မင်္ဂလာဒုံမြိုနယ်၊သင်္ဃန်းကျွန်းကြီးကျေး ရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

0
170

မင်္ဂလာဒုံမြိုနယ်၊သင်္ဃန်းကျွန်းကြီးကျေး ရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊သင်္ဃန်းကျွန်းကြီးကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနေလင်းသည် ဖေဖော်ဝါရီ ၉ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ကျေးရွာနေသူများထံမှသိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနေလင်းနှင့်အမျိုး သားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရပ်ကျေးရုံးသို့သွားစဥ် အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်နောက်မှလိုက်၍ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ရေကန်ဘောင်လမ်းမှာပစ်ခံရတာ သူ့တပည့်ကဆိုင်ကယ်မောင်းတယ် သူကနောက်ကထိုင်လိုက်လာတာ သူ့တပည့်လည်းပစ်ခံရတယ် ဒဏ်ရာရသွားတယ် အုပ်ချုပ်ရေးမှူးကတော့သေသွားတယ်”ဟုကျေးရွာနေသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးနေလင်းသည် အခင်းဖြစ်နေရာ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူအမျိုးသားမှာ ကျည်ထိမှန်ဒဏ်ရာရရှိ၍ ဆေးရုံသို့တင်ပို့ခဲ့ရသည်ဟု သိရသည်။

ဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေး၍ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများနှင့်လမ်းမများပေါ်၌ စစ်ဆေးမှုများအားပြုလုပ်ခဲ့ကြသည်။

Zaw Gyi

မဂၤလာဒုံၿမိဳနယ္၊သဃၤန္းကြၽန္းႀကီးေက်း ႐ြာမွ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္ၿမိဳ႕၊မဂၤလာဒုံၿမိဳ႕နယ္၊သဃၤန္းကြၽန္းႀကီးေက်း႐ြာ၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးေနလင္းသည္ ေဖေဖာ္ဝါရီ ၉ ရက္(ယေန႔)နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသည္ဟု ေက်း႐ြာေနသူမ်ားထံမွသိရသည္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးေနလင္းႏွင့္အမ်ိဳး သားတစ္ဦးသည္ ဆိုင္ကယ္ျဖင့္ ရပ္ေက်း႐ုံးသို႔သြားစဥ္ အမည္မသိအမ်ိဳးသားႏွစ္ဦးက ဆိုင္ကယ္ျဖင့္ေနာက္မွလိုက္၍ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“ေရကန္ေဘာင္လမ္းမွာပစ္ခံရတာ သူ႔တပည့္ကဆိုင္ကယ္ေမာင္းတယ္ သူကေနာက္ကထိုင္လိုက္လာတာ သူ႔တပည့္လည္းပစ္ခံရတယ္ ဒဏ္ရာရသြားတယ္ အုပ္ခ်ဳပ္ေရးမႉးကေတာ့ေသသြားတယ္”ဟုေက်း႐ြာေနသူတစ္ဦးကေျပာသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ရပ္ေက်းအုပ္ ခ်ဳပ္ေရးမႉးဦးေနလင္းသည္ အခင္းျဖစ္ေနရာ၌ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ၿပီး ဆိုင္ကယ္ေမာင္းႏွင္သူအမ်ိဳးသားမွာ က်ည္ထိမွန္ဒဏ္ရာရရွိ၍ ေဆး႐ုံသို႔တင္ပို႔ခဲ့ရသည္ဟု သိရသည္။

ျဖစ္စဥ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကစစ္ေဆး၍ အနီးပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ားအတြင္းသို႔ ဝင္ေရာက္စစ္ေဆးမႈမ်ားႏွင့္လမ္းမမ်ားေပၚ၌ စစ္ေဆးမႈမ်ားအားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here