Quarantine Centre များသို့ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူရောက်ရှိမှုများလာ

0
130

Quarantine Centre များသို့ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူရောက်ရှိမှုများလာ

ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကုသပေးမှုများပြုလုပ်ပေးနေသည့် Quarantine Centre များသို့ ယခုရက်ပိုင်းအတွင်း ပိုးတွေ့ရှိသူရောက်ရှိမှုများလာလျက်ရှိသည်ဟု ကိုဗစ်(၁၉)ကုသရေးစင်တာရောက်နေသူများထံမှ သိရသည်။

“ကျွန်မရောက်နေတဲ့ ဒဂုံ(တောင်) ရိုးမကွာရန်တင်းစင်တာမှာဆိုရင် ကျွန်မမရောက်ခင်ရက်ထဲက ရောက်နေတဲ့လူတွေလည်းရှိသလို ကျွန်မတို့နဲ့အတူတစ်ရက်ထဲရောက်လာတဲ့လူတွေလည်းအများကြီးပဲရှိတယ် ထပ်ရောက်လာတုန်းပဲ”ဟုရိုးမကွာရန်တင်းစင်တာ၌ရောက်ရှိနေသူတစ်ဦးကပြောသည်။

လတ်တလော ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရသူများသည် ကျန်းမာရေးကောင်းမွန်ကာ သွားလာလှုပ်ရှားမှုများပြုလုပ်နိုင်ကြသည်ဟု သိရသည်။

“အောက်စီဂျင်လိုအပ်ချက်ကတော့မရှိလောက်သေးဘူး အရင်ကဆိုရင် ကျွန်တော်တို့ဆီကိုအောက်စီဂျင်လိုလို့ဖုန်းတွေခနခနဆက်နေကြတယ် အခုချိန်ထိတော့ဆက်မလာသေးဘူး ဒီတစ်ခါ ကိုဗစ်ကကျွန်တော်တို့သိရသလောက်အောက်စီဂျင်သိပ်မကျဘူးလို့သိထားရတယ်”ဟု ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောသည်။

ရိုးမကွာရန်တင်းစင်တာ၌ ထားရှိကုသပေးနေသည့် ကိုဗစ်(၁၉)အတည်ပြုလူမမာများတွင် အောက်စီဂျင်လိုအပ်ချက်ရှိနိုင်သေးမည်မဟုတ်ကြောင်း ရှင်သန်ရေးကူညီမှအသင်းမှသိရသည်။

Zaw Gyi

Quarantine Centre မ်ားသို႔ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူေရာက္ရွိမႈမ်ားလာ

ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူမ်ားအား သီးသန္႔ထားရွိကုသေပးမႈမ်ားျပဳလုပ္ေပးေနသည့္ Quarantine Centre မ်ားသို႔ ယခုရက္ပိုင္းအတြင္း ပိုးေတြ႕ရွိသူေရာက္ရွိမႈမ်ားလာလ်က္ရွိသည္ဟု ကိုဗစ္(၁၉)ကုသေရးစင္တာေရာက္ေနသူမ်ားထံမွ သိရသည္။

“ကြၽန္မေရာက္ေနတဲ့ ဒဂုံ(ေတာင္) ႐ိုးမကြာရန္တင္းစင္တာမွာဆိုရင္ ကြၽန္မမေရာက္ခင္ရက္ထဲက ေရာက္ေနတဲ့လူေတြလည္းရွိသလို ကြၽန္မတို႔နဲ႔အတူတစ္ရက္ထဲေရာက္လာတဲ့လူေတြလည္းအမ်ားႀကီးပဲရွိတယ္ ထပ္ေရာက္လာတုန္းပဲ”ဟု႐ိုးမကြာရန္တင္းစင္တာ၌ေရာက္ရွိေနသူတစ္ဦးကေျပာသည္။

လတ္တေလာ ကိုဗစ္(၁၉)ေရာဂါကူးစက္ခံထားရသူမ်ားသည္ က်န္းမာေရးေကာင္းမြန္ကာ သြားလာလႈပ္ရွားမႈမ်ားျပဳလုပ္ႏိုင္ၾကသည္ဟု သိရသည္။

“ေအာက္စီဂ်င္လိုအပ္ခ်က္ကေတာ့မရွိေလာက္ေသးဘူး အရင္ကဆိုရင္ ကြၽန္ေတာ္တို႔ဆီကိုေအာက္စီဂ်င္လိုလို႔ဖုန္းေတြခနခနဆက္ေနၾကတယ္ အခုခ်ိန္ထိေတာ့ဆက္မလာေသးဘူး ဒီတစ္ခါ ကိုဗစ္ကကြၽန္ေတာ္တို႔သိရသေလာက္ေအာက္စီဂ်င္သိပ္မက်ဘူးလို႔သိထားရတယ္”ဟု ရွင္သန္ေရးကူညီမႈအသင္း ဥကၠ႒ဦးထြန္းထြန္းဦးကေျပာသည္။

႐ိုးမကြာရန္တင္းစင္တာ၌ ထားရွိကုသေပးေနသည့္ ကိုဗစ္(၁၉)အတည္ျပဳလူမမာမ်ားတြင္ ေအာက္စီဂ်င္လိုအပ္ခ်က္ရွိႏိုင္ေသးမည္မဟုတ္ေၾကာင္း ရွင္သန္ေရးကူညီမွအသင္းမွသိရသည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here