ဂျပန်က မြန်မာကို အမေရိကန်ဒေါ်လာ ၁၈သန်းခွဲ စာနာမှုအကူအညီအဖြစ် ထောက်ပံ့မည်ဟုကြေညာ

0
121

ဂျပန်က မြန်မာကို အမေရိကန်ဒေါ်လာ ၁၈သန်းခွဲ စာနာမှုအကူအညီအဖြစ် ထောက်ပံ့မည်ဟုကြေညာ

မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက လူသားခြင်းစာနာမှုအထောက်အကူအဖြစ် အမေရိကန်ဒေါ်လာ ၁၈ သန်းခွဲ ထောက်ပံ့ပေးအပ်သွားမယ်လို့ ဂျပန်အစိုးရကိုယ်စား ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးက မနေ့က ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း စီးပွားရေးကျဆင်းမှုနဲ့ အထွေထွေ အကြပ်အတည်းတွေကြောင့် မြန်မာပြည်သူတွေဟာ နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေကြုံတွေနေရတာကြောင့် ဂျပန်အစိုးရက ကူညီတာလို့
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa က သတင်းစာရှင်းလင်းပွဲမှာတစ်ခုမှာ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဂျပန်နိုင်ငံက အကူအညီတွေ ဆက်လက်ပေးသွားမှာဖြစ်တယ်လို့ပါ ထည့်သွင်းပြောဆိုသွားတာရှိပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းက မြန်မာနိုင်ငံကို ဂျပန်နီပွန်ဖောင်ဒေးရှင်းက မစ္စတာဆာဆာကာဝါက ကိုဗစ်ဆေးတွေ ပေးပို့ လှူဒါန်းထားတာရှိပါတယ်။

ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေးနဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါတို့ လာရောက်ခဲ့တာရှိခဲ့ပြီး မြန်မာကို အကူအညီတွေ များစွာပေးအပ်မယ်လို့ သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်တွေမှာ ပြောကြားခဲ့တာတွေရှိပါတယ်။

Zaw Gyi

ဂ်ပန္က ျမန္မာကို အေမရိကန္ေဒၚလာ ၁၈သန္းခြဲ စာနာမႈအကူအညီအျဖစ္ ေထာက္ပံ့မည္ဟုေၾကညာ

ျမန္မာျပည္သူေတြအတြက္ ဂ်ပန္ႏိုင္ငံက လူသားျခင္းစာနာမႈအေထာက္အကူအျဖစ္ အေမရိကန္ေဒၚလာ ၁၈ သန္းခြဲ ေထာက္ပံ့ေပးအပ္သြားမယ္လို႔ ဂ်ပန္အစိုးရကိုယ္စား ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဝန္ႀကီးက မေန႔က ေျပာဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁ရက္ေန႔ေနာက္ပိုင္း စီးပြားေရးက်ဆင္းမႈနဲ႔ အေထြေထြ အၾကပ္အတည္းေတြေၾကာင့္ ျမန္မာျပည္သူေတြဟာ ေန႔စဥ္စားဝတ္ေနေရး အခက္အခဲေတြႀကဳံေတြေနရတာေၾကာင့္ ဂ်ပန္အစိုးရက ကူညီတာလို႔
ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Hayashi Yoshimasa က သတင္းစာရွင္းလင္းပြဲမွာတစ္ခုမွာ ေျပာဆိုခဲ့တာပါ။

ဒါ့အျပင္ ဂ်ပန္ႏိုင္ငံက အကူအညီေတြ ဆက္လက္ေပးသြားမွာျဖစ္တယ္လို႔ပါ ထည့္သြင္းေျပာဆိုသြားတာရွိပါတယ္။

ၿပီးခဲ့တဲ့ လေတြတုန္းက ျမန္မာႏိုင္ငံကို ဂ်ပန္နီပြန္ေဖာင္ေဒးရွင္းက မစၥတာဆာဆာကာဝါက ကိုဗစ္ေဆးေတြ ေပးပို႔ လႉဒါန္းထားတာရွိပါတယ္။

ေဖေဖာ္ဝါရီ ၁ရက္ေနာက္ပိုင္း ျမန္မာႏိုင္ငံကို ဂ်ပန္ႏိုင္ငံက ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္းဥကၠဌ မစၥတာဝါတာနာေဘးနဲ႔ နီပြန္ေဖာင္ေဒးရွင္းဥကၠဌ မစၥတာဆာဆာကာဝါတို႔ လာေရာက္ခဲ့တာရွိခဲ့ၿပီး ျမန္မာကို အကူအညီေတြ မ်ားစြာေပးအပ္မယ္လို႔ သူတို႔ရဲ႕ ျမန္မာျပည္ခရီးစဥ္ေတြမွာ ေျပာၾကားခဲ့တာေတြရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here