၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေး ၅၀၅(ဂ)နဲ့ စွဲချက်တင်ခံထားရ

0
102

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေး ၅၀၅(ဂ)နဲ့ စွဲချက်တင်ခံထားရ

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁နှစ်ကျော်အကြာ ဖေဖော်ဝါရီ ၈ရက်နေ့မှာပဲ အင်းစိန်ထောင်အထူးတရားရုံးက ၅၀၅(ဂ)နဲ့ စွဲချက်တင် အမိန့်ချလိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရံပြီး ၂လကျော်အကြာမှာပဲ ပုဒ်မ၅၀၅(ဂ)နဲ့ အမှုဖွင့်လိုက်တာမှာ အမှုကို ၁၀ကျော်စစ်ဆေးပြီး အခုမှ စွဲချက်တင်လိုက်တာပါ။

၁နှစ်ကျော်ကြာအောင်ထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ ဦးမြအေးဟာ လက်ရှိမှာ ခြေထောက်ရောင်နေတဲ့ ဝေဒနာကို ခံစားနေရတယ်။

ပြီးခဲ့တဲ့ ၁၀လပိုင်းလောက်ကတော့ ကျန်းမာရေးအခြေအနေကြောင့် ပြင်ပဆေးရုံတက်ကုသခဲ့ရတဲ့ အနေအထားရှိခဲ့ပါတယ်။

အခုကျန်းမာရေးအခြေအနေကတော့ ဆိုးဆိုးရွားရွားမရှိဘဲ သက်တောင့်သက်တာ အနေအထားရှိတာ မြင်တွေ့ခဲ့ရတယ်လို့ ရှေ့နေအချို့ကပြောပြပါတယ်။

အခုဦးမြအေး ကို စွဲချက်တင်အမိန့်ချလိုက်တဲ့ ပုဒ်မ၅၀၅(ဂ)အမှုက ၂၀၁၄ ခုနှစ် တုန်းက ဦးမြအေး ပေးပို့ခဲ့တဲ့ အီးမေးလ် တစ်စောင်နဲ့ ပတ်သက်တဲ့အမှုဖြစ်ပြီး ဒီအီးမေးလ်ဟာ ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရာရောက်တယ်ဆိုတဲ့ မှတ်ချက်နဲ့ စွဲချက်တင်လိုက်တာပါ။

အမှုကို ဒုရဲမှူးတစ်ဦးက တရားလိုလုပ် အမှုဖွင့်ခဲ့တာဖြစ်ပြီး ဦးမြအေး ပေးပို့ခဲ့တဲ့ အီးမေးလ်အကြောင်းကိုတော့ မသိရှိရပါဘူး။

Zaw Gyi

၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးျမေအး ၅၀၅(ဂ)နဲ႔ စြဲခ်က္တင္ခံထားရ

၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ေန႔ကတည္းက ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးျမေအးဟာ ဖမ္းဆီးထိန္းသိမ္းခံရၿပီး ၁ႏွစ္ေက်ာ္အၾကာ ေဖေဖာ္ဝါရီ ၈ရက္ေန႔မွာပဲ အင္းစိန္ေထာင္အထူးတရား႐ုံးက ၅၀၅(ဂ)နဲ႔ စြဲခ်က္တင္ အမိန႔္ခ်လိုက္တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကေျပာပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံရံၿပီး ၂လေက်ာ္အၾကာမွာပဲ ပုဒ္မ၅၀၅(ဂ)နဲ႔ အမႈဖြင့္လိုက္တာမွာ အမႈကို ၁၀ေက်ာ္စစ္ေဆးၿပီး အခုမွ စြဲခ်က္တင္လိုက္တာပါ။

၁ႏွစ္ေက်ာ္ၾကာေအာင္ထိန္းသိမ္းခံေနရဆဲျဖစ္တဲ့ ဦးျမေအးဟာ လက္ရွိမွာ ေျခေထာက္ေရာင္ေနတဲ့ ေဝဒနာကို ခံစားေနရတယ္။

ၿပီးခဲ့တဲ့ ၁၀လပိုင္းေလာက္ကေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ ျပင္ပေဆး႐ုံတက္ကုသခဲ့ရတဲ့ အေနအထားရွိခဲ့ပါတယ္။

အခုက်န္းမာေရးအေျခအေနကေတာ့ ဆိုးဆိုး႐ြား႐ြားမရွိဘဲ သက္ေတာင့္သက္တာ အေနအထားရွိတာ ျမင္ေတြ႕ခဲ့ရတယ္လို႔ ေရွ႕ေနအခ်ိဳ႕ကေျပာျပပါတယ္။

အခုဦးျမေအး ကို စြဲခ်က္တင္အမိန႔္ခ်လိုက္တဲ့ ပုဒ္မ၅၀၅(ဂ)အမႈက ၂၀၁၄ ခုႏွစ္ တုန္းက ဦးျမေအး ေပးပို႔ခဲ့တဲ့ အီးေမးလ္ တစ္ေစာင္နဲ႔ ပတ္သက္တဲ့အမႈျဖစ္ၿပီး ဒီအီးေမးလ္ဟာ ျပစ္မႈက်ဴးလြန္ေအာင္ လႈံ႕ေဆာ္ရာေရာက္တယ္ဆိုတဲ့ မွတ္ခ်က္နဲ႔ စြဲခ်က္တင္လိုက္တာပါ။

အမႈကို ဒုရဲမႉးတစ္ဦးက တရားလိုလုပ္ အမႈဖြင့္ခဲ့တာျဖစ္ၿပီး ဦးျမေအး ေပးပို႔ခဲ့တဲ့ အီးေမးလ္အေၾကာင္းကိုေတာ့ မသိရွိရပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here