တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့မှစစ်ဘေးရှောင် ၄၀၀ ခန့်စစ်ကိုင်းမြို့ဘက်တိမ်းရှောင်

0
192

တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့မှစစ်ဘေးရှောင် ၄၀၀ ခန့်စစ်ကိုင်းမြို့ဘက်တိမ်းရှောင်

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်ရှိ ကျေးရွာအချို့မှရွာသူ၊ရွာသား ၄၀၀ ဦးခန့်သည် စစ်တပ်နှင့်ဒေသခံလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေကြောင့် စစ်ကိုင်းမြို့ဘက်သို့ တိမ်းရှောင်ရောက်ရှိနေကြသည်ဟု ဒေသခံများထံမှသိရသည်။

မြင်းမူမြို့နယ်အတွင်းရှိ မဓုရ၊မကျီးကန်၊နဘဲကြူး၊ပဒတ္တိုင်းကျေးရွာတို့မှ ရွာသူ၊ရွာသား ၄၀၀ ဦးခန့်တို့ တိမ်းရှောင်ရောက်ရှိနေခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါ တိမ်းရှောင်လာသူများအား စစ်ကိုင်းမြို့ဘက်ရှိ ဘုန်းတော်ကြီးကျောင်းများ၊စာသင် ကျောင်းအချို့နှင့်မြေနေရာလွတ်များ၌ ယာယီနေရာချထားပေးလျက်ရှိသည်။

“စစ်ဘေးရှောင်တွေထဲကတစ်ချို့ကတော့ အမျိုးတွေအိမ်သွားနေကြတာရှိတယ် မရှိတဲ့လူတွေကြတော့လည်း အဆင်ပြေအောင်စီစဥ်ပေးနေရတယ် လိုအပ်တာတွေလည်းမေးပြီးတတ်နိုင်တာကိုဖြည့်ဆည်းပေးနေရတာပေါ့”ဟုတိမ်းရှောင်လာသူများအားကူညီပေးနေသူတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေအနေကြောင့် အဆို ပါကျေးရွာများမှ ရွာသူ၊ရွာသားများသည် ဖေဖော် ဝါရီ ၆ ရက်မှစ၍ နေ့စဥ်ရောက်ရှိလာခြင်းဖြစ် သည်ဟုသိရသည်။

“အခြေအနေတွေကဘယ်လိုဖြစ်လာမယ်ဆိုတာပြောလို့မရဘူးလေ ကလေးတွေလည်းရှိတော့ကြိုတင်ရှောင်ထားတာအကောင်းဆုံးပဲလို့စဥ်းစားပြီး ထွက်လာကြတာ”ဟုစစ်ဘေးရှောင်တစ်ဦးကပြောသည်။

Zaw Gyi

တိုက္ပြဲျဖစ္ပြားႏိုင္သည့္ အေျခအေနေၾကာင့္ ျမင္းမူၿမိဳ႕နယ္ရွိ ေက်း႐ြာအခ်ိဳ႕မွစစ္ေဘးေရွာင္ ၄၀၀ ခန္႔စစ္ကိုင္းၿမိဳ႕ဘက္တိမ္းေရွာင္

စစ္ကိုင္းတိုင္း၊ျမင္းမူၿမိဳ႕နယ္ရွိ ေက်း႐ြာအခ်ိဳ႕မွ႐ြာသူ၊႐ြာသား ၄၀၀ ဦးခန္႔သည္ စစ္တပ္ႏွင့္ေဒသခံလက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲျဖစ္လာႏိုင္သည့္ အေျခအေနေၾကာင့္ စစ္ကိုင္းၿမိဳ႕ဘက္သို႔ တိမ္းေရွာင္ေရာက္ရွိေနၾကသည္ဟု ေဒသခံမ်ားထံမွသိရသည္။

ျမင္းမူၿမိဳ႕နယ္အတြင္းရွိ မဓုရ၊မက်ီးကန္၊နဘဲၾကဴး၊ပဒတၱိဳင္းေက်း႐ြာတို႔မွ ႐ြာသူ၊႐ြာသား ၄၀၀ ဦးခန္႔တို႔ တိမ္းေရွာင္ေရာက္ရွိေနျခင္းျဖစ္သည္ဟုသိရသည္။

အဆိုပါ တိမ္းေရွာင္လာသူမ်ားအား စစ္ကိုင္းၿမိဳ႕ဘက္ရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊စာသင္ ေက်ာင္းအခ်ိဳ႕ႏွင့္ေျမေနရာလြတ္မ်ား၌ ယာယီေနရာခ်ထားေပးလ်က္ရွိသည္။

“စစ္ေဘးေရွာင္ေတြထဲကတစ္ခ်ိဳ႕ကေတာ့ အမ်ိဳးေတြအိမ္သြားေနၾကတာရွိတယ္ မရွိတဲ့လူေတြၾကေတာ့လည္း အဆင္ေျပေအာင္စီစဥ္ေပးေနရတယ္ လိုအပ္တာေတြလည္းေမးၿပီးတတ္ႏိုင္တာကိုျဖည့္ဆည္းေပးေနရတာေပါ့”ဟုတိမ္းေရွာင္လာသူမ်ားအားကူညီေပးေနသူတစ္ဦးကေျပာသည္။

တိုက္ပြဲျဖစ္ပြားႏိုင္သည့္အေျခအေနေၾကာင့္ အဆို ပါေက်း႐ြာမ်ားမွ ႐ြာသူ၊႐ြာသားမ်ားသည္ ေဖေဖာ္ ဝါရီ ၆ ရက္မွစ၍ ေန႔စဥ္ေရာက္ရွိလာျခင္းျဖစ္ သည္ဟုသိရသည္။

“အေျခအေနေတြကဘယ္လိုျဖစ္လာမယ္ဆိုတာေျပာလို႔မရဘူးေလ ကေလးေတြလည္းရွိေတာ့ႀကိဳတင္ေရွာင္ထားတာအေကာင္းဆုံးပဲလို႔စဥ္းစားၿပီး ထြက္လာၾကတာ”ဟုစစ္ေဘးေရွာင္တစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here