မန္တလေးကရပ်ကွက် အချို့မှာ နေ့စဉ်ရက်ဆက် ပိုက်စိတ်တိုက် ရှာဖွေမှုများ ရှိနေဟုဆို

0
97

မန္တလေးကရပ်ကွက် အချို့မှာ နေ့စဉ်ရက်ဆက် ပိုက်စိတ်တိုက် ရှာဖွေမှုများ ရှိနေဟုဆို

မန္တလေးမြို့က ရပ်ကွက်အချို့တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ ရှာဖွေမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့(ဖေဖော်ဝါရီ ၉ ရက်)ကဆို သံလျှက်မှော်အနောက်ရပ်ကွက်ထဲကို တစ်အိမ်တက်ဆင်း ရှာတာတွေ၊စစ်တာတွေ လုပ်တယ်လို့ သိရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနက်၆နာရီဝန်းကျင်လောက်ကစပြီး ညနေပိုင်းအထိ လမ်းအချို့ကို ပိတ်ကာ အဝင်အထွက်မလုပ်စေဘဲ ရှာဖွေနေတာရှိတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်းပြောပါတယ်။

“မနက်၆နာရီလောက်ကတည်း ၄၁လမ်းကနေ ကန်တော်ကြီးပတ်လမ်းအထိ လုံခြုံရေးအဖွဲ့တွေချထား
ပြီး ရပ်ကွက်ထဲက အိမ်တိုင်းကို လိုက်စစ်နေကြတာပါ။ဘာသတင်းရလို့လဲတော့ မသိဘူး”လို့ သံလျှက်မှော် အနောက်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပြီး သံလျှက်မှော်အနောက်ရပ်ကွက်နေ နောက်ထပ်ပြည်သူတစ်ဦးကလည်း “ကျွန်မတို့ရပ်ကွက်ထဲမှာ မနက်ကတည်းက စစ်ဆေးရေးတွေလုပ်နေတာ။အိမ်ထောင်စုဇယားစစ် တယ်။အိမ်က အခန်းတွေစစ်တယ်။ ဘီရိုတွေ သေတ္တာတွေ ဖွင့်ပြရတယ်။ပြီးတော့ ပြန်သွားတယ်။တခြားအိမ်တွေကိုလည်း စစ်တယ်။လူအချို့ကို ဖမ်းသွားတယ်လို့ကြားမိတယ်။ရပ်ကွက်ထဲက အကွက်၁၈ခုလုံးကို စစ်တယ်လို့လည်း သိရတယ်”လို့ ပြောပြပါတယ်။

စစ်ဆေးမှုတွေ လုပ်တဲ့အခါ ရပ်ကွက်ထဲကလူလည်း ရပ်ကွက်အပြင်ကို မထွက်ရသလို၊ရပ်ကွက်အပြင်ကလူကလည်း ရပ်ကွက်ထဲလာလို့မရတဲ့အထိ စစ်တယ်လို့ သိရပါတယ်။

ဒီကနေ့မှာလည်း အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်တွေမှာ အထက်ပါ စစ်ဆေးမှုတွေ လုပ်သလိုမျိုးလုပ်နေတယ်လို့ သိရပါတယ်။

မနေ့က စစ်ဆေးမှုမှာ မန္တလေးသပိတ်က လူငယ် ၂ ဦးနဲ့ အလွတ်သတင်းထောက် ၂ ဦးဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာရှိပါတယ်။

Zaw Gyi

မႏၲေလးကရပ္ကြက္ အခ်ိဳ႕မွာ ေန႔စဥ္ရက္ဆက္ ပိုက္စိတ္တိုက္ ရွာေဖြမႈမ်ား ရွိေနဟုဆို

မႏၲေလးၿမိဳ႕က ရပ္ကြက္အခ်ိဳ႕ေတြမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ပိတ္ဆို႔ ရွာေဖြမႈေတြ ဆက္တိုက္လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မေန႔(ေဖေဖာ္ဝါရီ ၉ ရက္)ကဆို သံလွ်က္ေမွာ္အေနာက္ရပ္ကြက္ထဲကို တစ္အိမ္တက္ဆင္း ရွာတာေတြ၊စစ္တာေတြ လုပ္တယ္လို႔ သိရတယ္လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

မနက္၆နာရီဝန္းက်င္ေလာက္ကစၿပီး ညေနပိုင္းအထိ လမ္းအခ်ိဳ႕ကို ပိတ္ကာ အဝင္အထြက္မလုပ္ေစဘဲ ရွာေဖြေနတာရွိတယ္လို႔ ေနာက္ထပ္ ေဒသခံတစ္ဦးကလည္းေျပာပါတယ္။

“မနက္၆နာရီေလာက္ကတည္း ၄၁လမ္းကေန ကန္ေတာ္ႀကီးပတ္လမ္းအထိ လုံၿခဳံေရးအဖြဲ႕ေတြခ်ထား
ၿပီး ရပ္ကြက္ထဲက အိမ္တိုင္းကို လိုက္စစ္ေနၾကတာပါ။ဘာသတင္းရလို႔လဲေတာ့ မသိဘူး”လို႔ သံလွ်က္ေမွာ္ အေနာက္ရပ္ကြက္ေနျပည္သူတစ္ဦးက ေျပာၿပီး သံလွ်က္ေမွာ္အေနာက္ရပ္ကြက္ေန ေနာက္ထပ္ျပည္သူတစ္ဦးကလည္း “ကြၽန္မတို႔ရပ္ကြက္ထဲမွာ မနက္ကတည္းက စစ္ေဆးေရးေတြလုပ္ေနတာ။အိမ္ေထာင္စုဇယားစစ္ တယ္။အိမ္က အခန္းေတြစစ္တယ္။ ဘီ႐ိုေတြ ေသတၱာေတြ ဖြင့္ျပရတယ္။ၿပီးေတာ့ ျပန္သြားတယ္။တျခားအိမ္ေတြကိုလည္း စစ္တယ္။လူအခ်ိဳ႕ကို ဖမ္းသြားတယ္လို႔ၾကားမိတယ္။ရပ္ကြက္ထဲက အကြက္၁၈ခုလုံးကို စစ္တယ္လို႔လည္း သိရတယ္”လို႔ ေျပာျပပါတယ္။

စစ္ေဆးမႈေတြ လုပ္တဲ့အခါ ရပ္ကြက္ထဲကလူလည္း ရပ္ကြက္အျပင္ကို မထြက္ရသလို၊ရပ္ကြက္အျပင္ကလူကလည္း ရပ္ကြက္ထဲလာလို႔မရတဲ့အထိ စစ္တယ္လို႔ သိရပါတယ္။

ဒီကေန႔မွာလည္း ေအာင္ေျမသာစံၿမိဳ႕နယ္ ေညာင္ကြဲရပ္ကြက္ေတြမွာ အထက္ပါ စစ္ေဆးမႈေတြ လုပ္သလိုမ်ိဳးလုပ္ေနတယ္လို႔ သိရပါတယ္။

မေန႔က စစ္ေဆးမႈမွာ မႏၲေလးသပိတ္က လူငယ္ ၂ ဦးနဲ႔ အလြတ္သတင္းေထာက္ ၂ ဦးဖမ္းဆီးခံခဲ့ရတယ္ဆိုတဲ့ သတင္းေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here