အရှေ့ဒဂုံ ဘုန်းကြီးကျောင်းမှာလစဥ်ဆွမ်းစရိတ်အနေနဲ့လှူဖြစ်တယ်ဆိုတဲ့ ဝါဝါအောင်

0
284

အရှေ့ဒဂုံ ဘုန်းကြီးကျောင်းမှာလစဥ်ဆွမ်းစရိတ်အနေနဲ့လှူဖြစ်တယ်ဆိုတဲ့ ဝါဝါအောင်

ဝါဝါအောင်တို့မိသားစုအနေနဲ့ အရှေ့ဒဂုံဘုန်းကြီးကျောင်းမှာ လစဥ်ဆွမ်းစရိတ်အနေနဲ့ လှူဒါန်းခဲ့သလို လွန်ခဲ့တဲ့လဆန်းလောက်ကလည်း ဘုန်းကြီးကျောင်းအုတ်တံတိုင်း တစ်​နေရာစာအနေနဲ့ အလှူငွေများထပ်မံလှူဒါန်းခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီး ဝါဝါအောင်က” အန်တီဝါတို့လှူဖြစ်တာကတော့ လစဥ်အ​နေနဲ့ အန်တီဝါတို့ကဆွမ်းစရိတ်ကို အရှေ့ဒဂုံကဘုန်းကြီးကျောင်းမှာ လတိုင်းလှူဖြစ်တယ်။ ဒီအပြင်အုတ်တံတိုင်း တနေရာစာ ၃ သိန်းခွဲကိုလည်း လဆန်းလောက်က လှူဖြစ်တယ် ” လို့ပြောပါတယ်။

ဝါဝါအောင် အနေနဲ့ အနုပညာအလုပ်များကိုနှစ်ပေါင်းများစွာရိုက်ကူးလာတဲ့သူဖြစ်တဲ့အပြင် သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here