စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးသည့် သတင်းအတည်မဖြစ်​သေး

0
245

စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးသည့် သတင်းအတည်မဖြစ်​သေး

လွန်ခဲ့သော ၁နှစ်က ဖမ်းဆီးထိန်းသိမ်းထားကာ လက်ရှိတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးလိုက်ပြီဟု ကမ္ဘောဒီးယားနိုင်ငံသတင်းဌာနတခုက ဖော်ပြရေးသားသော်လည်း လက်ရှိတွင် မဟုတ်​သေးကြောင်း သိရသည်။

Khmer Times သတင်းဌာနက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ တောင်းဆိုမှုအပြီးတွင် သြစတြေးလျ ပါမောက္ခ Sean Turnell အား မြန်မာစစ်အစိုးရက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီ ၇ရက်တွင်ဖော်ပြထားသည်။

သို့သော် လက်ရှိအခြေအနေအမှန်မှာ မစ္စတာရှောင်တာနယ်၏ အမှုကို ကြားနာစစ်ဆေးနေဆဲဖြစ်ပြီး အမှုများရုတ်သိမ်းခြင်း၊ပြန်လွတ်ပေးလိုက်ခြင်း မရှိသေးဟု သိရသည်။

“တရားစီရင်နေဆဲ အချိန်မှာ ပြန်လွတ်ပေးတာမျိုး မြန်မာနိုင်ငံမှာ မရှိတတ်ဘူး။စစ်ဆေးပြီး အမိန့်ချလိုက်ပြီးပြီဆိုရင် တစ်မျိုးပေါ့လေ”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

သြစတြေးလျ အစိုးရက ယမန်နေ့က မစ္စတာရှောင်တာနယ်ကို ပြန်လွတ်ပေးရန် စာထုတ်တောင်းဆိုထားသည်။

နစကဥက္ကဌကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးရန် တောင်းဆိုထားချက်အား လက်ခံထားသည်ဟု သိရှိရသည်။

Zaw Gyi

စီးပြားေရးအႀကံေပး မစၥတာေရွာင္တာနယ္အား ျပန္လြတ္ေပးသည့္ သတင္းအတည္မျဖစ္​ေသး

လြန္ခဲ့ေသာ ၁ႏွစ္က ဖမ္းဆီးထိန္းသိမ္းထားကာ လက္ရွိတြင္ အမႈရင္ဆိုင္ေနရဆဲျဖစ္သည့္ စီးပြားေရးအႀကံေပး မစၥတာေရွာင္တာနယ္အား ျပန္လြတ္ေပးလိုက္ၿပီဟု ကေမာၻဒီးယားႏိုင္ငံသတင္းဌာနတခုက ေဖာ္ျပေရးသားေသာ္လည္း လက္ရွိတြင္ မဟုတ္​ေသးေၾကာင္း သိရသည္။

Khmer Times သတင္းဌာနက ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္၏ ေတာင္းဆိုမႈအၿပီးတြင္ ၾသစေၾတးလ် ပါေမာကၡ Sean Turnell အား ျမန္မာစစ္အစိုးရက ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၆ ရက္တြင္ ျပန္လႊတ္ေပးခဲ့သည္ဟု ယေန႔ ေဖေဖာ္ဝါရီ ၇ရက္တြင္ေဖာ္ျပထားသည္။

သို႔ေသာ္ လက္ရွိအေျခအေနအမွန္မွာ မစၥတာေရွာင္တာနယ္၏ အမႈကို ၾကားနာစစ္ေဆးေနဆဲျဖစ္ၿပီး အမႈမ်ား႐ုတ္သိမ္းျခင္း၊ျပန္လြတ္ေပးလိုက္ျခင္း မရွိေသးဟု သိရသည္။

“တရားစီရင္ေနဆဲ အခ်ိန္မွာ ျပန္လြတ္ေပးတာမ်ိဳး ျမန္မာႏိုင္ငံမွာ မရွိတတ္ဘူး။စစ္ေဆးၿပီး အမိန႔္ခ်လိုက္ၿပီးၿပီဆိုရင္ တစ္မ်ိဳးေပါ့ေလ”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူကေျပာသည္။

ၾသစေၾတးလ် အစိုးရက ယမန္ေန႔က မစၥတာေရွာင္တာနယ္ကို ျပန္လြတ္ေပးရန္ စာထုတ္ေတာင္းဆိုထားသည္။

နစကဥကၠဌကလည္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္၏ မစၥတာေရွာင္တာနယ္အား ျပန္လြတ္ေပးရန္ ေတာင္းဆိုထားခ်က္အား လက္ခံထားသည္ဟု သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here