ပုသိမ်အဝင်မှာ RDT test kit ဖြင့် နှာခေါင်းတို့ဖက် ရယူ စစ်ဆေးနေ

0
214

ပုသိမ်အဝင်မှာ RDT test kit ဖြင့် နှာခေါင်းတို့ဖက် ရယူ စစ်ဆေးနေ

ပုသိမ်၊ ဖေဖော်ဝါရီ ၉

ရန်ကုန် ပုသိမ်ကားလမ်းမပေါ်ရှိ ပုသိမ်မြို့အဝင် ကိုးဆူဂိတ်တွင် ကိုဗစ်(၁၉)စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ပုသိမ်မြို့သို့ ဖြတ်သန်းမည့်သူအားလုံးကို RDT test kit ဖြင့် နှာခေါင်းတို့ဖက် ရယူ စစ်ဆေးလျက် ရှိနေသည်ဟုသိရသည်။

အခမဲ့စစ်ဆေးပေးခြင်းဖြစ်ပြီး အိမ်စီးကားသာမက ခရီးသည်တင်ကားများကိုလည်း လူတစ်ဦးချင်းစီ ကို စစ်ဆေးပြီး ရောဂါမရှိကြောင်းအဖြေထွက်မှ ဖြတ်သန်းခွင့်ပြုလျက်ရှိနေသည်။

ချောင်းသာ၊ငွေဆောင်သို့ သွားရောက်မည့်သူများ ဖြတ်သန်းရသည့်ပုသိမ် မြို့တွင်ယခုလို နှာခေါင်းတို့ဖက် ရယူ စစ်ဆေး နေခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းမှစတင်ကာ စစ်ဆေး မှုများစတင်နေခြင်းဖြစ်ပြီး ရောဂါကူးစက်မှု ပိုမိုများပြားလာခြင်းမရှိစေရန်အတွက် တိုင်းကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်ဆေးရာတွင် ရောဂါရှိကြောင်း အဖြေထွက်ပါက သက်ဆိုင်ရာကွာရာတင်း စခန်းများသို့ပို့ဆောင်ပြီး စောင့်ကြည့် ကုသမှုများဆောင်ရွက်သွားမည်ဖြစ်သည်။

Zaw Gyi


ပုသိမ်၊ ဖေဖော်ဝါရီ ၉







LEAVE A REPLY

Please enter your comment!
Please enter your name here