မန္တလေးမြို့ရှိ နန်းတွင်းဝင်ပေါက်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

0
386

မန္တလေးမြို့ရှိ နန်းတွင်းဝင်ပေါက်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ လမ်း ၈၀ နှင့် ၁၉ လမ်းထောင့်မီးပွိုင့် နန်းတွင်းဝင်ပေါက်အနီး၌ ဖေဖော်ဝါရီ ၆ ရက်ည နေ ၄ နာရီခွဲကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း၏လုံခြုံရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှသိရသည်။

“နန်းတွင်းဝင်ပေါက်တံတားနားက ကင်းတဲမှာပေါက်တာ ပြည်သူတစ်ယောက်တော့ဒဏ်ရာနည်းနည်းရသွားတယ်လို့သိရတယ် အခင်းဖြစ်စဥ်ကိုစုံစမ်းတဲ့အခါမှာ လက်လုပ်ဗုံးနဲ့ကင်းတဲကိုလာပစ်တာလို့သိရတယ်”ဟုရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လုံခြုံရေးကင်းတဲအား လက်လုပ်ဗုံးဖြင့်လာရောက်ပစ်ပေါက်ပြီးနောက် ပစ်ပေါက်ခဲ့သူများမှာထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပြီးနောက် နန်းတွင်းအဝင်အထွက်ပေါက်အားပိတ်ခဲ့ပြီး လမ်းမကြီးအားယာယီပိတ် ၍စစ်ဆေးမှုများကို လုံခြုံရေးအဖွဲ့ဝင်များက ပြု လုပ်ခဲ့ကြသည်။

အဆိုပါ ကင်းတဲအားလက်လုပ်ဗုံးဖြင့်ပစ်ခတ်ခဲ့သူများသည် မန္တလေးအခြေစိုက်ပြည်သူ့ကာ ကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ GZP (Mandalay)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Zaw Gyi

မႏၲေလးၿမိဳ႕ရွိ နန္းတြင္းဝင္ေပါက္အနီးတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့

မႏၲေလးၿမိဳ႕၊ေအာင္ေျမသာစံၿမိဳ႕နယ္၊ဥပုသ္ေတာ္ရပ္ကြက္၊ လမ္း ၈၀ ႏွင့္ ၁၉ လမ္းေထာင့္မီးပြိဳင့္ နန္းတြင္းဝင္ေပါက္အနီး၌ ေဖေဖာ္ဝါရီ ၆ ရက္ည ေန ၄ နာရီခြဲေက်ာ္က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု မႏၲေလးတိုင္း၏လုံၿခဳံေရးအသိုင္းအဝိုင္းႏွင့္နီးစပ္သူမ်ားထံမွသိရသည္။

“နန္းတြင္းဝင္ေပါက္တံတားနားက ကင္းတဲမွာေပါက္တာ ျပည္သူတစ္ေယာက္ေတာ့ဒဏ္ရာနည္းနည္းရသြားတယ္လို႔သိရတယ္ အခင္းျဖစ္စဥ္ကိုစုံစမ္းတဲ့အခါမွာ လက္လုပ္ဗုံးနဲ႔ကင္းတဲကိုလာပစ္တာလို႔သိရတယ္”ဟုရဲတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

လုံၿခဳံေရးကင္းတဲအား လက္လုပ္ဗုံးျဖင့္လာေရာက္ပစ္ေပါက္ၿပီးေနာက္ ပစ္ေပါက္ခဲ့သူမ်ားမွာထြက္ေျပးတိမ္းေရွာင္သြားခဲ့သည္ဟု သိရသည္။

အခင္းျဖစ္ၿပီးေနာက္ နန္းတြင္းအဝင္အထြက္ေပါက္အားပိတ္ခဲ့ၿပီး လမ္းမႀကီးအားယာယီပိတ္ ၍စစ္ေဆးမႈမ်ားကို လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ျပဳ လုပ္ခဲ့ၾကသည္။

အဆိုပါ ကင္းတဲအားလက္လုပ္ဗုံးျဖင့္ပစ္ခတ္ခဲ့သူမ်ားသည္ မႏၲေလးအေျခစိုက္ျပည္သူ႔ကာ ကြယ္ေရးၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ GZP (Mandalay)မွလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ပုံစာ-မန္တလေးမြိုရိုးအနီး ကျုံးဘေးလမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here