ဆောတိမြို့နယ်ရှိ ကျေးရွာသုံးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ ၅၀၀ နီးပါးထွက် ပြေးတိမ်းရှောင်

0
139

ဆောတိမြို့နယ်ရှိ ကျေးရွာသုံးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ ၅၀၀ နီးပါးထွက် ပြေးတိမ်းရှောင်

ညောင်လေးပင်ခရိုင်၊ဆောတိမြို့နယ်အတွင်း ဇန်နဝါရီ ၂၇ ရက်နံနက်အစောပိုင်းမှစတင်၍ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNLA တို့ကြားတွင် တိုက်ပွဲများဖြစ်ပွားကာ လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုသည် ဆောတိမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအနီးတွင်လည်းဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် ကော်ကပ်၊ခမောက်ခွင်၊မိုးဘောကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်အချို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသူ၊ရွာသား ၅၀၀ နီးပါးခန့်မှာ ကျေးရွာများအားစွန့်ခွာ၍ နီးစပ်ရာတိုက်ပွဲဖြစ်ပွားမှုနှင့်လွတ်ကင်းသည့် တောထဲ၌တိမ်းရှောင်နေရသည်။

“ယာယီတဲထိုးနေရတာပေါ့ ရွာနားလေးမှာဖြစ်တော့ သေနတ်သံတွေကဆက်တိုက်ကြားနေရတာ အကုန်လုံးကလည်းဘယ်အချိန်ရွာထဲကျည်ဝင်လာမလဲ လက်နက်ကြီးကျမလဲဆိုတာစိတ်ပူနေရတာကြောင့် ထွက်လာခဲ့တာ ကိုယ့်အိမ်လိုမဟုတ်တော့လည်းအခက်အခဲရှိတာပေါ့ ပိုဆိုးတာက ရာသီဥတုအရမ်းအေးတယ် ကလေးတွေနဲ့လူကြီးတွေအေးတဲ့ဒဏ်မခံနိုင်ကြတာ”ဟုစစ်ဘေးရှောင် ကော်ကပ်ကျေးရွာသားတစ်ဦးကပြောသည်။

စစ်ဘေးရှောင် ရွာသူ၊ရွာသားများအား ဆောတိမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများနှင့်အလှူရှင်များက လိုအပ်သည့်ကူညီမှုများအား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Zaw Gyi

ေဆာတိၿမိဳ႕နယ္ရွိ ေက်း႐ြာသုံး႐ြာအနီး တိုက္ပြဲျဖစ္ပြားမႈမ်ားေၾကာင့္ ေဒသခံ ၅၀၀ နီးပါးထြက္ ေျပးတိမ္းေရွာင္

ေညာင္ေလးပင္ခ႐ိုင္၊ေဆာတိၿမိဳ႕နယ္အတြင္း ဇန္နဝါရီ ၂၇ ရက္နံနက္အေစာပိုင္းမွစတင္၍ နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ KNLA တို႔ၾကားတြင္ တိုက္ပြဲမ်ားျဖစ္ပြားကာ လက္နက္ႀကီးပစ္ခတ္မႈမ်ားျဖစ္ေပၚခဲ့သည္။

တိုက္ပြဲျဖစ္ပြားမႈသည္ ေဆာတိၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာသုံး႐ြာအနီးတြင္လည္းျဖစ္ပြားေနျခင္းျဖစ္သည္။

ထိုသို႔ ျဖစ္ပြားမႈေၾကာင့္ ေကာ္ကပ္၊ခေမာက္ခြင္၊မိုးေဘာေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီးက်ည္အခ်ိဳ႕က်ေရာက္ေပါက္ကြဲခဲ့သျဖင့္ ႐ြာသူ၊႐ြာသား ၅၀၀ နီးပါးခန္႔မွာ ေက်း႐ြာမ်ားအားစြန္႔ခြာ၍ နီးစပ္ရာတိုက္ပြဲျဖစ္ပြားမႈႏွင့္လြတ္ကင္းသည့္ ေတာထဲ၌တိမ္းေရွာင္ေနရသည္။

“ယာယီတဲထိုးေနရတာေပါ့ ႐ြာနားေလးမွာျဖစ္ေတာ့ ေသနတ္သံေတြကဆက္တိုက္ၾကားေနရတာ အကုန္လုံးကလည္းဘယ္အခ်ိန္႐ြာထဲက်ည္ဝင္လာမလဲ လက္နက္ႀကီးက်မလဲဆိုတာစိတ္ပူေနရတာေၾကာင့္ ထြက္လာခဲ့တာ ကိုယ့္အိမ္လိုမဟုတ္ေတာ့လည္းအခက္အခဲရွိတာေပါ့ ပိုဆိုးတာက ရာသီဥတုအရမ္းေအးတယ္ ကေလးေတြနဲ႔လူႀကီးေတြေအးတဲ့ဒဏ္မခံႏိုင္ၾကတာ”ဟုစစ္ေဘးေရွာင္ ေကာ္ကပ္ေက်း႐ြာသားတစ္ဦးကေျပာသည္။

စစ္ေဘးေရွာင္ ႐ြာသူ၊႐ြာသားမ်ားအား ေဆာတိၿမိဳ႕နယ္အတြင္းရွိ လူမႈကူညီေရးအသင္းမ်ားႏွင့္အလႉရွင္မ်ားက လိုအပ္သည့္ကူညီမႈမ်ားအား ကူညီေဆာင္႐ြက္ေပးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here