ကိုဗစ်ကြောင့် ၂နှစ်နီးပါးပိတ်ထားခဲ့ရသည့် သြစတြေးလျနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးသွားတော့မည်

0
145

ကိုဗစ်ကြောင့် ၂နှစ်နီးပါးပိတ်ထားခဲ့ရသည့် သြစတြေးလျနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးသွားတော့မည်

၂၀၂၀ခုနှစ်၊ မတ်လကတည်းကစတင်ပြီး ကိုဗစ်ကြောင့် ၂နှစ်နီးပါးပိတ်ထားခဲ့ရတဲ့ သြစတြေးလျအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ပေးသွားတော့မှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးနှံပြီးသူများသာ ဝင်ရောက်နိုင်မယ်လို့ဆိုပါတယ်။

ယခုအစီအစဥ်ကို ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ စတင်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်စင်က “သြစတြေးလျကိုလာဖို့ ကာကွယ်ဆေး ၂ကြိမ်ထိုးထားဖို့လိုအပ်ပါတယ်၊ ဒါကစည်းမျဥ်းတစ်ခုပါပဲ၊ လူတိုင်းလိုက်နာဖို့မျှော်လင့်ပါတယ်” လို့ပြောဆိုထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ကာရန်အန်ဒရူးကလည်း “ကာကွယ်ဆေးထိုးနှံထားခြင်းမရှိတဲ့ခရီးသွားတွေ သြစတြေးလျကိုလာမယ်ဆိုရင် ခရီးသွားလာခွင့်လျှောက်ထားရမယ်၊ ဟိုတယ်မှာကွာရန်တင်းဝင်ဖို့လဲလိုပါမယ်” လို့ဆက်လက်ပြောပြထားပါတယ်။

သြစတြေးလျအစိုးရက နိုင်ငံတကာခရီးသွားလာခွင့်တွေကို အချို့သောနိုင်ငံတွေနဲ့ခရီးသွားတွေအတွက် တဖြည်းဖြည်းချင်းပြန်လည်ခွင့်ပြုပေးနေပြီဖြစ်ပြီး မကြာသေးမီကဆိုရင်လည်း ဂျပန်နဲ့ကိုရီးယားတို့မှ ခရီးသည်အချို့ကို သြစတြေးလျသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။

Zaw Gyi

ကိုဗစ္ေၾကာင့္ ၂ႏွစ္နီးပါးပိတ္ထားခဲ့ရသည့္ ၾသစေၾတးလ်နယ္စပ္ဂိတ္မ်ား ျပန္လည္ဖြင့္လွစ္ေပးသြားေတာ့မည္

၂၀၂၀ခုႏွစ္၊ မတ္လကတည္းကစတင္ၿပီး ကိုဗစ္ေၾကာင့္ ၂ႏွစ္နီးပါးပိတ္ထားခဲ့ရတဲ့ ၾသစေၾတးလ်အျပည္ျပည္ဆိုင္ရာနယ္စပ္ဂိတ္ေတြကို ျပန္လည္ဖြင့္လွစ္ေပးသြားေတာ့မွာျဖစ္ၿပီး ကိုဗစ္ကာကြယ္ေဆး ၂ႀကိမ္ထိုးႏွံၿပီးသူမ်ားသာ ဝင္ေရာက္ႏိုင္မယ္လို႔ဆိုပါတယ္။

ယခုအစီအစဥ္ကို ေဖေဖာ္ဝါရီလ ၂၁ရက္ေန႔မွာ စတင္အေကာင္အထည္ေဖာ္သြားမွာျဖစ္ၿပီး ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ စေကာ့ေမာ္ရစ္စင္က “ၾသစေၾတးလ်ကိုလာဖို႔ ကာကြယ္ေဆး ၂ႀကိမ္ထိုးထားဖို႔လိုအပ္ပါတယ္၊ ဒါကစည္းမ်ဥ္းတစ္ခုပါပဲ၊ လူတိုင္းလိုက္နာဖို႔ေမွ်ာ္လင့္ပါတယ္” လို႔ေျပာဆိုထားပါတယ္။

ျပည္ထဲေရးဝန္ႀကီး ကာရန္အန္ဒ႐ူးကလည္း “ကာကြယ္ေဆးထိုးႏွံထားျခင္းမရွိတဲ့ခရီးသြားေတြ ၾသစေၾတးလ်ကိုလာမယ္ဆိုရင္ ခရီးသြားလာခြင့္ေလွ်ာက္ထားရမယ္၊ ဟိုတယ္မွာကြာရန္တင္းဝင္ဖို႔လဲလိုပါမယ္” လို႔ဆက္လက္ေျပာျပထားပါတယ္။

ၾသစေၾတးလ်အစိုးရက ႏိုင္ငံတကာခရီးသြားလာခြင့္ေတြကို အခ်ိဳ႕ေသာႏိုင္ငံေတြနဲ႔ခရီးသြားေတြအတြက္ တျဖည္းျဖည္းခ်င္းျပန္လည္ခြင့္ျပဳေပးေနၿပီျဖစ္ၿပီး မၾကာေသးမီကဆိုရင္လည္း ဂ်ပန္နဲ႔ကိုရီးယားတို႔မွ ခရီးသည္အခ်ိဳ႕ကို ၾသစေၾတးလ်သို႔ ျပန္လည္ဝင္ေရာက္ခြင့္ျပဳေပးခဲ့တယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here