိုင်ရှင် Gucci Aung(ခ)အောင်ကိုလင်း(၄၁)နှစ်အား အသံတိတ်သပိတ်ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ၎င်း၏ Face book အကောင့်၌ ပို့စ်တင်ခြင်းများပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

မိတ်ကပ် Gucci Aung နည်းတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ Face book အကောင့်များနှင့် Face book Page ၂၃ ခုကိုလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်ရည် ရွယ်ကာ အသံတိတ်သပိတ်ပြုလုပ်ခြင်းနှင့်ပတ် သက်၍ ရေးသားလှုံ့ဆော်ပို့စ်တင်ခြင်းများပြု လုပ်ခဲ့သဖြင့် ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ဖမ်းဆီးအမှုဖွင့်ခဲ့သည်။

ထိုသို့ ရေးသားလှုံ့ဆော်ပို့စ်တင်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ -၅၂(က)၊ရာဇသတ်ကြီးပုဒ်မ-၁၂၄-က နှင့် ပုဒ်မ- ၅၀၅(က)၊အီလက်ထရောနစ်ဆက်သွယ်ရေးဥပ ဒေပုဒ်မ-၃၃(က)နှင့်တည်ဆဲဥပဒေများအရ အ ရေးယူခံရမည်ဟု နစက ကဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာထားခဲ့သည်။

ဥပဒေပုဒ်မများဖြင့်အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုထင်ရှားပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟုလည်း နစက ကထုတ်ပြန်ခဲ့သည်။

Zaw Gyi

စမ္းေခ်ာင္းၿမိဳ႕နယ္ေန မိတ္ကပ္ Gucci Aung ၏ Face book အေကာင့္အပါအဝင္ ၂၄ ခုအား အသံတိတ္သပိတ္ျပဳလုပ္ရန္ပို႔စ္တင္၍ဖမ္းဆီးအမႈဖြင့္

ရန္ကုန္ၿမိဳ႕၊စမ္းေခ်ာင္းၿမိဳ႕နယ္၊မုန္႔လုပ္ေဆာင္း (ေတာင္)ရပ္ကြက္တြင္ ဖြင့္လွစ္ထားသည့္ Gucci Aung “မိတ္ကပ္အလွျပင္ဆိုင္”ပိုင္ရွင္ Gucci Aung(ခ)ေအာင္ကိုလင္း(၄၁)ႏွစ္အား အသံတိတ္သပိတ္ျပဳလုပ္ျခင္းႏွင့္ပတ္သက္၍ ၎၏ Face book အေကာင့္၌ ပို႔စ္တင္ျခင္းမ်ားျပဳလုပ္ခဲ့သျဖင့္ ဖမ္းဆီးအမႈဖြင့္ထားသည္ဟု နစက ကထုတ္ျပန္ခဲ့သည္။

မိတ္ကပ္ Gucci Aung နည္းတူ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးမွ Face book အေကာင့္မ်ားႏွင့္ Face book Page ၂၃ ခုကိုလည္း ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကိုပ်က္ျပားေစရန္ရည္ ႐ြယ္ကာ အသံတိတ္သပိတ္ျပဳလုပ္ျခင္းႏွင့္ပတ္ သက္၍ ေရးသားလႈံ႕ေဆာ္ပို႔စ္တင္ျခင္းမ်ားျပဳ လုပ္ခဲ့သျဖင့္ ဇန္နဝါရီ ၂၇ ရက္ႏွင့္ ၂၈ ရက္ေန႔တို႔တြင္ ဖမ္းဆီးအမႈဖြင့္ခဲ့သည္။

ထိုသို႔ ေရးသားလႈံ႕ေဆာ္ပို႔စ္တင္ျခင္းမ်ားျပဳလုပ္ပါက အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ -၅၂(က)၊ရာဇသတ္ႀကီးပုဒ္မ-၁၂၄-က ႏွင့္ ပုဒ္မ- ၅၀၅(က)၊အီလက္ထေရာနစ္ဆက္သြယ္ေရးဥပ ေဒပုဒ္မ-၃၃(က)ႏွင့္တည္ဆဲဥပေဒမ်ားအရ အ ေရးယူခံရမည္ဟု နစက ကဇန္နဝါရီ ၂၅ ရက္တြင္ ထုတ္ျပန္ေၾကညာထားခဲ့သည္။

ဥပေဒပုဒ္မမ်ားျဖင့္အေရးယူခံရမည့္အျပင္ ျပစ္မႈႏွင့္သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း၊မေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားအား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒအရ ျပစ္မႈထင္ရွားပါက ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းမည္ဟုလည္း နစက ကထုတ္ျပန္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here