ဘောလိဝုဒ်ရဲ့ဝါရင့်တေးသံရှင်/အသံသရုပ်ဆောင် Lata Mangeshkar အသက် ၉၂နှစ်တွင်ကွယ်လွန်

0
219

ဘောလိဝုဒ်ရဲ့ဝါရင့်တေးသံရှင်/အသံသရုပ်ဆောင် Lata Mangeshkar အသက် ၉၂နှစ်တွင်ကွယ်လွန်

ခေတ်အဆက်ဆက် ဘောလိဝုဒ်အမျိုးသမီးသရုပ်ဆောင်ပေါင်းများစွာရဲ့ နောက်ခံတေးသီချင်းတွေကိုသီဆိုပေးခဲ့ပြီး အသံသရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ Lata Mangeshkar ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၆ရက်နေ့ကကွယ်လွန်သွားခဲ့ပြီး သူမကွယ်လွန်ချိန်မှာ အသက် ၉၂နှစ်ရှိပြီဖြစ်ပါတယ်။

မွန်ဘိုင်းမြို့ရဲ့ Breach Candy ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကိုဗစ်နဲ့နောက်ဆက်တွဲရောဂါတွေကြောင့်ဖြစ်တယ်လို့ အဲဒီဆေးရုံကဆရာဝန်တစ်ဦးကပြောပါတယ်။

သူမဟာတေးသီချင်းအပုဒ်ရေပေါင်း ၁သောင်းဝန်းကျင်သီဆိုခဲ့တာဖြစ်ပြိီး အများစုကတော့ Hindi တေးသီချင်းတွေဖြစ်ကာ အခြားအိန္ဒိယဘာသာစကားတွေနဲ့လည်း အမြောက်အများသီဆိုထားတာရှိပါတယ်။

ဘယ်သောအခါမှရုပ်ရှင်ပိတ်ကားတွေထက်မှာ ပါဝင်ခဲ့ခြင်းမရှိပဲ နောက်ခံတေးသီချင်းတွေကိုပဲသီဆိုပေးခဲ့ကာ နောက်ပိုင်းမှာတော့ အသံသရုပ်ဆောင်အဖြစ်ပါ ပူးတွဲလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

သူမဆယ်ကျော်သက်ဘဝ ၁၉၄၀ခုနှစ်မှာတော့ ရုပ်ရှင်တစ်ကားမှာ အရန်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဖူးတာရှိပြီး မိတ်ကပ်နဲ့မီးတွေကိုလုံးဝမကြိုက်ဘူးလို့ အင်တာဗျူးတစ်ခုမှာဖြေခဲ့ဖူးပါတယ်။

သူမဟာ အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦးဖြစ်ကာ အလုပ်စတင်လုပ်ကိုင်စဥ်ကတည်းက အမေနဲ့မောင်နှမတွေကို ထောက်ပံ့ပေးခဲ့သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

Zaw Gyi

ေဘာလိဝုဒ္ရဲ႕ဝါရင့္ေတးသံရွင္/အသံသ႐ုပ္ေဆာင္ Lata Mangeshkar အသက္ ၉၂ႏွစ္တြင္ကြယ္လြန္

ေခတ္အဆက္ဆက္ ေဘာလိဝုဒ္အမ်ိဳးသမီးသ႐ုပ္ေဆာင္ေပါင္းမ်ားစြာရဲ႕ ေနာက္ခံေတးသီခ်င္းေတြကိုသီဆိုေပးခဲ့ၿပီး အသံသ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္တဲ့ Lata Mangeshkar ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလ ၆ရက္ေန႔ကကြယ္လြန္သြားခဲ့ၿပီး သူမကြယ္လြန္ခ်ိန္မွာ အသက္ ၉၂ႏွစ္ရွိၿပီျဖစ္ပါတယ္။

မြန္ဘိုင္းၿမိဳ႕ရဲ႕ Breach Candy ေဆး႐ုံမွာ ကြယ္လြန္ခဲ့တာျဖစ္ၿပီး ကိုဗစ္နဲ႔ေနာက္ဆက္တြဲေရာဂါေတြေၾကာင့္ျဖစ္တယ္လို႔ အဲဒီေဆး႐ုံကဆရာဝန္တစ္ဦးကေျပာပါတယ္။

သူမဟာေတးသီခ်င္းအပုဒ္ေရေပါင္း ၁ေသာင္းဝန္းက်င္သီဆိုခဲ့တာျဖစ္ၿပိီး အမ်ားစုကေတာ့ Hindi ေတးသီခ်င္းေတြျဖစ္ကာ အျခားအိႏၵိယဘာသာစကားေတြနဲ႔လည္း အေျမာက္အမ်ားသီဆိုထားတာရွိပါတယ္။

ဘယ္ေသာအခါမွ႐ုပ္ရွင္ပိတ္ကားေတြထက္မွာ ပါဝင္ခဲ့ျခင္းမရွိပဲ ေနာက္ခံေတးသီခ်င္းေတြကိုပဲသီဆိုေပးခဲ့ကာ ေနာက္ပိုင္းမွာေတာ့ အသံသ႐ုပ္ေဆာင္အျဖစ္ပါ ပူးတြဲလုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။

သူမဆယ္ေက်ာ္သက္ဘဝ ၁၉၄၀ခုႏွစ္မွာေတာ့ ႐ုပ္ရွင္တစ္ကားမွာ အရန္သ႐ုပ္ေဆာင္အျဖစ္ပါဝင္ခဲ့ဖူးတာရွိၿပီး မိတ္ကပ္နဲ႔မီးေတြကိုလုံးဝမႀကိဳက္ဘူးလို႔ အင္တာဗ်ဴးတစ္ခုမွာေျဖခဲ့ဖူးပါတယ္။

သူမဟာ အိမ္ေထာင္မရွိသူ အပ်ိဳႀကီးတစ္ဦးျဖစ္ကာ အလုပ္စတင္လုပ္ကိုင္စဥ္ကတည္းက အေမနဲ႔ေမာင္ႏွမေတြကို ေထာက္ပံ့ေပးခဲ့သူတစ္ဦးျဖစ္တယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here