မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ရပ်ကျေးရုံး လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ တစ်ဦးဒဏ်ရာရ

0
206

မန္တလေး အောင်မြေသာစံမြို့နယ်ရှိ ရပ်ကျေးရုံး လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရ တစ်ဦးဒဏ်ရာရ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ညောင်ပင်စျေးအနီး၊ ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းပေါ်ရှိ ရပ်ကျေးရုံးအား ဆိုင်ကယ်စီးလာသူနှစ်ဦးက ဇန်နဝါရီ ၂၉ ရက်နေ့လည် ၁ နာရီခန့်တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးသည် ရပ်ကျေးရုံးအားလက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု ညောင်ပင်စျေးအနီးနေသူများထံမှ သိရသည်။

“စစ်သားတစ်ယောက်ထိသွားတယ် မစိုးရိမ်ရပါဘူး နန်းတွင်းဆေးရုံမှာကုသမှုခံယူနေတယ် တ ခြားထိခိုက်တဲ့လူမရှိပါဘူး”ဟုရဲအရာရှိတစ်ဦးကပြောသည်။

လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးရုံးအဆောက်အဦး၏ ရှေ့မျက်နှာစာမှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

“ဗုံးပေါက်ပြီး သိပ်မကြာဘူး လူနာတင်ကားရောက်လာတယ် စစ်ကားတွေလည်းအများကြီးပဲရောက်လာတယ် စစ်ဆေးတာတွေကတော့ ရပ်ကွက်တွေထဲအထိပါလိုက်စစ်တယ် CCTV မှတ်တမ်းတွေကိုလည်းကြည့်ပြီး ဆိုင်ကယ်တွေကိုအသေးစိတ်စစ်တယ်”ဟုညောင်ပင်စျေးအနီးနေသူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအားစစ်ဆေးကာ ၁၉ လမ်းအားယာယီပိတ်ဆို့၍ ဖြတ် သန်းသွားလာနေသည့် ဆိုင်ကယ်များအား အဓိကထားစစ်ဆေးခဲ့ကြသည်။

Zaw Gyi


မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ညောင်ပင်ဈေးအနီး၊ ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းပေါ်ရှိ ရပ်ကျေးရုံးအား ဆိုင်ကယ်စီးလာသူနှစ်ဦးက ဇန်နဝါရီ ၂၉ ရက်နေ့လည် ၁ နာရီခန့်တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးသည် ရပ်ကျေးရုံးအားလက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု ညောင်ပင်ဈေးအနီးနေသူများထံမှ သိရသည်။



“ဗုံးပေါက်ပြီး သိပ်မကြာဘူး လူနာတင်ကားရောက်လာတယ် စစ်ကားတွေလည်းအများကြီးပဲရောက်လာတယ် စစ်ဆေးတာတွေကတော့ ရပ်ကွက်တွေထဲအထိပါလိုက်စစ်တယ် CCTV မှတ်တမ်းတွေကိုလည်းကြည့်ပြီး ဆိုင်ကယ်တွေကိုအသေးစိတ်စစ်တယ်”ဟုညောင်ပင်ဈေးအနီးနေသူတစ်ဦးကပြောသည်။



LEAVE A REPLY

Please enter your comment!
Please enter your name here