ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)၌ ကိုဗစ် (၁၉)ရောဂါပိုးတွေ့ရှိသူ ၄၀ ခန့်ရှိ

0
188

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)၌ ကိုဗစ် (၁၉)ရောဂါပိုးတွေ့ရှိသူ ၄၀ ခန့်ရှိ

ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူ ၄၀ ဦးခန့်ရှိ၍ ပိုးတွေ့ရှိသူများအား Quarantine Centre များသို့ပို့ ဆောင်ကုသမှုများပေးနေသည်ဟု ယင်းဆေးရုံကြီးမှသိရသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီးရှိ ဝန်ထမ်းများနှင့်ဆေးကုသမှုခံယူနေသည့် သံဃာတော်အချို့၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ သုံးရက်လောက်မှာ မြို့နယ်ကျန်းမာရေးဌာနက လာစစ်တဲ့အချိန်မှာတွေ့တာ ဒီနေ့ကတော့ ဆေးရုံကြီးအတွင်းအပြင်အကုန်လုံးကို မြို့နယ်ကျန်းမာရေးဌာနက ပိုးသတ်ဆေးဖျန်းပေးနေတယ်”ဟုဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှဝန်ထမ်းတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ အဝင်အထွက်အား ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ Lockdown ချထားသည်ဟု ဆေးရုံကြီးအနီးနေသူများထံမှသိရသည်။

“ပိုးတွေ့ခဲ့တဲ့ ဝန်ထမ်းတွေနဲ့သံဃာတော်တွေကိုတော့ မြို့နယ်ကျန်းမာရေးဌာနအစီအစဥ်နဲ့ Quarantine Centre တွေကိုပို့ပြီးလိုအပ်တဲ့ကျန်း မာရေးစောင့်ရှောက်မှုတွေလုပ်ပေးနေပါတယ်”ဟုအဆိုပါဝန်ထမ်းကပြောသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)သည် ဂီလာနသံဃာတော်များ၊သီလရှင်များနှင့်ပြင်ပလူနာများအား အထွေထွေရောဂါများကုသပေးလျက်ရှိကာ မျက်စိကုဌာန၊ ခွဲစိတ်ကုဌာနနှင့်ပြင်ပလူနာဌာနများအား ကိုဗစ်(၁၉)ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယာယီရပ်နားထားခဲ့ပြီး အဆိုပါ ဌာနများအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်မှာရက်ပိုင်းမျှသာရှိသေးသည်ဟု သိရသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)တွင် သံဃာ တော် ၂၀ ပါးနှင့်သီလရှင် ၇ ပါးတို့တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည်ကာ ဆေးရုံဝန် ထမ်းပေါင်း ၁၀၀ ဦးခန့်ရှိသည်ဟု သိရသည်။

Zaw Gyi

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)၌ ကိုဗစ္ (၁၉)ေရာဂါပိုးေတြ႕ရွိသူ ၄၀ ခန္႔ရွိ

ရန္ကုန္ၿမိဳ႕၊ဗဟန္းၿမိဳ႕နယ္၊ကိုယ့္မင္းကိုယ့္ခ်င္းလမ္းရွိ ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)တြင္ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူ ၄၀ ဦးခန္႔ရွိ၍ ပိုးေတြ႕ရွိသူမ်ားအား Quarantine Centre မ်ားသို႔ပို႔ ေဆာင္ကုသမႈမ်ားေပးေနသည္ဟု ယင္းေဆး႐ုံႀကီးမွသိရသည္။

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီးရွိ ဝန္ထမ္းမ်ားႏွင့္ေဆးကုသမႈခံယူေနသည့္ သံဃာေတာ္အခ်ိဳ႕၌ ပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

“ၿပီးခဲ့တဲ့ သုံးရက္ေလာက္မွာ ၿမိဳ႕နယ္က်န္းမာေရးဌာနက လာစစ္တဲ့အခ်ိန္မွာေတြ႕တာ ဒီေန႔ကေတာ့ ေဆး႐ုံႀကီးအတြင္းအျပင္အကုန္လုံးကို ၿမိဳ႕နယ္က်န္းမာေရးဌာနက ပိုးသတ္ေဆးဖ်န္းေပးေနတယ္”ဟုဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီးမွဝန္ထမ္းတစ္ဦးကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိခဲ့သျဖင့္ ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး၏ အဝင္အထြက္အား ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွစတင္၍ Lockdown ခ်ထားသည္ဟု ေဆး႐ုံႀကီးအနီးေနသူမ်ားထံမွသိရသည္။

“ပိုးေတြ႕ခဲ့တဲ့ ဝန္ထမ္းေတြနဲ႔သံဃာေတာ္ေတြကိုေတာ့ ၿမိဳ႕နယ္က်န္းမာေရးဌာနအစီအစဥ္နဲ႔ Quarantine Centre ေတြကိုပို႔ၿပီးလိုအပ္တဲ့က်န္း မာေရးေစာင့္ေရွာက္မႈေတြလုပ္ေပးေနပါတယ္”ဟုအဆိုပါဝန္ထမ္းကေျပာသည္။

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)သည္ ဂီလာနသံဃာေတာ္မ်ား၊သီလရွင္မ်ားႏွင့္ျပင္ပလူနာမ်ားအား အေထြေထြေရာဂါမ်ားကုသေပးလ်က္ရွိကာ မ်က္စိကုဌာန၊ ခြဲစိတ္ကုဌာနႏွင့္ျပင္ပလူနာဌာနမ်ားအား ကိုဗစ္(၁၉)ေရာဂါစတင္ျဖစ္ပြားခ်ိန္မွစ၍ ယာယီရပ္နားထားခဲ့ၿပီး အဆိုပါ ဌာနမ်ားအား ျပန္လည္ဖြင့္လွစ္ေပးခဲ့သည္မွာရက္ပိုင္းမွ်သာရွိေသးသည္ဟု သိရသည္။

ဇီဝိတဒါနသံဃာ့ေဆး႐ုံႀကီး(ရန္ကုန္)တြင္ သံဃာ ေတာ္ ၂၀ ပါးႏွင့္သီလရွင္ ၇ ပါးတို႔တက္ေရာက္ေဆးကုသမႈခံယူလ်က္ရွိသည္ကာ ေဆး႐ုံဝန္ ထမ္းေပါင္း ၁၀၀ ဦးခန္႔ရွိသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here