မြန်မာ့လယ်သမားများ အထွက်တိုးအောင် ဒိန်းမတ်နိုင်ငံကူညီ

0
232

မြန်မာ့လယ်သမားများ အထွက်တိုးအောင် ဒိန်းမတ်နိုင်ငံကူညီ

ကိုဗစ်၁၉ရောဂါနဲ့ နိုင်ငံရေး အကျပ်အတည်းတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေက လယ်ယာလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၇ရက်မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံအနေနဲ့ ဒီလိုအခြေအနေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကို အမေရိကန် ဒေါ်လာ ၃.၈ သန်းနဲ့ ညီမျှတဲ့ ဒိန်းမတ် ခရိုနာ ၂၅ သန်းကို ထည့်ဝင် လှူဒါန်းထားသလို ‘တာဝန်ယူမှု ရှိသော စီးပွားရေး လုပ်ငန်းများအတွက် ရန်ပုံငွေ’ @RBFMyanmar မှတစ်ဆင့် ရခိုင်ပြည်နယ်က လယ်သမားတွေကို တိုက်ရိုက် ပံ့ပိုးလျက်ရှိတယ်လို့ သံရုံးဘက်က ပြောဆိုထားပါတယ်။ အဲ့ဒီ့ရန်ပုံငွေနဲ့ပဲ ထုတ်လုပ်နည်းတွေကို တိုးတက်ကောင်းမွန်ပြီး အထွက်တိုးအောင် လယ်သမားတွေကို ကူညီပေးနေတယ်လို့လည်း သံရုံးဘက်က ပြောပါတယ်။

ဒီနေ့အထိ အသေးစားလုပ်ငန်း လုပ်ကိုင်တဲ့ လယ်သမား ၇၆ ဦးကို ကောက်ပဲသီးနှံမျိုးစုံ ရိတ်သိမ်း ခြွေလှေ့နိုင်တဲ့ ရိတ်သိမ်း ချွေလှေ့စက်တွေ ဝယ်ယူဖို့ မြန်မာငွေ ကျပ် နှစ်ဘီလျံ ပံ့ပိုးခဲ့ပြီး ဖြစ်တယ်လို့လည်း သံရုံးကနေသိရပါတယ်။

လူတွေနဲ့ ရိတ်သိမ်းရင် တစ်နေ့ကို တဧက နှစ်ဧက သာ ပြီးစီးခဲ့တာမှာ အခုပံ့ပိုးပေးတဲ့ စက်တွေကြောင့် ယခုအခါ လယ်သမားတွေဟာ တနေ့ကို ၇ ဧက-၈ ဧက အထိ ရိတ်သိမ်း ခြွေလှေ့နိုင်ပြီလို့ သိရပါတယ်။

Zaw Gyi

ျမန္မာ့လယ္သမားမ်ား အထြက္တိုးေအာင္ ဒိန္းမတ္ႏိုင္ငံကူညီ

ကိုဗစ္၁၉ေရာဂါနဲ႔ ႏိုင္ငံေရး အက်ပ္အတည္းေတြရဲ႕ အက်ိဳးသက္ေရာက္မႈေၾကာင့္ ျမန္မာႏိုင္ငံက ပဋိပကၡ ျဖစ္ပြားေနတဲ့ ေနရာေတြက လယ္ယာလုပ္ငန္းေတြမွာ ထိခိုက္မႈေတြ ရွိေနတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာဒိန္းမတ္သံ႐ုံးက ဒီကေန႔ ေဖေဖာ္ဝါရီ ၇ရက္မွာ ထုတ္ျပန္အသိေပးလိုက္ပါတယ္။

ဒိန္းမတ္ႏိုင္ငံအေနနဲ႔ ဒီလိုအေျခအေနမွာ ကုလသမဂၢ စားနပ္ရိကၡာ အစီအစဥ္ကို အေမရိကန္ ေဒၚလာ ၃.၈ သန္းနဲ႔ ညီမွ်တဲ့ ဒိန္းမတ္ ခ႐ိုနာ ၂၅ သန္းကို ထည့္ဝင္ လႉဒါန္းထားသလို ‘တာဝန္ယူမႈ ရွိေသာ စီးပြားေရး လုပ္ငန္းမ်ားအတြက္ ရန္ပုံေငြ’ @RBFMyanmar မွတစ္ဆင့္ ရခိုင္ျပည္နယ္က လယ္သမားေတြကို တိုက္႐ိုက္ ပံ့ပိုးလ်က္ရွိတယ္လို႔ သံ႐ုံးဘက္က ေျပာဆိုထားပါတယ္။ အဲ့ဒီ့ရန္ပုံေငြနဲ႔ပဲ ထုတ္လုပ္နည္းေတြကို တိုးတက္ေကာင္းမြန္ၿပီး အထြက္တိုးေအာင္ လယ္သမားေတြကို ကူညီေပးေနတယ္လို႔လည္း သံ႐ုံးဘက္က ေျပာပါတယ္။

ဒီေန႔အထိ အေသးစားလုပ္ငန္း လုပ္ကိုင္တဲ့ လယ္သမား ၇၆ ဦးကို ေကာက္ပဲသီးႏွံမ်ိဳးစုံ ရိတ္သိမ္း ေႁခြေလွ႔ႏိုင္တဲ့ ရိတ္သိမ္း ေခြၽေလွ႔စက္ေတြ ဝယ္ယူဖို႔ ျမန္မာေငြ က်ပ္ ႏွစ္ဘီလ်ံ ပံ့ပိုးခဲ့ၿပီး ျဖစ္တယ္လို႔လည္း သံ႐ုံးကေနသိရပါတယ္။

လူေတြနဲ႔ ရိတ္သိမ္းရင္ တစ္ေန႔ကို တဧက ႏွစ္ဧက သာ ၿပီးစီးခဲ့တာမွာ အခုပံ့ပိုးေပးတဲ့ စက္ေတြေၾကာင့္ ယခုအခါ လယ္သမားေတြဟာ တေန႔ကို ၇ ဧက-၈ ဧက အထိ ရိတ္သိမ္း ေႁခြေလွ႔ႏိုင္ၿပီလို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here