လှိုင်မြို့နယ် သီရိမင်္ဂလာစျေးရှေ့တွင် ကားလေးစီးတိုက် ထိခိုက်ဒဏ်ရာရသူများရှိ

0
128

လှိုင်မြို့နယ် သီရိမင်္ဂလာစျေးရှေ့တွင် ကားလေးစီးတိုက် ထိခိုက်ဒဏ်ရာရသူများရှိ

ရန်ကုန်မြို့၊လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးရှေ့တွင် ယနေ့နံနက်ပိုင်းက YBS ခရီးသည်တင်ကားသုံးစီးနှင့်စက်ရုံကြိုပို့ကားတစ်စီးတို့ တိုက်မိခဲ့သည်ဟု ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအ‌ထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

YBS ခရီးသည်တင်ကားမှ၎င်းရှေ့ရှိ YBS ခရီးသည်တင်ကားအားတိုက်မိရာမှ အခြား YBS ခရီးသည်တင်ကားနှင့်စက်ရုံကြိုပို့ကားတို့အား ဆင့်တိုက်မိခြင်းဖြစ်သည်။

ကားလေးစီးဆင့်တိုက်မှုကြောင့် ၇ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ အရေးပေါ်ဆေးကုသခြင်းများပြုလုပ်၍ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့သည်။

“ဒဏ်ရာရ ၇ ယောက်ထဲမှာ ၄ ယောက်ကိုကျွန်မတို့အသင်းကားနဲ့ပို့ပေးလိုက်တယ် နောက် ၃ ယောက်ကတော့ လှိုင်အခြေစိုက်လူမှုကူညီရေးအသင်းကားနဲ့ပို့တယ် ကျွန်မတို့ဆေးရုံပို့ပေးတဲ့အထဲက တစ်ယောက်ကတော့ ခေါင်းထိထားလို့စိုးရိမ်ရတဲ့အနေအထားရှိတယ်”ဟု ရွှေရောင်သမိုင်းအသင်း၏ တာဝန်ရှိသူကပြောသည်။

ဖြစ်စဥ်တွင် YBS ခရီးသည်တင်ကား သုံးစီးနှင့်စက်ရုံကြိုပို့ကားတို့မှ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ စတင်တိုက်မိသည့် YBS ခရီးသည်တင်ကားမှာ ပျက်စီးမှုပိုမိုများပြားခဲ့သည်ဟု သိရသည်။

Zaw Gyi

လႈိင္ၿမိဳ႕နယ္ သီရိမဂၤလာေစ်းေရွ႕တြင္ ကားေလးစီးတိုက္ ထိခိုက္ဒဏ္ရာရသူမ်ားရွိ

ရန္ကုန္ၿမိဳ႕၊လႈိင္ၿမိဳ႕နယ္ရွိ သီရိမဂၤလာေစ်းေရွ႕တြင္ ယေန႔နံနက္ပိုင္းက YBS ခရီးသည္တင္ကားသုံးစီးႏွင့္စက္႐ုံႀကိဳပို႔ကားတစ္စီးတို႔ တိုက္မိခဲ့သည္ဟု ေ႐ႊေရာင္သမိုင္းအေရးေပၚကယ္ဆယ္ေရးႏွင့္လူမႈအ‌ေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းမွ သိရသည္။

YBS ခရီးသည္တင္ကားမွ၎ေရွ႕ရွိ YBS ခရီးသည္တင္ကားအားတိုက္မိရာမွ အျခား YBS ခရီးသည္တင္ကားႏွင့္စက္႐ုံႀကိဳပို႔ကားတို႔အား ဆင့္တိုက္မိျခင္းျဖစ္သည္။

ကားေလးစီးဆင့္တိုက္မႈေၾကာင့္ ၇ ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေ႐ႊေရာင္သမိုင္းအေရးေပၚကယ္ဆယ္ေရးႏွင့္လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအသင္းမွ အေရးေပၚေဆးကုသျခင္းမ်ားျပဳလုပ္၍ ေျမာက္ဥကၠလာပေဆး႐ုံႀကီးသို႔ ေဆးကုသရန္ပို႔ေဆာင္ေပးခဲ့သည္။

“ဒဏ္ရာရ ၇ ေယာက္ထဲမွာ ၄ ေယာက္ကိုကြၽန္မတို႔အသင္းကားနဲ႔ပို႔ေပးလိုက္တယ္ ေနာက္ ၃ ေယာက္ကေတာ့ လႈိင္အေျခစိုက္လူမႈကူညီေရးအသင္းကားနဲ႔ပို႔တယ္ ကြၽန္မတို႔ေဆး႐ုံပို႔ေပးတဲ့အထဲက တစ္ေယာက္ကေတာ့ ေခါင္းထိထားလို႔စိုးရိမ္ရတဲ့အေနအထားရွိတယ္”ဟု ေ႐ႊေရာင္သမိုင္းအသင္း၏ တာဝန္ရွိသူကေျပာသည္။

ျဖစ္စဥ္တြင္ YBS ခရီးသည္တင္ကား သုံးစီးႏွင့္စက္႐ုံႀကိဳပို႔ကားတို႔မွ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ကာ စတင္တိုက္မိသည့္ YBS ခရီးသည္တင္ကားမွာ ပ်က္စီးမႈပိုမိုမ်ားျပားခဲ့သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here