အဝေးသင်သင်တန်းများ ကျောင်းအပ်မှု ဖေဖော်ဝါရီ၂၂အထိ တိုးမြှင့်ပေးမည်

0
260

အဝေးသင်သင်တန်းများ ကျောင်းအပ်မှု ဖေဖော်ဝါရီ၂၂အထိ တိုးမြှင့်ပေးမည်

၂၀၂၂ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းအပ်မှတ်ပုံတင်ခြင်းကိစ္စကို (၂၂-၂-၂၀၂၂) ရက်နေ့အထိ တိုးမြှင့်လက်ခံဆောင်ရွက်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာသည်။

၂၀၂၂ ပညာသင်နှစ်၌ တက္ကသိုလ်အသီးသီး၏ အဝေးသင် သင်တန်းများတွင် ဝိဇ္ဇာ၊သိပ္ပံအထူးပြု ဘာသာရပ်များဖြင့် ကျောင်းအပ်နှံရန်ကျန်ရှိသည့် အဝေးသင် ကျောင်းသား/ကျောင်းသူများကျောင်းအပ်မှတ်ပုံတင်ခြင်းအဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟုသိရသည်။

အဝေးသင်တက္ကသိုဘ်များ၏ စာစဉ်ပို့ချချက်များကို (၂၄-၁-၂၀၂၂) ရက်နေ့မှ စတင်ပို့ချနေပြီဖြစ်သဖြင့် သတ်မှတ်ရက်အတွင်း စာစဉ်များကို တင်သွင်းရမည်ဖြစ်ကြောင်းလည်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၏ (ဘွဲ့ကြို)သင်တန်းများ၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး တွင် အောက်ဖော်ပြပါသင်တန်းများကို ၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ဖြစ်၍ သက်ဆိုင်ရာ တက္ကသိုလ်များ၏ Facebook Page, Website တို့တွင် ဝင်ရောက်ကြည့်ရှုခြင်း၊ တက္ကသိုလ်များသို့ တိုက်ရိုက် စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီး ဌာနဘက်က ကြေညာထားသည်။

ဖွင့်လှစ်မည့် သင်တန်းများနှင့် ပတ်သတ်ပြီး ဆေးတက္ကသိုလ်များ၏နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(ခ)(၂/၂၀၂၂) အတန်းသစ်နှင့် နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(က)(၂/၂၀၂၂) အတန်းသစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ စတုတ္ထနှစ် ဘီဒီအက်စ်(၁/၂၀၂၀) (ပုံမှန်) သင်တန်းနှင့် တတိယနှစ် ဘီဒီအက်စ်(၁/၂၀၂၀) (ပုံမှန်)သင်တန်း ၊ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ အခြေခံကျန်းမာရေးတက္ကသိုလ်။မကွေးနှင့် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတို့၏ တတိယနှစ်(၁/၂၀၂၀)(ပုံမှန်)သင်တန်းများဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။

Zaw Gyi

အေဝးသင္သင္တန္းမ်ား ေက်ာင္းအပ္မႈ ေဖေဖာ္ဝါရီ၂၂အထိ တိုးျမႇင့္ေပးမည္

၂၀၂၂ ပညာသင္ႏွစ္ အေဝးသင္သင္တန္းမ်ား၏ ေက်ာင္းအပ္မွတ္ပုံတင္ျခင္းကိစၥကို (၂၂-၂-၂၀၂၂) ရက္ေန႔အထိ တိုးျမႇင့္လက္ခံေဆာင္႐ြက္ေပးမည္ဟု ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာနက ေၾကညာသည္။

၂၀၂၂ ပညာသင္ႏွစ္၌ တကၠသိုလ္အသီးသီး၏ အေဝးသင္ သင္တန္းမ်ားတြင္ ဝိဇၨာ၊သိပၸံအထူးျပဳ ဘာသာရပ္မ်ားျဖင့္ ေက်ာင္းအပ္ႏွံရန္က်န္ရွိသည့္ အေဝးသင္ ေက်ာင္းသား/ေက်ာင္းသူမ်ားေက်ာင္းအပ္မွတ္ပုံတင္ျခင္းအဆင္ေျပေစရန္ ေဆာင္႐ြက္ေပးျခင္းျဖစ္သည္ဟုသိရသည္။

အေဝးသင္တကၠသိုဘ္မ်ား၏ စာစဥ္ပို႔ခ်ခ်က္မ်ားကို (၂၄-၁-၂၀၂၂) ရက္ေန႔မွ စတင္ပို႔ခ်ေနၿပီျဖစ္သျဖင့္ သတ္မွတ္ရက္အတြင္း စာစဥ္မ်ားကို တင္သြင္းရမည္ျဖစ္ေၾကာင္းလည္း အဆင့္ျမင့္ပညာဦးစီးဌာန၊ ပညာေရးဝန္ႀကီးဌာနက အသိေပးထားသည္။

အလားတူ က်န္းမာေရးဝန္ႀကီးဌာနေအာက္ရွိ တကၠသိုလ္မ်ား၏ (ဘြဲ႕ႀကိဳ)သင္တန္းမ်ား၂၀၂၂-ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၈ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာထားသည္။

က်န္းမာေရးဝန္ႀကီးဌာနေအာက္ရွိ ေဆးတကၠသိုလ္မ်ား၊ ေဆးပညာႏွီးႏြယ္တကၠသိုလ္မ်ားႏွင့္ တိုင္းရင္းေဆးတကၠသိုလ္၊ မႏၲေလး တြင္ ေအာက္ေဖာ္ျပပါသင္တန္းမ်ားကို ၂၀၂၂-ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၈ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ျဖစ္၍ သက္ဆိုင္ရာ တကၠသိုလ္မ်ား၏ Facebook Page, Website တို႔တြင္ ဝင္ေရာက္ၾကည့္ရႈျခင္း၊ တကၠသိုလ္မ်ားသို႔ တိုက္႐ိုက္ စုံစမ္းေမးျမန္းျခင္းမ်ား ေဆာင္႐ြက္ႏိုင္ေၾကာင္း ဝန္ႀကီး ဌာနဘက္က ေၾကညာထားသည္။

ဖြင့္လွစ္မည့္ သင္တန္းမ်ားႏွင့္ ပတ္သတ္ၿပီး ေဆးတကၠသိုလ္မ်ား၏ေနာက္ဆုံးႏွစ္ အမ္ဘီဘီအက္စ္ အပိုင္း(ခ)(၂/၂၀၂၂) အတန္းသစ္ႏွင့္ ေနာက္ဆုံးႏွစ္ အမ္ဘီဘီအက္စ္ အပိုင္း(က)(၂/၂၀၂၂) အတန္းသစ္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ား၏ စတုတၳႏွစ္ ဘီဒီအက္စ္(၁/၂၀၂၀) (ပုံမွန္) သင္တန္းႏွင့္ တတိယႏွစ္ ဘီဒီအက္စ္(၁/၂၀၂၀) (ပုံမွန္)သင္တန္း ၊ေဆးဝါးတကၠသိုလ္မ်ား၊ ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္မ်ား၊ သူနာျပဳတကၠသိုလ္မ်ား၊ အေျခခံက်န္းမာေရးတကၠသိုလ္။မေကြးႏွင့္ တိုင္းရင္းေဆးတကၠသိုလ္၊ မႏၲေလးတို႔၏ တတိယႏွစ္(၁/၂၀၂၀)(ပုံမွန္)သင္တန္းမ်ားျဖစ္သည္ဟု ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here