ရွှေဘိုမြို့နယ်ရှိ လေးရွာစုအုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူ သေနတ်ဖြင့်ပစ်သတ်ခံရ

0
213

ရွှေဘိုမြို့နယ်ရှိ လေးရွာစုအုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူ သေနတ်ဖြင့်ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊လေးရွာစုအုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဝင်းနှင့်သားဖြစ်သူတို့သည် ဖေဖော်ဝါရီ ၅ ရက်မွန်းလွဲ ၂ နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ လေးရွာစုအုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဝင်းသည် အသက်(၅၀)နှစ်ခန့်အရွယ်ရှိကာ ဆိပ်ခွန်ရွာ၊ဆိပ်သာရွာ၊နံ့သာရွာနှင့်ဘိုတည်းကုန်းရွာ လေးရွာတို့၏အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်။

“သားအဖနှစ်ယောက်လုံးသေနတ်နဲ့ပစ်ခံရတာ သားကတော့ပစ်ခံရတဲ့အချိန် ထွက်ပြေးပေမယ့်ပစ်ခံရလို့ ဒဏ်ရာတွေရပြီးဆေးရုံပို့နေတုန်းလမ်းမှာသေသွားတယ် ဦးအောင်နိုင်ဝင်းကတော့သေသွားပြီ”ဟုဒေသခံတစ်ဦးကပြောသည်။

ဘိုတည်းကုန်းရွာရှိ ၎င်း၏နေအိမ်၌ရှိနေစဥ် လာရောက်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

ဦးအောင်နိုင်ဝင်းနှင့်သားဖြစ်သူတို့အား သေနတ်ဖြင့်ပစ်သတ်ခဲ့သူများသည် နှာခေါင်းစည်းများတပ်ကာဦးထုတ်များဆောင်းထားသဖြင့် မည်သည့်အဖွဲ့မှလာရောက်ပစ်ခတ်ခဲ့သည်ကိုမသိရှိရသေးကြောင်း ဒေသခံများထံမှသိရသည်။

Zaw Gyi

ေ႐ႊဘိုၿမိဳ႕နယ္ရွိ ေလး႐ြာစုအုပ္ခ်ဳပ္ေရးမႉးႏွင့္သားျဖစ္သူ ေသနတ္ျဖင့္ပစ္သတ္ခံရ

စစ္ကိုင္းတိုင္း၊ေ႐ႊဘိုၿမိဳ႕နယ္၊ေလး႐ြာစုအုပ္ခ်ဳပ္ေရးမႉးဦးေအာင္ႏိုင္ဝင္းႏွင့္သားျဖစ္သူတို႔သည္ ေဖေဖာ္ဝါရီ ၅ ရက္မြန္းလြဲ ၂ နာရီခန္႔က ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသည္ဟု ေဒသခံမ်ားထံမွသိရသည္။

အဆိုပါ ေလး႐ြာစုအုပ္ခ်ဳပ္ေရးမႉးဦးေအာင္ႏိုင္ဝင္းသည္ အသက္(၅၀)ႏွစ္ခန္႔အ႐ြယ္ရွိကာ ဆိပ္ခြန္႐ြာ၊ဆိပ္သာ႐ြာ၊နံ႔သာ႐ြာႏွင့္ဘိုတည္းကုန္း႐ြာ ေလး႐ြာတို႔၏အုပ္ခ်ဳပ္ေရးမႉးတစ္ဦးျဖစ္သည္။

“သားအဖႏွစ္ေယာက္လုံးေသနတ္နဲ႔ပစ္ခံရတာ သားကေတာ့ပစ္ခံရတဲ့အခ်ိန္ ထြက္ေျပးေပမယ့္ပစ္ခံရလို႔ ဒဏ္ရာေတြရၿပီးေဆး႐ုံပို႔ေနတုန္းလမ္းမွာေသသြားတယ္ ဦးေအာင္ႏိုင္ဝင္းကေတာ့ေသသြားၿပီ”ဟုေဒသခံတစ္ဦးကေျပာသည္။

ဘိုတည္းကုန္း႐ြာရွိ ၎၏ေနအိမ္၌ရွိေနစဥ္ လာေရာက္ပစ္သတ္ခံခဲ့ရျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွသိရသည္။

ဦးေအာင္ႏိုင္ဝင္းႏွင့္သားျဖစ္သူတို႔အား ေသနတ္ျဖင့္ပစ္သတ္ခဲ့သူမ်ားသည္ ႏွာေခါင္းစည္းမ်ားတပ္ကာဦးထုတ္မ်ားေဆာင္းထားသျဖင့္ မည္သည့္အဖြဲ႕မွလာေရာက္ပစ္ခတ္ခဲ့သည္ကိုမသိရွိရေသးေၾကာင္း ေဒသခံမ်ားထံမွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here