နောက်ဖေးလမ်းကြားဥယျာဉ်တွေကို ထိန်းသိမ်းဖို့ ခက်ခဲနေ

0
168

နောက်ဖေးလမ်းကြားဥယျာဉ်တွေကို ထိန်းသိမ်းဖို့ ခက်ခဲနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖန်တီးပုံဖော်ထားတဲ့ ရန်ကုန်မြို့တွင်းနောက်ဖေးလမ်းကြားဥယျာဉ်တွေကို ထိန်းသိမ်းဖို့ ပြုပြင်ဖို့ ကြိုးပမ်းရာမှာ ဆက်လက်အကျိုးပြုသွားဖို့ ဒို့အိမ်အနေနဲ့ သန္နိဌာန် ချထားတယ်လို့ ဒို့အိမ်က သိရပါတယ်။

“ဒို့အိမ်အနေနဲ့ အကောင်အထည်ဖော်ပြီးနောက်ဖေးလမ်းကြားဥယျာဉ်တိုင်းကို နှစ်စဉ် မိုးရာသီပြီးတိုင်း အသေးစိတ် သန့်ရှင်းမှု ပြုလုပ်နိုင်ဖို့အားထုတ်သလို ရပ်ကွက်နေပြည်သူတွေရဲ့ အခြားပုံမှန်ထိန်းသိမ်းတဲ့ လှုပ်ရှားမှုတွေမှာလည်း ကူညီထောက်ပံ့ပေးလျက် ရှိပါတယ်။ဒါပေမယ့် ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် က စပြီး ယခုလို ပြုလုပ်ပေးနိုင်ရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်”လို့ ဒို့အိမ်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒို့အိမ်အနေနဲ့ ရပ်ကွက်နေပြည်သူတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်တဲ့ နောက်ဖေးလမ်းကြားဥယျာဉ် ၁၂ ခု ရှိပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ် ၉ ရပ်ကွက် (၃၁)လမ်းနှင့် (၃၂) လမ်းကြား (အောက်ဘလောက်) အမျိုးသား စာကြည့်တိုက်၏ အနောက်ဘက်က နောက်ဖေးလမ်းကြား က ၁၁ ခုမြောက် ဥယျာဉ်ကို ပြီးခဲ့တဲ့၂၀၂၀ ပြည့်နှစ် မတ် ၈ ရက်က ဖွင့်ခဲ့ပြီးတဲ့ နောက် ၁၂ ခုမြောက် ကို မဖွင့်ရသေးပါဘူးလို့ သိရပါတယ်။

နောက်ဖေးလမ်းကြားဥယျာဉ်စီမံကိန်းကို ၂၀၁၆ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီးတော့ ပထမဆုံး နောက်ဖေးလမ်းကြားဥယျာဉ် ကို အမှိုက်တွေ ပြည့်လျှံ နေတဲ့ ၂၇ လမ်း အောက်ဘလောက်နေရာကို ပြန်လည်ဖန်တီးပုံဖော်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ အချို့သော နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တွေ အရင်အတိုင်းပဲ ပြန်လည်စုပုံနေတာမျိုးတွေ တွေ့နေရပါတယ်။

Zaw Gyi

ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ေတြကို ထိန္းသိမ္းဖို႔ ခက္ခဲေန

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ဖန္တီးပုံေဖာ္ထားတဲ့ ရန္ကုန္ၿမိဳ႕တြင္းေနာက္ေဖးလမ္းၾကားဥယ်ာဥ္ေတြကို ထိန္းသိမ္းဖို႔ ျပဳျပင္ဖို႔ ႀကိဳးပမ္းရာမွာ ဆက္လက္အက်ိဳးျပဳသြားဖို႔ ဒို႔အိမ္အေနနဲ႔ သႏၷိဌာန္ ခ်ထားတယ္လို႔ ဒို႔အိမ္က သိရပါတယ္။

“ဒို႔အိမ္အေနနဲ႔ အေကာင္အထည္ေဖာ္ၿပီးေနာက္ေဖးလမ္းၾကားဥယ်ာဥ္တိုင္းကို ႏွစ္စဥ္ မိုးရာသီၿပီးတိုင္း အေသးစိတ္ သန႔္ရွင္းမႈ ျပဳလုပ္ႏိုင္ဖို႔အားထုတ္သလို ရပ္ကြက္ေနျပည္သူေတြရဲ႕ အျခားပုံမွန္ထိန္းသိမ္းတဲ့ လႈပ္ရွားမႈေတြမွာလည္း ကူညီေထာက္ပံ့ေပးလ်က္ ရွိပါတယ္။ဒါေပမယ့္ ကိုဗစ္စတင္ျဖစ္ပြားခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ က စၿပီး ယခုလို ျပဳလုပ္ေပးႏိုင္ရန္ စိန္ေခၚမႈတစ္ရပ္ျဖစ္ခဲ့ပါတယ္”လို႔ ဒို႔အိမ္အဖြဲ႕တာဝန္ရွိသူက ေျပာပါတယ္။

ဒို႔အိမ္အေနနဲ႔ ရပ္ကြက္ေနျပည္သူေတြနဲ႔ ပူးေပါင္းအေကာင္အထည္ေဖာ္တဲ့ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ ၁၂ ခု ရွိၿပီ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ပန္းဘဲတန္းၿမိဳ႕နယ္ အမွတ္ ၉ ရပ္ကြက္ (၃၁)လမ္းႏွင့္ (၃၂) လမ္းၾကား (ေအာက္ဘေလာက္) အမ်ိဳးသား စာၾကည့္တိုက္၏ အေနာက္ဘက္က ေနာက္ေဖးလမ္းၾကား က ၁၁ ခုေျမာက္ ဥယ်ာဥ္ကို ၿပီးခဲ့တဲ့၂၀၂၀ ျပည့္ႏွစ္ မတ္ ၈ ရက္က ဖြင့္ခဲ့ၿပီးတဲ့ ေနာက္ ၁၂ ခုေျမာက္ ကို မဖြင့္ရေသးပါဘူးလို႔ သိရပါတယ္။

ေနာက္ေဖးလမ္းၾကားဥယ်ာဥ္စီမံကိန္းကို ၂၀၁၆ ခုႏွစ္က စတင္ခဲ့တာျဖစ္ၿပီးေတာ့ ပထမဆုံး ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ ကို အမႈိက္ေတြ ျပည့္လွ်ံ ေနတဲ့ ၂၇ လမ္း ေအာက္ဘေလာက္ေနရာကို ျပန္လည္ဖန္တီးပုံေဖာ္ခဲ့တာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ မွာေတာ့ အခ်ိဳ႕ေသာ ေနာက္ေဖးလမ္းၾကားေတြမွာ အမႈိက္ေတြ အရင္အတိုင္းပဲ ျပန္လည္စုပုံေနတာမ်ိဳးေတြ ေတြ႕ေနရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here