စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ​ဖေ​ဖော်ဝါရီ( ၉) ရက်​နေ့ မနက်ပိုင်းတွင်ထိုင်းနိုင်ငံမှပြန်လည်ပင့်ဆောင်လာမည်

0
190

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ​ဖေ​ဖော်ဝါရီ( ၉) ရက်​နေ့ မနက်ပိုင်းတွင်ထိုင်းနိုင်ငံမှပြန်လည်ပင့်ဆောင်လာမည်

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ Bumrungrad ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရာမှ ဖေဖော်ဝါရီ ၇ ရက်ညနေ ၅ နာရီ ၅၀ မိနစ်ကပျံလွန်တော်မူသွားခဲ့သည့် စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား ဖေဖော်ဝါရီ ၉ ရက်နံနက် ၉ နာရီခန့်တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဥ်ဖြင့်ပြန်လည်ပင့်ဆောင်လာမည်ဟု သိရသည်။

“ဆရာတော်ကြီးရုပ်ကလာပ်တော်ကို မနက်ဖြန်မနက်မှပြန်ပင့်လာမှာပါ ၁၁ နာရီကျော်လောက်တော့ မုံရွာလေဆိပ်ကိုဆိုက်ရောက်မယ်လို့အ ကြမ်းဖျင်းသိထားရတယ် ထိုင်းနိုင်ငံကနေ မုံရွာအထိတိုက်ရိုက်ပြန်ပင့်လာမှာပါ”ဟုရန်ကုန်မြို့၊ဒဂုံမြောက်ပိုင်း သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်မှ ဆရာတော်ကမိန့်ကြားသည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအား ဖေဖော်ဝါရီ ၁၃ ရက်မွန်းတည့် ၁၂ နာ ရီ၌ မုံရွာမြို့၊နန္ဒဝန်ရပ်၊သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်၌ဆင်ယင်ကျင်းပသွားမည်ဖြစ် သည်။

“အခုဆေးရုံမှာပဲဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်က အခုပြင်ဆင်နေတာက မနက်ဖြန်ပြန်ပင့်ဖို့အတွက်ပြင်ဆင်နေကြတာပါ မနက်ဖြန် မနက်ကြမှဆရာတော်ကြီးရဲ့ရုပ်ကလာပ်တော်ကိုပြန်ပင့်လာမှာပါ ထိုင်းကနေတိုက်ရိုက်မုံရွာကိုပြန်ပင့်မှာပါ”ဟုမုံရွာမြို့၊နန္ဒဝန်ရပ်၊သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်တိုက်အုပ်ဆရာတော်မှမိန့်ကြသည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် ၅၄ နှစ်၊ဝါတော် ၃၅ ဝါရှိပြီဖြစ်သည်။လက်ရှိအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဆေးရုံ၌ထားရှိသည်ဟုသိရသည်။

Zaw Gyi

စစ္ကိုင္းတိပိဋကဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ​ေဖ​ေဖာ္ဝါရီ( ၉) ရက္​ေန႔ မနက္ပိုင္းတြင္ထိုင္းႏိုင္ငံမွျပန္လည္ပင့္ေဆာင္လာမည္

ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕၊ Bumrungrad ေဆး႐ုံႀကီး၌ ေဆးကုသမႈခံယူေနရာမွ ေဖေဖာ္ဝါရီ ၇ ရက္ညေန ၅ နာရီ ၅၀ မိနစ္ကပ်ံလြန္ေတာ္မူသြားခဲ့သည့္ စစ္ကိုင္းတိပိဋကဆရာေတာ္ႀကီး၏ ႐ုပ္က လာပ္ေတာ္အား ေဖေဖာ္ဝါရီ ၉ ရက္နံနက္ ၉ နာရီခန္႔တြင္ ျမန္မာႏိုင္ငံသို႔ ေလေၾကာင္းခရီးစဥ္ျဖင့္ျပန္လည္ပင့္ေဆာင္လာမည္ဟု သိရသည္။

“ဆရာေတာ္ႀကီး႐ုပ္ကလာပ္ေတာ္ကို မနက္ျဖန္မနက္မွျပန္ပင့္လာမွာပါ ၁၁ နာရီေက်ာ္ေလာက္ေတာ့ မုံ႐ြာေလဆိပ္ကိုဆိုက္ေရာက္မယ္လို႔အ ၾကမ္းဖ်င္းသိထားရတယ္ ထိုင္းႏိုင္ငံကေန မုံ႐ြာအထိတိုက္႐ိုက္ျပန္ပင့္လာမွာပါ”ဟုရန္ကုန္ၿမိဳ႕၊ဒဂုံေျမာက္ပိုင္း သဒၶမၼမာနိတာ႐ုံေက်ာင္းတိုက္မွ ဆရာေတာ္ကမိန္႔ၾကားသည္။

စစ္ကိုင္းတိပိဋကဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနအား ေဖေဖာ္ဝါရီ ၁၃ ရက္မြန္းတည့္ ၁၂ နာ ရီ၌ မုံ႐ြာၿမိဳ႕၊နႏၵဝန္ရပ္၊သဒၶမၼေဇာတကသုေဗာဓာ႐ုံေက်ာင္းတိုက္၌ဆင္ယင္က်င္းပသြားမည္ျဖစ္ သည္။

“အခုေဆး႐ုံမွာပဲဆရာေတာ္ႀကီးရဲ႕ ႐ုပ္ကလာပ္ေတာ္က အခုျပင္ဆင္ေနတာက မနက္ျဖန္ျပန္ပင့္ဖို႔အတြက္ျပင္ဆင္ေနၾကတာပါ မနက္ျဖန္ မနက္ၾကမွဆရာေတာ္ႀကီးရဲ႕႐ုပ္ကလာပ္ေတာ္ကိုျပန္ပင့္လာမွာပါ ထိုင္းကေနတိုက္႐ိုက္မုံ႐ြာကိုျပန္ပင့္မွာပါ”ဟုမုံ႐ြာၿမိဳ႕၊နႏၵဝန္ရပ္၊သဒၶမၼေဇာတကသုေဗာဓာ႐ုံေက်ာင္းတိုက္တိုက္အုပ္ဆရာေတာ္မွမိန္႔ၾကသည္။

စစ္ကိုင္းတိပိဋကဆရာေတာ္ႀကီးသည္ ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ ၅၄ ႏွစ္၊ဝါေတာ္ ၃၅ ဝါရွိၿပီျဖစ္သည္။လက္ရွိအခ်ိန္တြင္ ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ေဆး႐ုံ၌ထားရွိသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here