သက်တော်စောင့်ချယ်ရီထက်ဖုန်းအား ကျွမ်းကျင်သူခေါ်ပြီး စစ်ပေးရန် ရှေ့နေများ၏တောင်းဆိုချက် ရုံးတော်ကလက်မခံ

0
454

သက်တော်စောင့်ချယ်ရီထက်ဖုန်းအား ကျွမ်းကျင်သူခေါ်ပြီး စစ်ပေးရန် ရှေ့နေများ၏တောင်းဆိုချက် ရုံးတော်ကလက်မခံ

ပုဒ်မ ၅၀၅ (က) နဲ့ အမှုရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်ချယ်ရီထက်အမှုကို ဒီကနေ့မှာ ဆက်လက်စစ်ဆေးခဲ့ပြီး ယခင်အပါတ်က ရှေ့နေများတင်ပြချက်ကို ရုံးတော်က လက်မခံပယ်ချလိုက်တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပါတ်က တရားလိုပြသက်သေတွေဘက်က ချယ်ရီထက်ရဲ့ ဖုန်းကို ကျွမ်းကျင်သူခေါ်ပြီး စစ်ဆေးပေးဖို့ တင်ပြခဲ့တာရှိပါတယ်။

တင်ပြခဲ့တာက ချယ်ရီထက်အပေါ် ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခဲ့တာမှာ ဖုန်းထဲက အချက်အလက်အချို့တွေကြောင့်လည်းပါနေပါတယ်။ဘယ်လိုအချက်အလက်တွေလည်းဆိုတာကို တရားလိုပြသက်သေတွေဘက်က ပြည့်ပြည့်စုံစုံတင်ပြနိုင်တာထက် အချက်အလက်အချို့ကိုသာ တင်ပြခဲ့ကြတာမို့ ချယ်ရီထက်ရဲ့ ရှေ့နေတွေက ဖုန်းထဲက အချက်အလက်တွေကို ကျွမ်းကျင်သူနဲ့ စစ်ပေးဖို့ ရုံးတော်က တင်ပြခဲ့တာပါ။

ရုံးတော်ဘက်ကတော့ တင်ပြချက်ကို လက်မခံဘဲ လာမယ့် ဖေဖော်ဝါရီ ၁၇ရက်မှာ အမှုကို ဆက်စစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သက်တော်စောင့်ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ လတွေကမှ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင် ၃နှစ်ချခံထားရပြီး နောက်ထပ် ၅၀၅(က) အမှုကိုပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Zaw Gyi

သက္ေတာ္ေစာင့္ခ်ယ္ရီထက္ဖုန္းအား ကြၽမ္းက်င္သူေခၚၿပီး စစ္ေပးရန္ ေရွ႕ေနမ်ား၏ေတာင္းဆိုခ်က္ ႐ုံးေတာ္ကလက္မခံ

ပုဒ္မ ၅၀၅ (က) နဲ႔ အမႈရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္ခ်ယ္ရီထက္အမႈကို ဒီကေန႔မွာ ဆက္လက္စစ္ေဆးခဲ့ၿပီး ယခင္အပါတ္က ေရွ႕ေနမ်ားတင္ျပခ်က္ကို ႐ုံးေတာ္က လက္မခံပယ္ခ်လိုက္တယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။

ၿပီးခဲ့တဲ့ တစ္ပါတ္က တရားလိုျပသက္ေသေတြဘက္က ခ်ယ္ရီထက္ရဲ႕ ဖုန္းကို ကြၽမ္းက်င္သူေခၚၿပီး စစ္ေဆးေပးဖို႔ တင္ျပခဲ့တာရွိပါတယ္။

တင္ျပခဲ့တာက ခ်ယ္ရီထက္အေပၚ ပုဒ္မ ၅၀၅ (က)နဲ႔ အမႈဖြင့္ခဲ့တာမွာ ဖုန္းထဲက အခ်က္အလက္အခ်ိဳ႕ေတြေၾကာင့္လည္းပါေနပါတယ္။ဘယ္လိုအခ်က္အလက္ေတြလည္းဆိုတာကို တရားလိုျပသက္ေသေတြဘက္က ျပည့္ျပည့္စုံစုံတင္ျပႏိုင္တာထက္ အခ်က္အလက္အခ်ိဳ႕ကိုသာ တင္ျပခဲ့ၾကတာမို႔ ခ်ယ္ရီထက္ရဲ႕ ေရွ႕ေနေတြက ဖုန္းထဲက အခ်က္အလက္ေတြကို ကြၽမ္းက်င္သူနဲ႔ စစ္ေပးဖို႔ ႐ုံးေတာ္က တင္ျပခဲ့တာပါ။

႐ုံးေတာ္ဘက္ကေတာ့ တင္ျပခ်က္ကို လက္မခံဘဲ လာမယ့္ ေဖေဖာ္ဝါရီ ၁၇ရက္မွာ အမႈကို ဆက္စစ္မယ္လို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

သက္ေတာ္ေစာင့္ခ်ယ္ရီထက္ဟာ ၿပီးခဲ့တဲ့ လေတြကမွ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒနဲ႔ ေထာင္ ၃ႏွစ္ခ်ခံထားရၿပီး ေနာက္ထပ္ ၅၀၅(က) အမႈကိုပါ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here