ရန်ကုန် တာမွေမြို့နယ်ရှိ Mytel Showroom ၌ဗုံးပေါက်ကွဲမှုဖြစ်

0
305

ရန်ကုန် တာမွေမြို့နယ်ရှိ Mytel Showroom ၌ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊တာမွေမြို့နယ်၊တာမွေမီးပွိုင့်အနီးရှိ Mytel Showroom ၌ ဖေဖော်ဝါရီ ၈ ရက်(ယနေ့)နံ နက် ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

“မနက်အစောပိုင်းမှာပေါက်ကွဲသံအကျယ်ကြီးတစ်ချက်ကြားရပြီး ဆူဆူညံညံအသံတွေလည်းကြားရလို့ထွက်စုံစမ်းကြည့်တော့မှ မိုင်တဲဆိုင်မှာဗုံးပေါက်တယ်လို့သိရတာ”ဟုအခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် Mytel Showroom ၏ မီး စက်အကြီးတစ်လုံးနှင့် CCTV ကင်မရာတို့ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း တာမွေမြို့နယ်နေသူများထံမှ သိရသည်။

“အဲဒီအချိန်က ကားတွေလူတွေသွားလာနေကြတာတော့ရှိတယ် ဘယ်သူမှတော့ထိခိုက်မိတယ်ဆိုတာမကြားရဘူး”ဟုအခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာနှင့်အနီးတဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ Mytel Showroom အား ပိတ်ထားသည်ဟု တာမွေမြို့ နယ်နေသူများထံမှ သိရသည်။

Zaw Gyi

ရန္ကုန္ တာေမြၿမိဳ႕နယ္ရွိ Mytel Showroom ၌ဗုံးေပါက္ကြဲမႈျဖစ္

ရန္ကုန္ၿမိဳ႕၊တာေမြၿမိဳ႕နယ္၊တာေမြမီးပြိဳင့္အနီးရွိ Mytel Showroom ၌ ေဖေဖာ္ဝါရီ ၈ ရက္(ယေန႔)နံ နက္ ၅ နာရီခြဲခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

“မနက္အေစာပိုင္းမွာေပါက္ကြဲသံအက်ယ္ႀကီးတစ္ခ်က္ၾကားရၿပီး ဆူဆူညံညံအသံေတြလည္းၾကားရလို႔ထြက္စုံစမ္းၾကည့္ေတာ့မွ မိုင္တဲဆိုင္မွာဗုံးေပါက္တယ္လို႔သိရတာ”ဟုအခင္းျဖစ္ေနရာအနီးေနသူတစ္ဦးကေျပာသည္။

ဗုံးေပါက္ကြဲမႈေၾကာင့္ Mytel Showroom ၏ မီး စက္အႀကီးတစ္လုံးႏွင့္ CCTV ကင္မရာတို႔ပ်က္စီးသြားခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈမရွိေၾကာင္း တာေမြၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

“အဲဒီအခ်ိန္က ကားေတြလူေတြသြားလာေနၾကတာေတာ့ရွိတယ္ ဘယ္သူမွေတာ့ထိခိုက္မိတယ္ဆိုတာမၾကားရဘူး”ဟုအခင္းျဖစ္ေနရာအနီးေနသူတစ္ဦးကေျပာသည္။

အခင္းျဖစ္ေနရာႏွင့္အနီးတဝိုက္အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးကာ Mytel Showroom အား ပိတ္ထားသည္ဟု တာေမြၿမိဳ႕ နယ္ေနသူမ်ားထံမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here