မြန်မာနိုင်ငံအတွင်းက Tik Tok သုံးသူတွေ ဘေးကင်းလုံခြုံရေးဖို့အတွက် မွမ်းမံပြင်ဆင်သွားမယ်

0
159

မြန်မာနိုင်ငံမှာသာမကပဲ ကမ္ဘာတဝှမ်းမှာအသုံးပြုတဲ့သူများတဲ့ Short Video ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Tik Tok ဟာလူကြိုက်များစိတ်ဝင်စားတဲ့အရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက Tik Tok သုံးတဲ့သူတွေရဲ့ လုံခြုံရေးနဲ့ဘေးကင်းစေဖို့အတွက် ဘေးကင်းလုံ ခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ၊လမ်းညွှန်ချက်တွေ၊ခွဲခမ်းစိတ်ဖြာမှုတွေကို မွမ်းမံပြင်ဆင်သွားမယ်လို့ သိရပါတယ်။

“TikTok ကိုလူမှုအသိုင်းအဝိုင်းထဲက ဖျော်ဖြေရေး အကြောင်းအရာတွေကို စူးစမ်းရှာဖွေရင်းနဲ့ပဲ သူတို့ရဲ့တီထွင်ဖန်တီးမှုတွေကိုမျှဝေနိုင်ဖို့ ဘေးကင်းလုံခြုံတဲ့ပလက်ဖောင်းဖြစ်ဖို့အတွက် ကျွမ်းကျင်သူတွေကဦးစားပေးလုပ်ကိုင်နေပါတယ် TikTok ရဲ့ Trust and Safety အဖွဲ့က လူမှုအသိုင်းအဝိုင်းကိုကာကွယ်စောင့်ရှောက်ဖို့ အဓိကထားပြီး လုပ် ငန်းအမျိုးမျိုးကို ဆောင်ရွက်နေပါတယ်”လို့ TikTok ရဲ့ Public Policy Manager မကြူကြူသိန်းကပြောပါတယ်။

TikTok ရဲ့လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်တွေမှာ စံနှုန်းတွေနဲ့လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို သတ်မှတ်ဖော်ပြထားပြီး အဲဒီလမ်းညွှန်ချက်တွေမှာ ဘယ်အရာကိုခွင့်ပြုပြီး ဘယ်အရာကို တားမြစ်ထားတယ်ဆိုတာကို လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။

TikTok ရဲ့ မူဝါဒဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကလည်း ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ကြို တင်ကာကွယ်ရင်း တီထွင်ဖန်တီးမှုဆိုင်ရာတွေကို လုပ်ဆောင်နိုင်ဖို့ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်တွေကို အဆက်မပြတ်စစ်ဆေးအကဲဖြတ်နေကြပါတယ်။

အလားတူပဲ Tik Tok ရဲ့မူဝါဒတွေကိုချိုးဖောက်ခဲ့တဲ့ ဗီဒီယိုတွေထဲက ၈၇ ဒသမ ၅ ရာခိုင်နှုန်းကို ဘယ်သူမှမကြည့်ရသေးခင်ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Zaw Gyi

16:21

Reply
Copy Selected Text
Pin
Forward
Select
Report
Delete

LEAVE A REPLY

Please enter your comment!
Please enter your name here