ကသာမြို့နယ်YCDC ရုံး၌ယနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
200

ကသာမြို့နယ်YCDC ရုံး၌ယနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ကသာမြို့၊လမ်းမတော်လမ်းရှိ မြို့ နယ်စည်ပင်ရုံးဝင်းအတွင်း ဇန်နဝါရီ ၃၀ ရက်(ယ နေ့)နံနက် ၁၀ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ဗုံးပေါက်သံတော့ကြားတယ် စည်ပင်ရုံးထဲက ဒီနေ့ရုံးပိတ်ရက်ဖြစ်နေတာတော်သေးတယ်ပြောရမယ် အရင်နေ့ကဆိုရင် စည်ပင်ရုံးမှာလူများတယ် ဒီနေ့လူမရှိတော့ထိခိုက်တဲ့လူလည်းမရှိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

မြို့နယ်စည်ပင်ရုံးဝင်းအတွင်းပေါက်ကွဲမှုသည် စည်ပင်အင်ဂျင်နီယာမှူး၏ရုံးခန်းအတွင်းမှပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ပြတင်းတံခါးမှန်များနှင့်အ ဆောက်အဦး၏နေရာအချို့ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည်။

အခင်းဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ လက်လုပ်ဗုံးအပိုင်းအစများအားရုံးခန်းအတွင်းမှသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စစ်ဆေးပြီးတာနဲ့ထူးခြားမှုမရှိလို့နဲ့တူတယ်ပြန်သွားကြတယ် ဒါပေမယ့် သူတို့လာစစ်တဲ့အချိန်ကတော့ ရပ်ကွက်တွေထဲအထိပါလိုက်စစ်တာ”ဟုဒေသခံတစ်ဦးကပြောသည်။

Zaw Gyi

ကသာၿမိဳ႕နယ္YCDC ႐ုံး၌ယေန႔ဗုံးေပါက္ကြဲမႈျဖစ္ပြား

စစ္ကိုင္းတိုင္း၊ကသာၿမိဳ႕၊လမ္းမေတာ္လမ္းရွိ ၿမိဳ႕ နယ္စည္ပင္႐ုံးဝင္းအတြင္း ဇန္နဝါရီ ၃၀ ရက္(ယ ေန႔)နံနက္ ၁၀ နာရီေက်ာ္ခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“ဗုံးေပါက္သံေတာ့ၾကားတယ္ စည္ပင္႐ုံးထဲက ဒီေန႔႐ုံးပိတ္ရက္ျဖစ္ေနတာေတာ္ေသးတယ္ေျပာရမယ္ အရင္ေန႔ကဆိုရင္ စည္ပင္႐ုံးမွာလူမ်ားတယ္ ဒီေန႔လူမရွိေတာ့ထိခိုက္တဲ့လူလည္းမရွိဘူး”ဟုေဒသခံတစ္ဦးကေျပာသည္။

ၿမိဳ႕နယ္စည္ပင္႐ုံးဝင္းအတြင္းေပါက္ကြဲမႈသည္ စည္ပင္အင္ဂ်င္နီယာမႉး၏႐ုံးခန္းအတြင္းမွေပါက္ ကြဲခဲ့ျခင္းျဖစ္ၿပီး ျပတင္းတံခါးမွန္မ်ားႏွင့္အ ေဆာက္အဦး၏ေနရာအခ်ိဳ႕ပ်က္စီးမႈမ်ားျဖစ္ေပၚ ခဲ့သည္။

အခင္းျဖစ္ၿပီးေနာက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးရာ လက္လုပ္ဗုံးအပိုင္းအစမ်ားအား႐ုံးခန္းအတြင္းမွသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

“စစ္ေဆးၿပီးတာနဲ႔ထူးျခားမႈမရွိလို႔နဲ႔တူတယ္ျပန္သြားၾကတယ္ ဒါေပမယ့္ သူတို႔လာစစ္တဲ့အခ်ိန္ကေတာ့ ရပ္ကြက္ေတြထဲအထိပါလိုက္စစ္တာ”ဟုေဒသခံတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here